ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

Dawei Watch

June 13, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။ Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။

ဇွန်လ ၁၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

June 12, 2026

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတွေမှာ စစ်အာဏာရှင်တပ်တပ်စွဲထားပြီး နေအိမ်‌တွေက ပစ္စည်းတွေယူတဲ့ သတင်း စစ်အာဏာရှင်တပ်စစ်ကြောင်း ဝင်လာတယ်ဆိုတဲ့ ကောလာဟလကြောင့် ရေဖြူမြို့နယ် နဘုလယ်ဒေသခံအချို့ ညတွင်းချင်း တိမ်းရှောင်ရတဲ့ အခြေအနေ တနင်္သာရီမြို့နယ် တကူရွာနဲ့ သာရဘွင်ရွာတွေမှာ ကွမ်းသီးနု စျေးကောင်းမရတဲ့အကြောင်း လောင်းလုံးမြို့နယ်တောင်ပိုင်းကို စစ်အာဏာရှင်တပ်အင်အားတစ်ရာကျော် ထပ်တိုးတဲ့သတင်း သရက်ချောင်းမြို့မှာ စစ်မှုထမ်းဟောင်းတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးတဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

လောင်းလုံးတောင်ပိုင်းကို  စစ်အာဏာရှင်တပ် အင်အားတစ်ရာကျော် ထပ်တိုး

Dawei Watch

June 12, 2026

စစ်အာဏာရှင်တပ်ဟာ မေလတတိယပတ်ကစပြီး လောင်းလုံးမြို့နယ်ရှိ ကျေးရွာတွေကို စစ်အင်အား တဖြည်းဖြည်း ဖြည့်တင်းနေပြီး ဇွန်လ ၁၂ရက်အထိ အင်အားလေးရာလောက် တပ်ဖြန့်ထားတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဝင်တဲ့ ကောလာဟလကြောင့် ရေဖြူ နဘုလယ်ဒေသခံအချို့ ညတွင်းချင်း တိမ်းရှောင်

Dawei Watch

June 12, 2026

အခုလိုမျိုး ကောလာဟလကိုအသုံးချပြီး မသမာသူတွေက ကျေးရွာအတွင်း ခိုးယူမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

လောင်းလုံး ကျေးရွာတွေမှာ စစ်အာဏာရှင်တပ်က နေအိမ်တွေရိုက်ဖျက်ပြီး ပစ္စည်းတွေယူ

Dawei Watch

June 12, 2026

စစ်အာဏာရှင်တပ်က စစ်ပြဲနဲ့ ညင်းမော်ရွာကို ကူးချီသန်းချီ တစ်လှည့်စီနေထိုင်ပြီး  ရွာထဲကအိမ်တွေနဲ့ ကုန်စုံဆိုင်တွေကို ရိုက်ဖျက်ကာ အစားအသောက်၊ အဝတ်အထည်တွေ  ရယူသုံးစွဲနေပါတယ်။

ဇွန်လ ၁၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

June 11, 2026

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့  စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။