ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေသသတင်း

ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” အရှိန်ကြောင့် တနင်္သာရီတွင် နိုဝင်ဘာလဆန်းအထိ မိုးရွာမည်

Dawei Watch

October 27, 2025

တနင်္သာရီ အပါအဝင် မြန်မာနိုင်ငံတဝန်းတွင် လာမည့် နိုဝင်ဘာလဆန်းအထိ မိုးဆက်ရွာနိုင်ကြောင်း မိုးဇလ ဌာနများနှင့် မိုးလေဝသလေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” (MONTHA) သည် အောက်တိုဘာလ ၂၈ရက်တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းဖော်ပြသည်။ ယင်းနောက် အိန္ဒိယနိုင်ငံ အင်ဒရာ ပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်ကြောင်း ဖော်ပြသည်။ “မွန်ထာ” မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထား သော်လည်း မှန်တိုင်းအရှိန်ကြောင့် နိုင်ငံအဝှမ်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည်တို့ ဖြစ်ပေါ် […]

မြိတ်-ထားဝယ်ကားလမ်း ပိတ်ထား

Dawei Watch

October 22, 2025

စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးပြီးနောက် မြိတ်-ထားဝယ် ကားလမ်း အသွားအပြန် နှစ်ဖက်စလုံးကို ပိတ်ထားကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအချို့နှင့် ဒေသခံအချို့ထံမှ သိရသည်။ စစ်အာဏာရှင်တပ်က မြိတ်-ထားဝယ်ကားလမ်းတစ်လျှောက်ရှိ ဆင်ကူးရွာ၊ ဆင်ကျန်း၊ ကျွဲစပ်၊ ချောက်ချောင်းကျေးရွာတို့ကို စစ်ကြောင်းထိုးလာသဖြင့် အောက်တိုဘာလ ၂၁ ရက်တွင် တော်လှန်ရေးအင်အားစုများက လမ်းပိတ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၂၂ ရက်တွင်တွင် မြိတ်-ထားဝယ်ကားလမ်း အသွားအပြန် (အတက် အဆင်း) နှစ်ဖက်စလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ဆေးရေးဂိတ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဆေးရေးဂိတ်တို့က လမ်းပိတ်ထားကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် မြိတ်-ထားဝယ် အတက်အဆင်းကားများ သွားလာခွင့်ရခဲ့သော်လည်း မွန်းလွဲပိုင်းတွင် သွားလာခွင့် မရတော့ကြောင်း ဒေသခံအချို့က ဆိုသည်။ […]

မြိတ်မှ ထားဝယ်ဘက်သို့ လာသည့်ကားလမ်း ဖြတ်သန်းခွင့်ပိတ်

Dawei Watch

October 21, 2025

စစ်အာဏာရှင်တပ်က သရက်ချောင်းမြို့နယ်တောင်ဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် မြိတ်-ထားဝယ်ကားလမ်းတွင် ထားဝယ်ဘက်သို့သွားသည့် အတက်တစ်ခြမ်းကို ယနေ့ အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီခန့်က စတင်ပိတ်ထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အင်အား တစ်ရာကျော်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ကားသုံးစီးဖြင့် လာပြီး အောက်တိုဘာလ ၂၀ရက်တွင် ဆင်ကူးရွာ၌ တစ်ညအိပ်ပြီးနောက် ယနေ့နံနက်အစောပိုင်းတွင် ဆင်ကျန်း၊ ကျွဲစပ်၊ ချောက်ချောင်း ကျေးရွာများကို ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းသည့် လက်ရှိ ကားလမ်းပိတ်သည့်နေရာနှင့်ဆိုလျှင် ထားဝယ်ဘက်ခြမ်းတွင် ရှိပြီး စစ်ကြောင်းရှိသည့်ဘက်ခြမ်းက မြိတ်ဘက်သို့ လာသည့် ကားများမှာ ဖြတ်သန်းသွားလာခွင့်ရကာ စစ်ကြောင်းရှိသည့် ထားဝယ်ဘက်သို့ သွားမည့်ကားများကိုမူ ဖြတ်သန်းခွင့် ပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ကားလမ်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် […]

