ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရသ

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး(ကျေးဇူးတင်ရှိခြင်း)

diz_admin

November 4, 2022

ဒီစာအုပ်ဖြစ်မြောက်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းကူညီခဲ့သူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ မှတ်တမ်းတင်အပ်ပါတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ တောတောင်တွေထဲ ခက်ခဲကြမ်းတမ်းစွာ အတူတကွ ဖြတ်သန်းခဲ့ဖူးတဲ့ ကျောင်းသားတပ်မတော် ၂၀၁ တပ်ရင်း၊ မင်းသမီးစခန်းမှ ဘဝတူရဲဘော်ရဲဘက်တွေ၊ တခြား တပ်ရင်း စခန်းအသီးသီးက ရဲဘော် ရဲဘက်တွေ၊ မှတ်တမ်းမှတ်ရာတွေ၊ ရှားပါးဓာတ်ပုံတွေ ရှာဖွေပေးတဲ့၊ ကျနော်မေးမြန်းသမျှကို ဖြေကြားပေးကြတဲ့ တပ်ရင်းအသီးသီးက ရဲဘော်ရဲဘက်တွေကို ကျေးဇူးတင်ကြောင်း ပထမ ဆုံး ပြောချင်ပါတယ်။ ဒုတိယ အနေနဲ့ကတော့ ဒီစာအုပ်အတွက် အမှာစာရေးပေးတဲ့ လက်ရှိ ABSDF ဥက္ကဌ ကိုသံခဲနဲ့တကွ ကျနော်မေးမြန်းသမျှအချက်အလက်တွေ၊ မှတ်တမ်းမှတ်ရာတွေ၊ ဓာတ်ပုံတွေ ရှာဖွေပေးခဲ့တဲ့ လက်ရှိ ဗဟိုကော်မီတီတာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ တတိယ အနေနဲ့ကတော့ ဒီလိုစာအုပ်မဖြစ်ခင်မှာ အခန်းဆက်ဆောင်းပါး ၅၂ ခုကို […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး(ABSDF ဥက္ကဌ ရဲဘော်သံခဲ၏ အမှာစာ)

diz_admin

November 4, 2022

ရဲဘော်ထက်အောင်ကျော် —– သို့ ကိုထက်အောင်ကျော် (ခ) ကိုဝင်းထိန်ခင်ဗျား . . . ၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးတော့ ခင်ဗျားတို့က မြန်မာပြည်တောင်ပိုင်း ထိုင်းနယ်စပ် မင်းသမီးစခန်းကိုရောက်တယ်။ ကျန်နော်တို့က အနောက်ပိုင်း မဏိပူယတောင်တန်းပေါ်က လိုင်ခူးစခန်းကို ရောက်တယ်။ တကယ့်တောင်နဲ့ အနောက်။ စာသင်ခန်းထဲကနေ တောထဲကိုရောက်ခဲ့ကြတဲ့ ကျန်နော်တို့တတွေဟာ တော်လှန်ရေးဆိုတဲ့ ကျောင်းတော်ကြီးမှာ ခေါင်းစဉ်တပ်လို့တောင် လိုက်မမှီတဲ့ ဘာသာဗေဒပေါင်းစုံကို သင်ကြားခဲ့ရတာတွေလည်း အတူတူပါပဲ။ ကျနော်တို့က ရခိုင်၊ ဇိုမီး၊ ကွတ်ကီး၊ ချင်း၊ နာဂ၊ ကသည်း၊ ကချင်၊ ရှမ်း တိုင်းရင်းသားတွေနဲ့ လက်တွဲနေတဲ့အချိန်မှာ ခင်ဗျားတို့က ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း၊ ပလောင်၊ ပအို့ဝ်၊ ဆလုံ၊ ထားဝယ်ဒေသခံတွေနဲ့ ချီတက်နေကြတာ၊ တယောက်နဲ့တယောက် တဖက်နဲ့တဖက် […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး(စာရေးသူရဲ့ အမှာစာ)

