စစ်ကောင်စီက ဗုံးအလုံးတစ်ရာကျော်ကြဲပြီး ခုခံခဲ့သော်လည်း ထီးထဗျူဟာစခန်းကို စွန့်လွှတ်ခဲ့ရ
Dawei Watch
April 22, 2025ထိုင်း-မြန်မာနယ်စပ်အနီးရှိ ထီးထဗျူဟာစခန်းကို တော်လှန်ရေးတပ်များက ဝိုင်းဝန်းတိုက်ခိုက်ချိန် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးအလုံးရေတစ်ရာကျော် အထိကြဲချပြီး ခုခံတိုက်ခိုက်ခဲ့ကြောင်း Dawei Watch ၏ စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။ ထိုင်းနယ်စပ်နှင့် မိုင်အနည်းငယ်သာကွာဝေးသည့် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၏ အမှတ် ၁ စစ်ဗျူဟာစခန်းကို KNUတပ်မဟာ ၄ လက်အောက်ခံ KNLA တပ်ရင်းများ၊ KNDO တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အခြားတော်လှန်ရေးတပ်များက ဧပြီလ ၁၉ ရက်နေ့တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗျူဟာစခန်းကုန်းကို တော်လှန်ရေးတပ်များက ဧပြီလ ၁၂ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၃ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု ဗုံးကြဲခုခံခဲ့ရာ စခန်းစွန့်လွှတ်လိုက်ရသည့် ဧပြီလ ၁၉ ရက်နေ့အထိ ဗုံးအလုံးရေတစ်ရာကျော် ကြဲချခဲ့သည်။ ၈ ရက်ကြာမြင့်ခဲ့သည့် ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း […]


