တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ် (ဇန်နဝါရီလ ၂၄)
diz_admin
January 24, 2023ယနေ့(ဇန်နဝါရီ ၂၄) တနင်္သာရီသတင်း အစီအစဉ်မှာတော့ စတဲ့သတင်းအကြောင်းအရာတွေကို နားဆင်ရမှာဖြစ်ပါတယ်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါယနေ့(ဇန်နဝါရီ ၂၄) တနင်္သာရီသတင်း အစီအစဉ်မှာတော့ စတဲ့သတင်းအကြောင်းအရာတွေကို နားဆင်ရမှာဖြစ်ပါတယ်။
ယနေ့(ဇန်နဝါရီ ၂၃) တနင်္သာရီသတင်း အစီအစဉ်မှာတော့ – စစ်ကောင်စီက ထားဝယ်ထီးခီးလမ်းကိုပိတ်လိုက်တဲ့အကြောင်း -ပုလောမြို့အဝင်မှာ စစ်ဆေးရေးဂိတ်တိုးလိုက်တဲ့အခြေအနေ -ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟန်ဆောင်ပြီး ပြည်သူတွေဆီခြိမ်းခြောက်ငွေတောင်းတာ – ကော့သောင်း မီးသတ်ဦးစီးဌာနရုံးထဲ ပေါက်ကွဲမှူဖြစ်တဲ့အကြောင်း – ထားဝယ်ကြက်ခြေနီအသင်း အရေးပေါ်လူနာပြန်သယ်ပေးတော့မယ်ဆိုတာနဲ့ – ရွှေဈေးကွက်အခြေအနေ စတဲ့အကြောင်းအရာတွေကိုနားဆင်ရမှာပါ
ဆရာကြီးဒေါက်တာသန်းထွန်းက ထားဝယ်(သာဂရ)မြို့ရိုးတွေကို လေ့လာကြည့်ရင် အခြားမြို့တွေနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ သာဂရမြို့ဟောင်းရဲ့ အပြင်မြို့ရိုးတွေက အတွင်းမြို့ရိုးထက်ပိုရှေးကျတယ် လိုဆိုပါတယ်။ စိတ်ဝင်စားဖွယ် အချက်အလက်များစွာကို ဖော်ထုတ်တင်ပြထားတဲ့ သာဂရမြို့ဟောင်း အကြောင်းကို တင်ဆက်လိုက်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
မြန်မာနိုင်ငံသား ၇ ဦးကို ဘန်ကောက်က အခန်းကျဉ်းလေးထဲမှာ ပိတ်လှောင်ထားခဲ့တဲ့ ဖြစ်စဉ်ကို သိရှိခဲ့ပြီးနောက်မှာတော့ ကယ်တင်ဖို့အတွက် ကြိုးစားခဲ့ကြပါတယ်။ ပိတ်လှောင်ထားတဲ့ မြန်မာ ၇ ဦးကို ကယ်တင်နိုင်ဖို့ ဘယ်လိုတွေလုပ်ဆောင်ခဲ့ရလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။
အခုတစ်ပတ်မှာလည်း ပွဲကြီးပွဲကောင်းတွေ အများအပြား ရှိလို့နေပါတယ်။ ပရိသတ်တွေရဲ့အာရုံကို ထိပ်ဆုံးကနေ ဖမ်းစားထားတာကတော့ အာဆင်နယ်-မန်ယူ၊ လီဗာပူး-ချယ်လ်ဆီး အစရှိတဲ့ ပွဲစဉ်တွေပါပဲ။ လိဂ်အားလုံးဟာ အတိမ်းအစောင်းမခံ မခံတော့တဲ့ ကာလဆီကို ဝင်ရောက်လာခဲ့ပြီဖြစ်လို့ တစ်ချက်မှားတဲ့အသင်းက ဒုက္ခများတော့မှာပါ။ ဒီတစ်ပတ် ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်နိုင်ချေရှိတဲ့ ပွဲစဉ် ၄ ပွဲကိုရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇန်နဝါရီ ၁၆ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ် (ဇန်နဝါရီလ ၂၀) ယနေ့(ဇန်နဝါရီ ၂၀) တနင်္သာရီသတင်း အစီအစဉ်မှာတော့-သရက်ချောင်းမြို့နယ်က ဥယျာဉ်ခြံထဲသွားတဲ့ မြေးအဖွားနှစ်ဦး မိုင်းထိတဲ့အကြောင်း– ပုလောမြို့နားက ရှပ်ပုံရွာမှာ နေအိမ်၄ လုံးမီးရှို့ခံရတဲ့အကြောင်း-ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ဟောင်း ပိုင်တဲ့ ဆီအုန်းစက်ရုံအဟောင်း မီးလောင်တဲ့အကြောင်း-စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လောင်းလုံးမှာ ဆန္ဒပြတဲ့အေကြာင်း-ထိုင်းဆိပ်ကမ်းက ဆီတင်သင်္ဘောပေါက်ကွဲရာမှာ သေဆုံးခဲ့တဲ့ မြန်မာခုနစ်ဦးအတွက်လျော်ကြေးအဖြစ် ဘတ်ငါးသန်းခွဲကျော်ရခဲ့တဲ့အကြောင်းစတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။