diz_admin

November 4, 2022

အခုထုတ်ဝေလိုက်တဲ့ “သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” စာအုပ်ဟာ ဧရာဝတီမဂ္ဂဇင်းမှာ တနှစ်ကျော် အပတ်စဉ်ဖေါ်ပြပါရှိခဲ့တဲ့ အခန်းဆက်ဆောင်းပါး ၅၂-ပိုင်းကို ပြန်လည်စုစည်းပြီး ထုတ်ဝေလိုက်တာဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းလှတဲ့ တောတွင်းဘဝဖြတ်သန်းမှုအခြေနေ၊ အထူးသဖြင့် ဒီမိုကရေစီရရှိရေးတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ “ရဲဘော်သူငယ်ချင်း” တွေအကြောင်းကို မှတ်တမ်းတခုအနေနဲ့ရေးထားသင့်တယ်၊ တချိန်ချိန်မှာ အသေချာရေးမယ်လို့စိတ်ကူးထားတာကြာပြီဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တန်း ရေးဖို့ဖြစ်လာတာကတော့ ၂၀၀၈-ခုနှစ် ဒီဇင်ဘာလမှာ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ “Far from Home: 20 years in Exile” စာအုပ်မိတ်ဆက်ပွဲကျမှ ဖြစ်ပါတယ်။ “တောထဲကအတွေ့အကြုံတွေအကြောင်း ရေးထားတယ်ဆိုလို့ ခင်ဗျားစာအုပ်ကို ဖတ်ကြည့်တာ ဘာမှလဲ ထူးထူးခြားခြားမပါဘူး၊ ဆောင်းပါးဟောင်းတွေချည်းပါပဲလား” ဆိုပြီး စာအုပ်ထုတ်ဝေပွဲ အခမ်းအနားဆီ တက်လာတဲ့ ABSDF ခေါင်းဆောင်ဟောင်းတဦးက ကျနော့်ကို ဝေဖန်ခဲ့ပါတယ်။ အဲဒီဝေဖန်ချက်ဟာ ကျနော်ခေါင်းထဲစွဲနေပြီး နိုင်ငံရေးထင်မြင်ချက်ဆောင်းပါးတွေအပြင် တကယ့် […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 3, 2022

အခန်း(၈) မုန့်လက်ဆောင်းကုန်း ထဲ ကြေးမုံ ဝင်လာပြီ။ ဆိုက်ကား တစ်စီးနှင့်။ ဆိုက်ကားဆရာ ကိုစန်းထွန်း။ အသားဖြူဖြူ၊ ပိန်ပိန်ပါးပါး ချာတိတ်တစ်ယောက်သည် ကြေးမုံ ဟု မည်သူမျှ မထင်။ “အကိုကြီး….ကိုရွှေသွားတို့ အိမ်က ဘယ်နားမှာလဲဗျ” မုန့်လက်ဆောင်းကုန်းမရောက်ခင် ကွမ်းယာဆိုင်ကလေးကို ကြေးမုံက မေးသည်။ ကွမ်းယာဆိုင်တွင်ထိုင်နေသော လူငယ်များကမျက်မှောင်ကြုံ့သည်။ “ဘာလုပ်မလို့လဲ” “သြော်.အရောင်းအဝယ်ကိစ္စလေးရှိလို့ပါ” “ဟိုးထိပ်က အုန်းပင်လေးရှိတဲ့ အိမ်ပဲ” ဆိုက်ကားက ထွက်သွားသည်။ “ဟေ့ကောင်..အဲ့ဒါ ကြေးမုံဆိုတာများလား” “ဟာ..ကြေးမုံဆို ဒီလိုလာရဲမလားဟ” “ကြေးမုံဆို ဆော်ဖို့ ကိုရွှေသွား မှာထားလို့လေ” ကွမ်းယာဆိုင်တွင်ထိုင်နေသော လူငယ်က သူ့ဘေးတွင် ချထားသော နှစ်တစ်လက်မတုတ်အား ဆ ကိုင်ရင်း ပြောသည်။ “ပစ္စည်းလာသွင်းတဲ့ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ခါး နေမှာပါကွာ…ကြေးမုံ ဆို ဒီလိုလာမလား..ကျော်ဝင်းကြီးလူပဲ..အင်နဲ့အားနဲ့ လာမှာပေါ့ဟ” “အေး..ငါလည်း […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 2, 2022

