နှစ်သစ်ကူးပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံး ၄ ပွဲ
diz_admin
December 31, 2022Dawei Watch ပရိသတ်များအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအပြီးမှာ တက်သုတ်ရိုက်သဘောမျိုးနဲ့ ပြန်လည်စတင်လာခဲ့တာကတော့ ပရီးမီးယားလိဂ်ပါပဲ။ ပရီးမီးယားလိဂ်ရဲ့ရိုးရာအစဉ်အလာမပျက် ဘောက်ဆင်းဒေးနေ့ ပွဲစဉ်တွေကို ဖြတ်သန်းအပြီးမှာ ပရိသတ်တွေကို ဆက်လက် စောင့်ကြိုနေတာက နှစ်သစ်ကူးပွဲစဉ်တွေပဲဖြစ်ပါတယ်။ ဘောက်ဆင်းဒေးနေ့ ပွဲစဉ်တွေအပြီးမှာ နားရက်တွေ အများကြီး မရရှိဘဲ ဆက်တိုက်သဘောမျိုး ကစားရတာကြောင့် အသင်းအားလုံး ပွဲပန်းနေနိုင်တဲ့အချက်တစ်ခုကို ထည့်တွက်ထားရပါလိမ့်မယ်။ နှစ်သစ်ကူး ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်လာနိုင်တဲ့ ပွဲစဉ်လေးပွဲကို Dawei Watch ပရိသတ်တွေအတွက် ရွေးချယ်သုံးသပ် တင်ဆက်ပေးလိုက်ပါတယ်။


