ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Fact Check

လောင်းလုံးက ကျေးရွာအချို့ ပြောင်းရမယ်ဆိုတဲ့ သတင်းမှား

Dawei Watch

August 1, 2023

လောင်းလုံးမြို့နယ်ထဲက ဗိုလ်မှူးဗထူးရဲ့ မွေးရပ်မြေဖြစ်တဲ့ လေးသွန်းခံ ရွာနဲ့ အနီးအနားက ရွာတွေ ပြောင်းရမယ်ဆိုပြီး တစ်ဆင့် စကား တစ်ဆင့် နားနဲ့ ဒေသပြည်သူတွေ ကြားမှာ အတော်ကြီးကို ပျံ့နှံ့နေပါတယ်။ ပျံ့နှံနံ့မှု များသလို စိုးရိမ်ပူပန်စိတ်နဲ့ ထားဝယ်မြို့ပေါ်မှာ မြေဝယ်ဖို့ ၊ အိမ်ငှားဖို့ စီစဉ်နေတဲ့ ပြည်သူတွေလည်း ရှိလာနေတာပါ။ ဒီအကြောင်းအရာကို Dawei Watch အနေနဲ့ အချက်အလက် စိစစ်ကြည့်တဲ့အခါမှာ သတင်းအမှား ဆိုတာ စိစစ်တွေ့ရှိခဲ့ပါတယ်။‌ဒီ ပြောင်းရွှေ့ရတော့မယ်ဆိုတဲ့ သတင်းအစက မေလ နောက်ဆုံးပတ် လောက်က စတင် ဖြန့်ဝေ ပြောဆိုမှုတွေ ရှိခဲ့တာ ဖြစ်ပြီး လက်ရှိ ဇူလိုင် နောက်ဆုံးပတ်အထိ ပျံ့နှံ့ပြောဆိုနေကြဆဲပါ။ ပြောင်းရွှေ့ခံရတဲ့ ကျေးရွာ မရှိသေးပါ အချက်အလက် စိစစ်ချက်အရ လောင်းလုံးမြို့နယ်အတွင်းမှာ […]

ဗေဒင်နဲ့ အကြားအမြင် လိုင်စင် အမိန့်စာ အတု

Dawei Watch

July 30, 2023

ဗေဒင်နဲ့ အကြားအမြင် ဟောကိန်းထုတ်သူတွေ လိုင်စင်လျှောက်ရမယ်၊ လိုင်စင်မလျှောက်ဘဲ ဟောရင် အရေးယူမယ်ဆိုတဲ့ အမိန့်စာ ဇူလိုင် ၂၃ ရက်နေ့ က Facebook ပေါ်ကနေ စတင်ပျံ့နှံ့လာပြီး တစ်ရက်အတွင်းမှာတင် မျှဝေသူတွေ အတော်များပြားခဲ့ပါတယ်။ အသေးစိတ် စိစစ်လိုက်တဲ့ အချိန်မှာ ဒီစာဟာ အတုဖြစ်နေတာကို တွေ့ရပါတယ်။ အမိန့်စာကို ဓာတ်ပုံကို သိမ်းပြီးမှ ထပ်ဆင့် ဖြန့်ချိသူတွေ များတာမို့ မူရင်းဖြန်ဝေသူကို ရှာမတွေ့ခဲ့ပေမယ့် Facebook ရဲ့ Search Facebook ဆိုတဲ့ နေရာမှာ ‘အကြားအမြင် လိုင်စင်’ လို့ရိုက်ထည့်လိုက်ရင် အမိန့်စာနဲ့ပတ်သက်ပြီး မျှဝေထားသူတွေ ပေါ်လာတာ တွေ့ရပါတယ်။ Kyaw Win Maung ဆိုတဲ့ Telegram အကောင့်ကနေလည်း ဇူလိုင် ၂၄ ရက်နေ့မှာ အမိန့်စာကို […]

ဆွီဒင်နိုင်ငံက လိင်ဆက်ဆံခြင်းကို အားကစားအဖြစ် သတ်မှတ်လိုက်ပြီဆိုသည်မှာ  သတင်းအမှားသာဖြစ်

Dawei Watch

June 6, 2023

‘လိင်ဆက်ဆံခြင်းကို အားကစားတစ်ရပ်အဖြစ် တရားဝင်မှတ်ပုံတင်သည့် ဆွီဒင်နိုင်ငံမှာ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာပြီး ဇွန် ၈ ရက်တွင် Gothenburg မြို့ တွင် ပထမဆုံး လိင်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်’ ဆိုသော သတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ သတင်းရင်းမြစ်အများအပြားကို ကိုးကား၍ မီဒီယာအများအပြားကလည်း ယင်းအကြောင်းအရာကို ဖော်ပြနေကြပြီး လူမှုကွန်ရက်များပေါ် တွင်လည်း ပွက်လောရိုက်စေခဲ့သည်။ သို့သော် အဆိုပါ သတင်းများအားလုံး သည် သတင်းမှားများသာ ဖြစ်နေခဲ့ကြောင်း အချက်အလက် ဆန်းစစ်ချက်များအရ သိရှိရသည်။ သတင်းမှန်စစ်ဆေးရေး ဝက်ဘ်ဆိုဒ် တစ်ခု ဖြစ်သည့် Newschecker ၏ ရေးသားချက်အရ ၎င်းတို့ဌာန အနေနှင့် ယင်းသတင်းများ စတင်ပွက်လောရိုက်လာချိန်တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဖော်ပြပါ ပြိုင်ပွဲအတွက် တရားဝင် ဝက်ဘ်ဆိုဒ်ပင် မရှိသည် ကို  စတင်သတိပြုမိခဲ့သည်။ ထို့အပြင် ဆွီဒင် သည် စကင်ဒီနေဗီးယားဒေသတွင်း […]