အခန်း(၇) ကြေးမုံ။ (၁၅)နှစ်သား။ မြေနီကုန်းနယ်မြေအပိုင်စားတဲ့။ ထိုအချိန်က ရန်ကုန်လူမိုက်လောကတွင်း ပြောစမှတ်ဖြစ်ခဲ့သည့်အဖြစ်။ ကြေးမုံသည် အသက်(၁၅)နှစ်တွင်‌ မြေနီကုန်းစမ်းချောင်းတခွင်အခြေချကာ ရန်ကုန်မြို့၏ ခါးလောကကို အုပ်စိုးရသည့် ဘုရင်ကလေးဖြစ်လာခဲ့သည်။ သူ့နောက်တွင် ပန်းဆိုးတန်းမှ ကျော်ဝင်းကြီးနှင့် မိုးကျော်တို့ ရှိနေသည်။ အစပိုင်းကာလများတွင် မြေနီကုန်းဂွင်တွင် မိုးကျော် နှင့် ကြေးမုံ တွဲလျက်နေရာယူထားသဖြင့် အသံသိပ်မထွက်။ ရန်ကုန်တစ်မြို့လုံးရှိ ခါးလိုင်းမှ ခါးပိုက်နှိုက်များသည် ယခင်က ပန်းဆိုးတန်းကျော်ဝင်းထံတွင် ပစ္စည်းသွင်းကြရသည်။ နောက်ပိုင်းတွင် မြေနီကုန်း၊ တပင်‌ရွှေထီးရုပ်ရှင်ရုံဘေး လက်ဖက်ရည်ဆိုင်တွင် ထိုင်လေ့ရှိသော ကြေးမုံထံ သွားရတော့သည်။ ခါးလောက၏ နယ်မြေခွဲခြမ်းရေးကိစ္စများကိုပါ ကြေးမုံက ဆုံးဖြတ်ပေးရသည်။ တစ်နှစ်ကျော်ကာလအတွင်း မိုးကျော် တဖြည်းဖြည်းအလာကြဲသွားသည့်အခါ ကြေးမုံတစ်ယောက်သာကျန်ရစ်သည်။ ကြေးမုံ ကား လူအုပ်စုဖြင့် နေတတ်သူမဟုတ်။ စိုးရ၊ မွှေးနီ စသော ခါးလိုင်းမှ […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 2, 2022

အခန်း(၆) “အေး…လသာက အဘိုးကြီးနှစ်ယောက်က သူတို့ရန်ကြွေးနဲ့ သူတို့ အလိန်ကြီးကိုသတ်ချင်နေတာ…စိန်ကီးကိုသတ်ရမှာက ပီတာတို့အုပ်စုတာဝန် .အခုက သူတို့သတ်ရမယ့်လူတွေကို ငါတို့က သတ်ပေးသလိုဖြစ်သွားပြီး..ငါတို့တကယ်သတ်ရမယ့် အားကျိုင်းက လွတ်သွားတယ်” “အဲ့ဒါ ဘယ်လိုလုပ်ကြမလဲ” “အားကျိုင်းကို အဘိုးကြီးနှစ်ယောက်လူတွေတာဝန်ယူလိုက်ပြီ..သူတို့က….ငါ့လူတွေလက်ဆကိုလည်း ပြောမဆုံးဖြစ်နေတယ်…သေနတ်ပါတာကို လည်ပင်းဝင်လှီးပြီးသေအောင်သတ်နိုင်တယ်ဆိုတော့ လက်ရဲဇက်ရဲထဲက ဘယ်သူလဲတဲ့ မေးနေကြတယ်..မိုးကျော်..မင်းချာတိတ်တွေက ပွဲဦးထွက်မှာ တကယ့်ဂေါင်ကို ဖြိုတာပဲဟေ့” ကျော်ဝင်းကြီးမျက်နှာက ပြုံးရွှင်နေသဖြင့် နောက်ခန်းမှ ထိုင်လိုက်လာသော ကြေးမုံနှင့် ဧရာတို့ သက်ပြင်းချနိုင်လိုက်ကြသည်။ “ကျွန်တော်ဘယ်မောင်းရမလဲ အကိုကြီး” “ငါ့အိမ်ကိုပဲ မောင်း” “ဘယ်အိမ်လဲ အကိုကြီး” “ပန်းဆိုးတန်းက တိုက်ခန်းကိုပြောတာ” သူတို့လေးဦး ပန်းဆိုးတန်းတိုက်ခန်းပေါ်သို့ တက်ခဲ့ကြသည်။ ကျော်ဝင်းကြီး၏ တတိယမြောက်မဟေသီလေး မခင်ဝင်းကြည်က အိပ်မှုန်စုံမွှားဖြင့် တံခါးထဖွင့်ပေး၏။ “ခင်ဝင်းကြည်..ဘာစားစရာရှိဦးမလဲ.” ခင်ဝင်းကြည်က ဆံပင်ကို ဘီးစပတ်ဖြင့် တပတ်လျှိုထုံးလိုက်သည်။ “အကိုကြီး ပြန်လာရင် […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 1, 2022

