ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

ထားဝယ်ကို အောက်မေ့သတိရခြင်း

diz_admin

November 28, 2022

အော့မေ့ဖွယ် ထားဝယ်(We Miss Dawei)ပွဲတော်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့ (နိုဝင်ဘာ ၂၈) ကျင်းပခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးနဲ့ အာဏာသိမ်းဂယက်ကြား ရပ်ရွာကို မပြန်နိုင်တဲ့ အခြေအနေမှာ အောက်မေ့သတိရတဲ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပခဲ့တာပါ။ အဲဒီပွဲမှာ ထားဝယ်အစားအသောက်တွေ ရောင်းချတာ၊ ထားဝယ်ရိုးရာအကတွေနဲ့ ဖျော်ဖြေတာအပြင် စကားဝိုင်းဆွေးနွေးပွဲတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ယခင်က ထားဝယ်မြို့မှာ We Love Dawei ပွဲစီစဉ်ကျင်းပခဲ့ဖူးတဲ့ အဖွဲ့တွေက ဦးစီးပြုလုပ်တာ ဖြစ်ပြီး ထိုင်းနိုင်ငံရောက် ထားဝယ်တိုင်းရင်းသား‌တွေ၊ မြန်မာ‌တွေနဲ့ ထိုင်းပြည်သူ အချို့လည်း ဆင်နွှဲခဲ့ပါတယ်။

‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ် (နိုဝင်ဘာလ ၂၈)

diz_admin

November 28, 2022

Dawei Watch ရဲ့ ‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။ ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။

ယုံကြည်ရမှာက ဘရာဇီးပဲ

diz_admin

November 28, 2022

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာတော့ အုပ်စု(G)နဲ့ အုပ်စု(H)တို့က အုပ်စုဒုတိယပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်။ နောက်တစ်ဆင့်တက်ရောက်ရေးအတွက် အဆုံးအဖြတ်ပွဲစဉ်တွေ ပါဝင်နေလို့ ပွဲကောင်းတွေကို တဝကြီး ရှုစားကြရဦးမှာပါ။ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲအချိန်မှာ စတင်ယှဉ်ပြိုင်မယ့်ပွဲစဉ်ကတော့ ကင်မရွန်းနဲ့ ဆားဘီးယားပွဲစဉ် ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အနိုင်ရလဒ်ကို ရယူနိုင်တဲ့အသင်းက နောက်တစ်ဆင့်တက်ဖို့အတွက် မျှော်လင့်ချက် ရှင်သန်လာမှာပါ။ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာတော့ အာရှတိုက်ကိုယ်စားပြု တောင်ကိုရီးယားက အာဖရိကတိုက်ကိုယ်စားပြု ဂါနာကို ရင်ဆိုင်ရမယ့်ပွဲစဉ် ရောက်ရှိလာပါလိမ့်မယ်။ ကစားအားကောင်းတဲ့အသင်းနှစ်သင်း အားပြိုင်မယ့်ပွဲစဉ်ဖြစ်နေလို့ လက်မလွတ်တမ်း စောင့်ကြည့်ကြရမှာပါပဲ။ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာတော့ နာမည်ကြီး ဘရာဇီးက ဆွစ်ဇာလန်ကို ရင်ဆိုင်မယ့်ပွဲစဉ် ရောက်ရှိလာပါလိမ့်မယ်။ နောက်တစ်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ဆီကို ကူးပြောင်းပြီး […]

ကာတာကမ္ဘာ့ဖလားနဲ့ ပျောက်ကွယ်နေဆဲ အမျိုးသမီးအခွင့်အရေး

diz_admin

November 27, 2022

ကာတာဟာ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိနေပေမယ့် ကာတာအမျိုးသမီး ဘောလုံးအသင်းကတော့ မှေးမှိန်ပျောက်ကွယ်နေပါတယ်။ ဘောလုံးနယ်ပယ်မှာ အမျိုးသမီးတွေအတွက် အခွင့်အရေးတွေ ပေးနေသရောင် ဖန်တီးထားပေမယ့် လက်တွေ့မှာတော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေတောင် မရတာကို တွေ့ရပါတယ်။ ဒီအကြောင်း တင်ဆက်ထားတာကို ကြည့်ရှု့နားဆင်နိုင်ပါပြီ။

