စောကဲဒို – ထားဝယ်၊ ကရင်ကြားက ပေါင်းကူးကျေးဇူး
Dawei Watch
February 14, 2026ဖထီးကဲဒို ဆိုရင် ထားဝယ် အရှေ့ဘက်ကရင်တောတစ်ခွင် မသိသူမရှိ။ ရှေ့မီနောက်မီ။ သက်ကြီးပိုင်းကရင်လူမျိုးတွေထဲမှာ ခေတ်ပညာတတ်။ ရိုးရာဓလေ့ကိုလည်းမပစ်ပယ်ချစ်ခင်သူ။ ကရင်လူငယ်ထုနဲ့ ရှေးကရင်လူကြီးထုကို ပေါင်းကူးပေးချင်သူ။ လူထုကို သူ့နည်းသူ့ဟန်နဲ့ ဦးဆောင်တတ်သူ။ လူထုယုံကြည်ကိုးစားမှုကိုလည်း အတိုင်းအတာတစ်ခုအထိရရှိသူ။ ကရင်အမျိုးသားအစည်းအရုံး (တပ်မဟာ ၄ နယ်မြေ) ခေါင်းဆောင်ပိုင်းကနေ အောက်ခြေလူထုအထိ ထိတွေ့ဆက်ဆံတတ်သူ။ အဲဒါတွေအားလုံးထက်အရေးအကြီးဆုံးက ဖထီးဟာ လူကောင်း၊ လူရိုး။ သူ့ကိုယ်ကျိုးထက် ရပ်ရွာအကျိုး၊ လူထုအကျိုးကို အမြဲတစေဦးထိပ်ရွက်ထားသူ။ တီးကဲလို့ပြောလိုက်ရင် ထားဝယ်နယ်ကတော်လှန်လူထုကြားမှာနာမည်ကြီး။ အထူးသဖြင့် လူငယ်တွေရဲ့အသည်းကျော်။ ထားဝယ်မြို့ရဲ့အရှေ့ဘက်က ကရင်ရွာတွေကို ထားဝယ်တွေခေါ်တာ အရှေ့တော။ အရှေ့တောကိုရောက်လာတဲ့လူငယ်တွေတော်တော်များများ တီးကဲနဲ့မကင်းကြ။ ဖထီး၊ ဖထီးကဲဒို၊ တီးကဲ၊ အတီး။ သူ့ကိုဘယ်လိုခေါ်ကြခေါ်ကြ ကွမ်းသွေးတွေတရဲရဲနဲ့ ပါးစပ်ကြီးဖြဲပြုံးပြ၊ သူ့လက်ကြမ်းကြီးတွေနဲ့ဖက်လှဲတကင်းဆွဲ ပုခုံးဖက်ကြ။ မရှိအတူ၊ ရှိအတူ အာဏာရှင်ကိုတော်လှန်ကြ။ ဒိုးတူပေါင်ဖက်၊ […]