အနောက်တောင်မုတ်သုန်လေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာပြီ

Dawei Watch

October 16, 2025

အနောက်တောင်မုတ်သုတ်လေသည် မြန်မာနိုင်ငံတစ်ဝန်းမှ ယနေ့(အောက်တိုဘာ ၁၆) ဆုတ်ခွာသွားပြီဖြစ်ကြောင်း စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။ အနောက်တောင်မုတ်သုတ်လေသည် စက်တင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံအထက်ပိုင်း၊ စက်တက်ဘာလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်း၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံအောက်ပိုင်းနှင့် ယနေအောက်တိုဘာလ ၁၆ ရက်နေ့တိုတွင် တနင်္သာရီတိုင်းတို့မှ ဆုတ်ခွာသွားပြီဖြစ်ကြောင်း မိုးဇလဖော်ပြချက်အရသိရသည်။ အနောက်တောင်မုတ်သုတ်လေဆုတ်ခွာမှုကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ကော့သောင်းခရိုင်နှင့် ထားဝယ်ခရိုက်တို့တွင် ညနေပိုင်းမိုးထစ်ချုန်းရွာလျက်ရှိကြောင်း ဒေသခံများကပြောသည်။ “ကော့သောင်းမှာဆိုရင် မနေ့ကစပြီး ညနေပိုင်းရွာတယ်။ နှစ်ရက်ရှိပြီ ညနေ ၃ နာရီလောက်စပြီးရွာတာ”ဟု ကော့သောင်းဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ မြန်မာနိုင်ငံအောက်ပိုင်းမှ အနောက်တောင်မုတ်သုန်လေ စတင်ဆုတ်ခွာချိန်ဖြစ်သည့် အောက်တိုဘာလ ၁၁ ရက်နေ့ကစပြီး ထားဝယ်ခရိုင်တွင် ညနေပိုင်းမိုးထစ်ချုန်းရွာခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ထားဝယ်ဒေသခံတို့ကပြောသည်။ […]

ထိုင်း-မြန်မာနယ်စပ် ထီးခီးကို လေယာဉ်ဖြင့် ဗုံးထပ်ကြဲ၊ နှစ်ဦးဒဏ်ရာရ

Dawei Watch

October 14, 2025

ထိုင်း-မြန်မာနယ်စပ်တွင် KNU ထိန်းချုပ်ထားသည့် ထီးခီးရွာကို ယနေ့ အောက်တိုဘာလ ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်အာဏာရှင် တပ်က လေယာဉ်ဖြင့် ဗုံးထပ်ကြဲကြောင်း ထီးခီးဒေသခံအချို့က ပြောသည်။ ဂျက်တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဈေးဆိုင်တစ်ဆိုင် မီးလောင်ပျက်စီးကြောင်း ထီးခီးဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ ဗုံးကြဲ တိုက်ခိုက်မှုတွင် လူနှစ်ဦးဒဏ်ရာရသည်ဟု ကနဦးကြားသိရပြီး မည်သူမည်ဝါဖြစ်သည်ဆိုသည့် အသေးစိတ်အချက်အလက် မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) ထိန်းချုပ်ထားသည့် ထီးခီးဒေသကို စစ်ကော်မရှင်လက်အောက်ခံ တပ်က အောက်တိုဘာ ၈ ရက်ကစပြီး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။ အောက်တိုဘာလ ၁၀ ရက်တွင်လည်း ထပ်မံ တိုက်ခိုက်သဖြင့် ယခုလအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု […]

ပုလောပကဖ၏ မြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့က ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်နှင့် ပူးပေါင်း

Dawei Watch

October 12, 2025

ပုလောမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုပြုလုပ်နေသည့် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၏ တပ်ဖွဲ့တစ်ခုဖြစ်သည့် မြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့သည် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) နှင့် ပူးပေါင်းခဲ့ကြောင်း အောက်တိုဘာလ ၁၀ ရက်တွင် မြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။ ပုလောမြို့နယ် တိုက်ခိုက်ရေးတပ်ဖွဲ့ သည် ၂၀၂၃ ခုနှစ် ၊ ဇွန်လတွင် ပုလောစစ်ကြောင်း – ၁ အဖြစ်စတင်ဖွဲ့ခဲ့ပြီး ၂၀၂၄ ခုနှစ် မေလတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပုလောပကဖ၏ တပ်ဖွဲ့တစ်ခုအဖြစ် ပြောင်းလဲလိုက်သည့် တပ်ဖွဲ့ဖြစ်သည် ။ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်ထံ ပူးပေါင်းရန် လွန်ခဲ့သည့်လေးလခန့်ကတည်းက မြေပြင်တွေ့ဆုံသဘောတူညီမှုများပြုလုပ်ကာ ညှိနှိုင်း၍ သဘောတူညီမှုများရရှိသဖြင့် ပူးပေါင်းကြခြင်းဖြစ်ကြောင်း DNLA တာဝန်ရှိသူ နှင့် ပုလောမြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့ တာဝန်ရှိသူတို့ကဆိုသည် ။ ယင်းသို့ မပူးပေါင်းမီ […]