ဘယ်လ်ဂျီယံနဲ့ ခရိုအေးရှားတို့ နိုင်ပွဲရဖို့ သေချာနေတယ်

diz_admin

November 27, 2022

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာလည်း ကမ္ဘာ့ဖလားပွဲစဉ် ၄ ပွဲ ရှိလို့နေပါတယ်။ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲအချိန်ကိုရောက်ရင် အာရှထိပ်သီး ဂျပန်နဲ့ ကွန်ကာကပ်ဖ်ဇုန်က ကော်စတာရီကာတို့ရဲ့အားပြိုင်မှုကို စတင်ရှုစားကြရမှာပါ။ အဲ့ဒီပွဲစဉ်ပြီးရင်တော့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲအချိန်မှာ ဘယ်လ်ဂျီယံနဲ့ မော်ရိုကိုတို့ အားပြိုင်မယ့်ပွဲစဉ် ရောက်ရှိလာပါလိမ့်မယ်။ ည ၁၀ နာရီခွဲမှာ ကစားမယ့်ပွဲစဉ်ကတော့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရရှိခဲ့တဲ့ ခရိုအေးရှားနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင်တွေထဲက တစ်သင်းဖြစ်တဲ့ ကနေဒါတို့ရဲ့ပွဲစဉ်ပါပဲ။ နိုဝင်ဘာလ ၂၈ ရက်နေ့ဆီကို ကူးပြောင်းပြီးလို့ မနက် ၁ နာရီခွဲအချိန်ကိုရောက်ရင် ထိပ်သီးအသင်းကြီးနှစ်သင်း အားပြိုင်မယ့် ပွဲကောင်းတစ်ပွဲ ရောက်ရှိလာပါလိမ့်မယ်။ အဲ့ဒီပွဲစဉ်ကတော့ စပိန်နဲ့ ဂျာမနီတို့ အားပြိုင်မယ့်ပွဲစဉ်ပဲ ဖြစ်ပါတယ်။ Dawei […]

မြိတ်မြို့ရဲ့ မူလနာမည် ဘာလဲ

Dawei Watch

November 27, 2022

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ် တင်ဆက်ဖို့ အချိန်ရောက်ရှိလာပြန်ပါပြီ။ ဒီတစ်ပတ်အစီအစဉ်မှာတော့ လှပပြီး စိတ်ဝင်စားဖွယ် သဘာဝနေရာများစွာ ရှိနေတဲ့ နာမည်ကျော် မြိတ်မြို့ဖြစ်ပေါ်လာပုံအကြောင်းကို တင်ဆက်ထားပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၇ ရက်နေ့အထိ)

diz_admin

November 27, 2022

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

အာဂျင်တီးနားအတွက် အဆုံးအဖြတ်ပွဲစဉ် လာပြီ

diz_admin

November 26, 2022

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာ ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေထဲမှာလည်း အကြိတ်အနယ်ပွဲကောင်းတွေက ပါဝင်လို့နေပါတယ်။ အုပ်စုအဖွင့်ပွဲစဉ်တုန်းက ပြင်သစ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ရတဲ့ ဩစတြေးလျဟာ တူနီးရှားနဲ့ ကစားရဖို့ ရှိနေပါတယ်။ အဲ့ဒီပွဲစဉ်ကို မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲမှာ ယှဉ်ပြိုင်ကစားစေမှာပါ။ ဒီပွဲစဉ် ပြီးသွားရင်တော့ အာဂျင်တီးနားကို အနိုင်ယူပြလိုက်လို့ နာမည်ကြီးနေတဲ့ ဆော်ဒီအာရေဗျက ပိုလန်ကို ရင်ဆိုင်မယ့်ပွဲစဉ်ရောက်ရှိလာပါလိမ့်မယ်။ ည ၁၀ နာရီခွဲအချိန်မှာတော့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ခြေတက်နေတဲ့ ဒိန်းမတ်တို့ အားပြိုင်မယ့်ပွဲစဉ် ရောက်ရှိလာမှာပါ။ နိုဝင်ဘာလ ၂၇ ရက်နေ့ဆီကို ကူးပြောင်းပြီးတဲ့နောက် မနက် ၁ နာရီခွဲအချိန်ရောက်ရင် အာဂျင်တီးနားရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့်ပွဲစဉ် ကစားရပါလိမ့်မယ်။ ဒီတစ်ပွဲမှာ အာဂျင်တီးနားရင်ဆိုင်ရမယ့်ပြိုင်ဘက်က မက္ကဆီကို ပါပဲ။