ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံသတင်း

အပူပိုင်းမုန်တိုင်းဝီဖာ၏ အရှိန်ကြောင့် တနင်္သာရီ အပါအဝင် နိုင်ငံအနှံ့ နေရာကွက်၍ မိုးကြီးမည်

Dawei Watch

July 22, 2025

အပူပိုင်းမုန်တိုင်းဝီဖာ၏ အရှိန်ကြောင့် တနင်္သာရီ အပါအဝင် နိုင်ငံအနှံ့ နေရာကွက်၍ မိုးကြီးမည်

တနင်္သာရီ သိန်ခွန်းရွာရှေ့တန်းက စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံ

Dawei Watch

July 21, 2025

တနင်္သာရီ သိန်ခွန်းရွာရှေ့တန်းက စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံ

ပလောက်မြို့က စစ်မှုထမ်းတစ်ဦး လက်နက်နှင့်အတူ ပုလောပကဖထံ ဘက်ပြောင်း

Dawei Watch

July 20, 2025

ပုလောမြို့နယ်၊ ပလောက်မြို့အခြေစိုက် ခလရ-၂၈၀ ခြေလျင်တပ်ရင်းက စစ်မှုထမ်းတစ်ဦး ပုလောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဘက်ပြောင်းလာကြောင်း ယင်းအဖွဲ့က ယနေ့ ဇူလိုင်လ ၂၀ရက်တွင် သတင်းထုတ်ပြန်သည်။ ဘက်ပြောင်းလာသူသည် ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့ဇာတိဖြစ်သူ လူငယ်တစ်ဦးဖြစ်ပြီး စစ်မှုထမ်းသင်တန်းအပတ်စဉ် ၈ သင်တန်းသားဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ စစ်မှုထမ်းမှာ ရန်ကုန်မြို့မှ မွန်ပြည်နယ် မော်လမြိုင်သို့ ခရီးသည်ကားဖြင့်လာရာ လမ်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်သားစုဆောင်းခဲ့ခြင်းဖြစ်ကြောင်း ပုလောပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါစစ် စစ်မှုထမ်းလူငယ်သည် ဇူလိုင်လ ၁၃ ရက်က ပုလောမြို့နယ် ပြင်ဘုကြီးရွာ ရပ်ကျေး ပကဖထံဆက်သွယ်ပြီး ဘက်ပြောင်းလာကြောင်း ၎င်းက ဆက်လက် ဆိုသည်။ “ဂုဏ်ပြုငွေ ချီးမြှင့်ဖို့အတွက် ဝန်ကြီးဌာနဆီတင်ပြထားပီးဖြစ်ပါတယ်။ သူ့ကိုလည်းကောင်းကောင်းမွန်မွန်ပြုစုထားပါတယ်” ဟု ၎င်းက […]