ကာတာကမ္ဘာ့ဖလား အထူးအစီအစဉ်
diz_admin
November 14, 2022အာရှမှာကျင်းပမယ့် ဒီနှစ် ကာတာကမ္ဘာဖလား ပြိုင်ပွဲဟာ စိတ်ဝင်စားစရာ အချက်တွေနဲ့ ပြည်နေပါတယ်။ အာရှမှာကျင်းပတဲ့ ကမ္ဘာဖလားပွဲတွေဟာဆိုရင် ဥရောပအသင်းတွေ ရုန်းကန်ရလေ့ရှိပါတယ်။ ဒီတော့ ပြိုင်ပွဲတွေက ပိုမိုပြင်းထန်ပြီး အကြိတ်အနယ်ရှိတတ်ကြပါတယ်။ ဒီလ ၂၀ ရက်နေ့မှာ စတင်ကျင်းပမယ့် ကာတာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ပွဲကြိုသုံးသပ်ချက်တွေ၊ ဗိုလ်စွဲနိုင်တဲ့ အသင်းတွေအကြောင်းကို Dawei Watch မီဒီယာရဲ့ အားကစားကဏ္ဍမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး အထူးအစီအစဉ်အဖြစ် တင်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာဖလားကို အားပေးစောင့်မျှောနေကြတဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးသွားမယ့် ဒီအထူးအစီအစဉ်ကို မလွတ်သွားဖို့ Dawei Watch ရဲ့ အောက်ပါချန်နယ်တွေကို Like, Follow & Subscribe လုပ်ထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။


