ရေးမြို့နယ် စံပြရွာရှိ စစ်ကောင်စီစခန်းကုန်းကို ဝင်တိုက်၊ နှစ်ဘက်ထိခိုက်သေဆုံး
Dawei Watch
October 19, 2024ရေး – ထားဝယ်ကားလမ်းမပေါ်ရှိ ရေးမြို့နယ် ၊ စံပြရွာအနီးမှ စစ်ကောင်စီ၏ အထိုင်စခန်းကုန်းကို ဒေါနစစ်ကြောင်းနှင့် မွန်တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ယင်းမဟာမိတ်အင်အားစုများက ယနေ့ အောက်တိုဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၁၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ် တွင် စခန်းကုန်းမှ ကင်းလှည့်လာသော စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေး မဟာမိတ်အင်အားစုများ တိုက်ပွဲစတင်ဖြစ်ပွားပြီး တစ်နာရီကျော်အကြာ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု တိုက်ပွဲတွင်ပါဝင်သည့် ဒေါနစစ်ကြောင်း ရဲဘော်များထံကသိရသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ခမရ ၅၈၈ တပ်ရင်းမှ ဗိုလ်ကြီး လှိုင်ဝင်းထွဋ် အပါအဝင် ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရကာ လူနာတင်ယာဥ် လေးစီးဖြင့် ရေးမြို့ဆေးရုံသို့ […]