အမှောင်ထဲမှ မင်းသားများ (၁၉၇၀)
diz_admin
November 13, 2022အခန်း(၁၈) “ရှာဖွေရေးလည်းလွတ်ပါစေ..အဖမ်းအစီးလည်းကင်းပါစေ..စျေးပိုလေးလည်းရပါစေ..သွားလမ်းသာ လာလမ်းဖြောင့်ပါစေ” တောင်းရမ်းစားသောက်သူအဘွားအို၏ အသံက မုတ္တမဘူတာကြီးထဲ ပျံ့လွင့်နေသည်။ မကြာမီ ရထားထွက်တော့မည့် ဂလိုင်ခေါက်သံထွက်ပေါ်လာပြီး ဘူတာကြီးက ရုတ်ချည်းဆူညံသွားသဖြင့် အဖွားအို၏ အသံပင် ပျောက်ကွယ်သွားတော့၏။ စင်္ကြန်ပလက်ဖောင်းတံခါးများ ကို ဘူတာရုံဝန်ထမ်းများက ပိတ်လိုက်ကြသည်။ မီးစိမ်းပြီ။ အလံချိုးပြီ။ ရန်ကုန်သို့ စုန်မည့် ရထားထွက်တော့မည်။ တနည်းအားဖြင့် မှောင်ခိုကုန်အပြည့်ပါသည့် ရထားကြီး။ ရထားက ဥသြဆွဲပြီ။ မုတ္တမဘူတာမှ အထွက်တွင် ရထားက အရှိန်ရစပြုလာ၏။ ရထားအတက်အဆင်းအပေါက်များ၊ ပြတင်းပေါက်များမှ လူအများကိုယ်တစ်ပိုင်းထွက်လာကြသည်။ “လိုင်းဂီယာဆွဲပြီးတာနဲ့ ခေါင်မိုးပေါ်တက်ရှောင်နော်…ရှေ့ဘူတာမှာ စစ်ဆေးရေးရှိတယ်…မင်းတို့မျက်ခွက်တွေ မြင်တာနဲ့ သေချာပေါက်စစ်မှာပဲ” သတိပေးအော်ဟစ်လိုက်သူက မှတ်ကြီး (ခေါ်) နိုင်ကိုဝင်း။ စံသိန်း၏ တပည့်။ မုတ္တမ – မော်လမြိုင် ရထားကို မုပ္ပလင်ဘူတာအထိ အပိုင်စားရသော တွဲပိုင်လူမိုက်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက် […]