အခန်း(၅) ရန်ကုန်မြို့၊ ပန်းဆိုးတန်း၊စားဖျော် အစိုးရယမကာဆိုင်၏ ဘေးကပ်လျက်တွင်ရှိသော “သဟာရ” ပျော်ပွဲစားရုံ။ “နေပါဦး..ကြေးမုံ..မင်း ကြယ်နီကို သတ်ပြီးတော့ ရှောင်နေလို့ရတာပဲ..မင်းလို့လည်း ဘယ်သူကမှ မျက်မြင်သက်သေရှိတာမဟုတ်ဘူး…ငါ့တို့သတ်တယ်ပဲ ရဲတွေက အစထင်ကြတာ..အဲ့ဒါကို ဘာလို့ ရဲစခန်းမှာ လာဝန်ခံတာလဲ” မိုးကျော်က သူ့ရှေ့မှ ခေါက်ဆွဲကြော်ကို ခက်ရင်းနှင့် ထိုးကော်နေသည့် ကြေးမုံကို မေးလိုက်သည်။ ကြေးမုံက လက်ကာပြပြီး ခေါက်ဆွဲကြော်တစ်လုတ်ကို အရသာခံစားလိုက်သည်။ ထို့နောက် သူ့အတွက် ငှဲ့ပေးထားသော မန္တလေးရမ်ခွက်ထဲသို့ ဘိလပ်ရည်အနည်းငယ်ရောကာ အရသာခံသောက်လိုက်သည်။ “ကျွန်တော်သတ်တာလေဗျာ.. ကိုမိုးကျော်သတ်တာမှမဟုတ်တာ..နို့မဟုတ် ကျွန်တော်လည်း ငါ့ဘယ်နေ့ လာဖမ်းမလဲ ကြောက်မနေချင်ဘူး… အပြင်မှာနေပြီး တနေ့တနေ့ တွေးကြောက်နေရတာထက် လာအဖမ်းခံပြီး ထောင်ထဲနေရာတာကမှ ပိုကောင်းသေးဗျ..ကျွန်တော် စိတ်ထဲမှာတနုံ့နုံ့ကြောက်နေရတဲ့ ကိစ္စကို ထောင်တွေ အချုပ်တွေထက် ပိုကြောက်တယ်…” “ခွေးသားပေါက်လေး….အဲ့ဒါများ အဲ့ဒီညကတည်းက သွားအဖမ်းခံလိုက်ပြီးနေတာကိုး..ငါရော […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

October 30, 2022

အခန်း(၄) ကြည့်မြင်တိုင်ရဲစခန်းရှေ့သို့ ဆိုက်ကားတစ်စီး ထိုးဆိုက်လာသည်။ ဆိုက်ကားပေါ်တွင် အမျိုးသမီးနှစ်ဦးပါလာ၏။ အသားလတ်လတ် ၊ ခန္ဓာကိုယ်ခပ်ဝဝ ၊ ရွှေလက်ကောက်များ တံတောင်စစ်အထိ ဝတ်ထားသော အသက်(၅၀)ကျော်အရွယ်အမျိုးသမီးကြီး။ သူမကား သံတံတားမပု။ ရန်ကုန်မြို့ ပြည့်တန်ဆာလောက၏ နာမည်ကျော်ဂိုဏ်းချုပ်ကြီး။ ကြည့်မြင့်တိုင်ဘူတာနှင့် စမ်းချောင်းနယ်စပ်ဖြစ်သော သံတံတားအနီး မြေကွက်လပ်တွင်ရှိသည့် သူမ၏ အိမ်မဲကြီးမှာ နာမည်ကျော်ပါသည်။ ပြည့်တန်ဆာများစွာကို ဦးစီးအုပ်ချုပ်လုပ်ကိုင်နေပြီး ရဲဌာန၏ အထက်အဆင့်ဆင့်အထိ ပေါက်ရောက်သူ။ ရန်ကုန်တိုင်းအတွင်းရှိ ရဲဌာနအသီးသီးမှာ သူ့ပေးစာကမ်းစာနှင့် မကင်း။ ထို့ကြောင့် ရဲစခန်းထဲသို့ဝင်လာသော်လည်း မပု မျက်နှာက ခပ်တင်းတင်း။ သူမ၏ အနောက်တွင်တော့ ပါတိတ်ဝမ်းဆက်ဝတ်ထားသော အရပ်မြင့်မြင့်၊ ခန္ဓာကိုယ်ကောက်ကြောင်းလှလှဖြင့် အသက် (၃၀)ကျော်အရွယ်အမျိုးသမီး။ သူမ၏ မျက်နှာတွင် အဓိကသတိထားမိနိုင်သည်က နှုတ်ခမ်းများပင်။ ဟောလိဝုဒ်မင်းသမီး ဆိုဖီယာလော့ရင်ကဲ့သို့ ဆွဲဆောင်မှုပြင်းသော နှုတ်ခမ်းထူထူများ။ […]