သတိထားရမယ့် ချေးငွေအကြောင်းပြငွေကြေးလိမ်လည်မှု
Dawei Watch
September 9, 2023ဆိုရှယ်မီဒီယာ Facebook ပေါ်မှာ နည်းမျိုးစုံသုံးပြီး လိမ်လည်နေတာတွေထဲမှာ ချေးငွေအကြောင်းပြ ငွေကြေးလိမ်လည်မှုလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အသေးစားချေးငွေတွေ ထုတ်ချေးပေးနေတယ်လို့ ရေးသားဖြန့်ဝေနေတာတွေဟာ အမှန်တကယ် ချေးငွေထုတ်ချေး ပေးနေတာ မဟုတ်ဘဲ ငွေကြေးလိမ်လည်နေတာပဲဖြစ်တယ်ဆိုတာကို Dawei Watch ရဲ့ အချက်အလက် စစ်ဆေးချက်တွေအရ တွေ့ရှိရပါတယ်။ အကောင့်တု၊ Page အတုတွေ ဖန်တီးပြီးလိမ်လည်တာ။ ငွေကြေးလိမ်လည်သူတွေဟာ Facebook ပေါ်မှာ “အသေးစားငွေချေးလုပ်ငန်း” လို့ နာမည်တပ်ပြီး နာမည်ကြီး ပြည်တွင်းပုဂ္ဂလိကဘဏ်နာမည်တွေ၊ ထင်ရှားတဲ့လူပုဂ္ဂိုလ်နာမည်တွေ ရုပ်ပုံတွေ၊ ထင်ရှားတဲ့ ရွှေဆိုင်နာမည်တွေကို အသုံးပြုပြီး Facebook Page တွေ ဖန်တီးထားလေ့ရှိပါတယ်။ ဥပမာ KBZ ဘဏ် အသေးစားချေးငွေလုပ်ငန်း၊ ကမ္ဘာ့ရတနာဘဏ်ချေးငွေလုပ်ငန်း၊ 29 ရတနာချေးငွေလုပ်ငန်း စတဲ့ နာမည်ကိုတွေကိုသုံးပြီး Page အတုတွေ ဖန်တီးထားကြတာပါ။ Page […]