စစ်အာဏာရှင်တပ် ဂိတ်များကြောင့် သီတင်းကျွတ်ပိတ်ရက် ကျောင်းသားအများစု အိမ်မပြန်ကြဟုဆို

Dawei Watch

October 7, 2025

စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်များ လမ်းတစ်လျှောက်တွင် ရှိနေသဖြင့် သီတင်းကျွတ်ကာလ ကျောင်းပိတ်သော်လည်း ဘုတ်ပြင်းမြို့နယ်နေ ကျောင်းသားအများစု နေရပ်မပြန်ကြကြောင်း အခြေခံကျောင်းသားများနှင့် ကားသမားအချို့ထံမှ သိရသည်။ မြိတ်မြို့တွင် ကျောင်းသွားတက်သည့် အခြေခံပညာကျောင်းသားများက သီတင်းကျွတ်ကာလ ကျောင်းပိတ်ချိန်ရောက်တိုင်း မိဘအုပ်ထိန်းသူများရှိရာ ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာအသီးသီးသို့ ပြန်ကြလေ့ရှိသည်။ အာဏာမသိမ်းမီကတည်းက ဘုတ်ပြင်းမြို့နယ်နေ အခြေခံပညာကျောင်းသားများက မြိတ်မြို့ရှိကျောင်းများတွင် သွားရောက်ပညာသင်ယူနေကြရာက နောက်ပိုင်းတွင် စစ်ရေးအရှိန်မြင့်လာသည့်အတွက် မြိတ်မြို့တွင် ကျောင်းသွားတက်သူ ပိုများလာသည်။ ယခုအချိန်တွင်မူ ကားခနှင့် လမ်းပိုင်းရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များကို ပေးရသည့် ကုန်ကျစရိတ်များလွန်းသည့်အတွက် အိမ်မပြန်သူပိုများနေကြောင်း ကျောင်းသူတစ်ဦးက ဆိုသည်။ “ကားခက (ကျပ်) ငါးသောင်းဆို လမ်းမှာပေးရတဲ့ ဂိတ်ကြေးက တစ်သိန်းနီးပါးလောက်ရှိတယ်။ အသွားအပြန်ဆိုပဲ ၃သိန်းနီးနီးကုန်ပြီလေ။ သီတင်းကျွတ်ဆိုတော့ အိမ်ကိုပြန်ချင်ကြတာပေါ့။ စရိတ်နဲ့ တွက်ကြည့်ရင် မိဘတွေကိုငဲ့ရသေးတယ်လေ။ ကျောင်းကြီးပိတ်(နွေရာသီ)မှပဲ ပြန်တော့မယ်”ဟု […]

“ဘူအလွိုင်” မုန်တိုင်း၏ လေပွေလှိုင်းများကြောင့် တနင်္သာရီ အပါအဝင် တစ်နိုင်ငံလုံး မိုးဆက်ကြီးမည်

Dawei Watch

September 30, 2025

” ဘူအလွိုင် ” မုန်တိုင်း ၏ လေပွေလှိုင်းများ အရှိန်ကြောင့် တနင်္သာရီ အပါအဝင် တစ်နိုင်ငံလုံး အောက်တိုဘာလဆန်းအထိ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ လာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း“ဘူအလွိုင်”သည် စက်တင်ဘာလ ၂၉ ရက် ညပိုင်းတွင် အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး မြန်မာနိုင်ငံဒေသအချို့တွင် လေပွေလှိုင်းများအဖြစ် ဝင်ရောက်လာသည်ဟု မိုးဇလကဖော်ပြသည်။ လေပွေလှိုင်းများ လာမည့် နောက် ၁၂ နာရီအတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး နှင့် စစ်ကိုင်း စသည့် ဒေသများ သို့ ‌ဆက်လက်ရွေ့လျားနိုင်ကြောင်း မိုးဇလကဆိုသည်။ လေပွေလှိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ […]