တနင်္သာရီတိုင်း ပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်၍ ရေယာဉ်များ ထွက်ခွင့်မပေး
Dawei Watch
July 29, 2024တနင်္သာရီတိုင်းပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်သည့်အတွက် ရေယာဉ်များ ပင်လယ်ပြင်မထွက်ကြရန် စစ်ကောင်စီ၏ တိုင်းရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ရေကြောင်း) က ယနေ့ ဇူလိုင်လ ၂၉ ရက်တွင် စာထုတ်တားမြစ်ထားသည်။ မိုးဇလဌာနက ယနေ့မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ ပင်လယ်ပြင်တွင် တစ်နာရီလေတိုက်နှုန်းမှာ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်မည်ဖြစ်သည့်အတွက် လှိုင်းကြီးမည်ဖြစ်ကြောင်း ရေကြောင်းက ထုတ်ပြန်ထားခြင်းဖြစ်သည်။ မိုးဇလဌာန၏ ထုတ်ပြန်ချက်အရ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၈ ပေမှ ၁၁ ပေခန့်အထိ ရှိနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် သစ်သားခွံကုန်တင်စက်လှေများ၊ အပျော်စီးရေယာဉ်များနှင့် ကမ်းရိုးတန်းသွားခရီးသည်တင် အမြန်ရေယာဉ်များ လုံးဝထွက်ခွာခွင့် မပြုကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ရေကြောင်းဌာန၏ ထုတ်ပြန်ချက်တွင် ရေယာဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုမည့်ရက်ကို ဖော်ပြထားခြင်းမရှိပေ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ […]


