Tanintharyi Radio/ တစ်ပတ်တာ သင့်ကံကြမ္မာ
diz_admin
February 13, 2020ဖေဖော်ဝါရီလ ၁၀ ၊၂၀၁၉ မှ ဖေဖော်ဝါရီလ ၁၆၊၂၀၁၉ အထိ တနင်္သာရီ ရေဒီယို
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါဖေဖော်ဝါရီလ ၁၀ ၊၂၀၁၉ မှ ဖေဖော်ဝါရီလ ၁၆၊၂၀၁၉ အထိ တနင်္သာရီ ရေဒီယို
ထားဝယ်မြို့ ရှင်မုတ္ထီးကျေးရွာတွင် တပို့တွဲလပြည့်ညက ဘုရားမီးပူဇော်ပွဲကို ကျင်းပပူဇော်ခဲ့ပါသည်။ Dawei Watch TV
တစ်ချိန်က ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီပြိုင်ပွဲကို ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂရုံးခန်းမှာ ဖေဖော်ဝါရီလ ၁၁ ရက်က ကျင်းပခဲ့ပါတယ်။ သတင်းနှင့်ရိုက်ကူး – ကျော်သူစိုး Dawei Watch TV
၁၄နှစ်တိုင်အောင် ကျင်းပလာတဲ့ တပို့တွဲလပြည့်ည မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၈ရက်နေ့က ထားဝယ်မြို့ ရှင်မုတ္ထီးကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ Dawei Watch TV
ပိုးမွှားရောဂါ မဝင်၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး သုံးစရာ မလိုတဲ့ Green House စနစ်ဖြင့် စိုက်ပျိုးတာတွေ တနင်္သာရီတိုင်းက အချို့မြို့နယ်တွေမှာ စတင်နေပါပြီ။ Dawei Watch TV
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှုမှာ ပြန်ခေါ်သက်သေတွေ စစစ်နေပါပြီ။ စွဲချက်တင်ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၃ ရက်နေ့ရုံးချိန်းမှာတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဦးသန်းဇော်ဝင်းကို စတင်စစ်ဆေးခဲ့ တာပါ။ အဲဒါပြီးရင်တော့ ဝန်ကြီးဟောင်းတွေကို ပြန်စစ်ဖို့ ရှိပါတယ်။ Dawei Watch TV သတင်းနှင့်ရိုက်ကူး – ကိုဇော်
မြိတ်က ဝါလတ်ခေါ်ကမ်းဝေရေလုပ်သားတွေဟာ ပင်လယ်မှာရော ကမ်းမှာပါ နားရက်ဆိုတာ မရရှိကြပါဘူး။အခုသစ်ရေးဆွဲနေတဲ့ မြန်မာပင်လယ်ပြင်ငါးလုပ်ငန်းဥပဒေမှာလည်း သူတို့အတွက် နားရက်ရမယ့် ပုဒ်မတွေကို မတွေ့ရပါဘူး။ Dawei Watch TV သတင်းနှင့်ရိုက်ကူး မင်းခန့်
မြန်မာနိုင်ငံမှာ သန်းစွမ်းအရေးတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့တွေထဲ့ တစ်ခုဖြစ်တဲ့ ရွှေမင်းသာဖောင်ဒေးရှင်းဟာ ဒီ ၂၀၂၀ ပြည်နှစ်ထဲ ထားဝယ်နဲ့ကော့သောင်းြဲမို့နယ်တို့မှာ ရုံးခွဲနှစ်ခု ဖွင့်လှစ်သွားဖို့ရှိတယ်လို့ အဲဒီဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်တဲ့ ဦးမြတ်သူဝင်းကပြောပါတယ် ဇန်နဝါရီလ ၂၇ ရက်က ထားဝယ်မြို့ ဆန်းချီမှုကြိုကျောင်းမှာပြုလုပ်တဲ့ မသန်းစွမ်းမှုဆိုင်ရာ ဆွေးနွေးပွဲနဲ့ အသိပညာပေးပွဲ အခမ်းအနာ ပြောကြားခဲ့တာဖြစ်ပါတယ်။