ဇောတိက-ရတနာ ပိုက်လိုင်းစီမံကိန်းဝန်းကျင်ကိုစစ်အာဏာရှင်တပ်ဗုံးကြဲ၊ အမျိုးသမီးတစ်ဦးသေဆုံး
Dawei Watch
November 12, 2025ထိုင်း-မြန်မာ နယ်စပ် နတ်အိမ်တောင်ဒေသသို့ တနင်္သာရီကမ်းလွန်မှ သဘာဝဓာတ်ငွေ့ များ သယ်ပို့နေသည့် ဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းထားသည့် ဧရိယာအနီး နိုဝင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင်တပ်ကဗုံးကြဲခဲ့ကြောင်း ဒေသခံများထံမှသိရသည် ။ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ပိုက်လိုင်းစီမံကိန်းများ၏ နယ်မြေသတ်မှတ်ချက်အရ E 3 ဇုန် မှ ပေ ၃၀၀ ခန့်အကွာကို Y 12 လေယာဥ်ဖြင့် ကြဲချခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ ။ ဗုံးကြဲခံရမှုကြောင့် အဆိုပါဧရိယာ အနီးရှိ ကျောက်လုံးကြီးရွာမှ အသက် ၁၉ နှစ်အရွယ် မချစ်စနိုး ဗုံးစထိမှန်ကာ ဦးခေါင်ကြေမွ သေဆုံးခဲ့ရကြောင်း ဓာတ်ပုံ မှတ်တမ်းများနှင့် ရွာသားများ၏ ပြောပြချက်အရ သိရသည် ။ “ဘာတိုက်ပွဲမှမရှိဘဲ လာကြဲချသွားတာ” ဟု ကရင်အမျိုးသားအစည်းအရုံး […]


