ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

ထားဝယ်မှာစိုက်တဲ့ ဟင်းသီးဟင်းရွက်တွေ မကြုံစဖူး စျေးကျ

diz_admin

August 5, 2020

ထားဝယ်ဒေသမှာစိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်စျေးဟာ ကိုဗစ်ကပ်ဘေးကာလကစပြီး အဆပေါင်းများစွာ ကျဆင်းနေပါတယ်။ ဒီလိုစျေးကျတဲ့အတွက် တောင်သူတွေဟာ တွက်ခြေမကိုက်တော့ဘဲ အခြားလုပ်ငန်းကို ပြောင်းလုပ်ဖို့ စိတ်ကူးနေကြပါပြီ။ ဘယ်လောက်အထိစျေးကျသွားပြီး တောင်သူတွေ ဘယ်လိုအခက်ကြုံနေရတယ်ဆိုတာကို Dawei Watch TV က တင်ဆက်ထားပါတယ်။

မျှော်လင့်ချက်ဖြင့် ပြန်လာခဲ့သည်၊ သို့သော်…

diz_admin

July 26, 2020

နှစ်ပေါင်းများစွာ စစ်ဘေးရှောင်နေရာကနေ သူတို့ ပြန်လာချင်နေပါပြီ။ ဒါပေမဲ့ အခြေအနေအရပ်ရပ်က သူတို့အခက်တွေ့နေစေပါတယ်။ သူတို့ရွာကို ပြန်လာချင်ပေမဲ့ အခြေအနေ မပေးသေးပါဘူး။

စန္ဒား

diz_admin

July 25, 2020

တနင်္သာရီတိုင်းဟာ ပင်လယ်ကမ်းရိုးတန်း ဒေသဆိုတော့ ဒေသခံတွေဟာ ရေလုပ်ငန်းကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ကိုင်သက်မွေးကြပါတယ်။ အဲဒီအထဲမှာ ပင်လယ်ထဲ စင်ထိုးပြီး ငါး၊ ပုစွန်ရှာကြတဲ့ စန္ဒားခံနည်းဆိုတာ တစ်ခုအပါအဝင်ပါ။ စန္ဒားခံရေလုပ်သာတွေ ဘယ်လို ငါး၊ ပစွန်တွေဖမ်းပြီး အသက်မွေးကြသလဲဆိုတာကို ထားဝယ်မြစ်ဝအနီးက စန္ဒားခံရေ လုပ်သားတွေအကြောင်းကို သွားရောက် ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

ကျူစခန်းအချို့ အကူအညီ လိုအပ်နေ

diz_admin

July 25, 2020

ကျူစခန်းအချို့ အကူအညီ လိုအပ်နေကျူးစခန်းဖွင့်ထားသည့်အချိန်ကြာလာသည်နှင့်အမှျ အလှူရှင်များမှာလည်း မရှိသလောက်နည်းပါးလာပြီးတစ်လလှျင် တစ်ဦး၊ နှစ်ဦးခန့်သာ လာရောက်လှူဒါန်းကြတော့ကြောင်း ထားဝယ်ခရိုင်ရေဖြူနှင့် လောင်းလုံးမြို့တို့ရှိ ကျူစခန်းတာဝန်ခံ တို့ကပြောပါတယ်။ Dawei Watch

အာဇာနည်နေ့က အချိန်စောပြီး ဥသြဆွဲတဲ့ကိစ္စ ဝန်ကြီးချုပ် ဘာပြောလဲ

diz_admin

July 22, 2020

ဝယ်မြို့မှာ ကျင်းပတဲ့ ၇၃ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ အချိန်စောပြီး ဥသြဆွဲတဲ့အပေါ် ဝန်ကြီးချုပ်က သူ့မှာ တာဝန်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘယ်လိုပြောဆိုခဲ့တယ်ဆိုတာကို Dawei Watch ရုပ်သံက တင်ဆက်ထားပါတယ်။

မြေနုကျွန်း မည်သူပိုင်သနည်း

diz_admin

July 22, 2020

မြေနုကျွန်းပေါ် ဘဝတွေကို အခြေတည်ထားတဲ့ ငါးဖမ်း လုပ်သားတွေ တရားစွဲ ခံထားရပါတယ်။ ရေဖြူမြို့နယ် ဟိန်းဇဲချောင်းဝမြေနုကျွန်းဟာ ပိုင်ရှင်ရှိတယ်ဆိုပြီး တရားစွဲထားလို့ ဒေသခံ ရေလုပ်သားတွေ မနေရဲတော့ဘဲ စွန့်ခွာနေရပါတယ်။ လက်ရှိ ကြံ့ကြံ့ခံ တရားရင်ဆိုင်သူတွေလည်း ရှိပါတယ်။ သူတို့ ဘဝအကြောင်းကို တင်ဆက်ထားတာကို ည ၈ နာရီမှာ စတင်ကြည့်ရှုနိုင်ပါပြီ။

ခုနှစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

diz_admin

July 21, 2020

ခုနှစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်းဇူလိုင်လ ၂၀၊ ၂၀၂၀ မှ ဇူလိုင်လ ၂၆၊ ၂၀၂၀ အထိ Dawei Watch