ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Fact Check

သရက်ချောင်းတိုက်ပွဲပြင်းထန်ချိန် အရပ်သားတွေသတ်ဖြတ်ခံရမှုကို အပြစ်လွှဲချဖို့ စစ်အုပ်စုဝါဒဖြန့်ချန်နယ်တွေကြိုးပမ်း

Dawei Watch

March 6, 2026

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ ဖေဖော်ဝါရီလထဲ တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သားတွေ သတ်ဖြတ်ခံရတာ၊ ထိခိုက်ဒဏ်ရာတာတွေ ရှိခဲ့ပါတယ်။ အရပ်သားထိခိုက်သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်တွေထဲ ဖြစ်စဥ်နှစ်ခုနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိပြီး အပြစ်လွှဲချဖို့ ကြိုးပမ်းတာတွေ ရှိနေပါတယ်။ ဖေဖော်ဝါရီလ ၂၂နဲ့ ၂၃ရက်တွေမှာ သရက်ချောင်းမြို့အထက်ပိုင်းနဲ့ မြို့ဝန်းကျင်ကျေးရွာတွေမှာ စစ်အာဏာရှင်တပ် စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ကားသမားတစ်ဦးသေဆုံးပြီး တခြား အရပ်သား လေးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဖြစ်စဥ်တွေကို တော်လှန်ရေးတပ်တွေက ပြုလုပ်တယ်ဆိုပြီး Subscriber ပြုလုပ်သူ တစ်ထောင်ကျော်ကနေ တစ်သိန်းကျော်အကြားရှိတဲ့ စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်တွေက ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရေးသားဖြန့်ချိခဲ့ကြပါတယ်။ အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။ Ko thet channel ဖော်ပြချက် လင့်ခ် – https://archive.ph/aKP5TSnow Queen […]

မင်းကွန်း မြသိန်းတန်စေတီ ပြိုကျနေတဲ့ပုံနဲ့ ဆက်စပ်တဲ့ သတင်းအမှားတွေကို စိစစ်ချက်

Dawei Watch

February 25, 2026

မင်းကွန်းဒေသက သမိုင်းဝင် မြသိန်းတန်စေတီဟာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းထန်လွန်းတဲ့ ငလျင်ကြီးကြောင့် ပြိုကျခဲ့ပါတယ်။ ယခု ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်မှာတော့ မင်းကွန်း မြသိန်းတန်စေတီ ပြိုကျပျက်စီးနေတဲ့ ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်မှာ ပြန်လည်ပျံ့နှံ့လာပါတယ်။ အဲဒီဓာတ်ပုံနဲ့အတူ မြသိန်းတန်စေတီ ဗုံးကြဲခံရတယ်၊ နောက်ဆက်တွဲ ငလျင်ကြောင့် ထပ်မံပြိုကျတာဖြစ်တယ်ဆိုပြီး ရေးသားချက်အမျိုးမျိုး ယှဥ်တွဲပျံ့နှံ့ခဲ့ပါတယ်။ အောက်ပါ Screenshots မှာ ကြည့်နိုင်ပါတယ်။ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အထက်ပါ ဖော်ပြချက်တွေကို အချက်အလက် စိစစ်ကြည့်ရာ သတင်းအမှားတွေ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။ မင်းကွန်း မြသိန်းတန်စေတီ စစ်ကိုင်းငလျင်ကြောင့်ပြိုကျ ၂၀၂၅ ခုနှစ် မတ်လ ၂၈မှာ […]

ထိုင်းမှာ အမေရိကန်နိုင်ငံသားကို PDF တွေက ပြန်ပေးဆွဲ သတ်ဖြတ်တယ်ဆိုပြီး ပုံဖျက်သတင်းအမှားဖြန့်

Dawei Watch

February 20, 2026

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်က အမေရိကန်နိုင်ငံသားတစ်ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားလေးဦးကို ဖမ်းဆီးထားတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဝါဒဖြန့် လူမှုကွန်ရက်အကောင့်တစ်ခုဖြစ်တဲ့ မေမြန်မာမျိုးချစ် အမည်နဲ့ Facebook အကောင့်က PDF တွေဟာ အမေရိကန်နိုင်ငံသားတစ်ဦးကို ပြန်ပေးဆွဲပြီး သတ်တယ်ဆိုပြီး ဖေဖော်ဝါရီလ ၁၇ ရက်မှာ စတင်ဖြန့်ချိပါတယ်။ အဲဒီဖြန့်ချိမှုကို အောက်ဖော်ပြပါScreenshot မှာ ကြည့်နိုင်ပါတယ်။ အထက်ပါဖြန့်ချိမှုနဲ့ ပတ်သက်လို့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာ တော်လှန်ရေးအင်အားစုတွေကို ပုံဖျက်ဖို့ သတင်းအမှားဖြန့်ချိထားတာအဖြစ် တွေ့ရှိရပါတယ်။ အမေရိကန်နိုင်ငံသား အသတ်ခံရမှုကြောင့် မြန်မာလေးဦး အဖမ်းခံရ ဘန်ကောက်မြို့၊ စူစဝပ် ၂၆ […]

ပလမြို့မှာ စစ်အာဏာရှင်တပ်က အိမ်တွေမီးရှို့ပြီး PDF လက်ချက်လို့ ပုံဖော်သတင်းအမှားဖြန့်

Dawei Watch

February 1, 2026

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ ၊ အမှတ် (၄) ရပ်ကွက်မှာ စစ်အာဏာရှင်တပ်က ဇန်နဝါရီလ ၂၇ ရက်မှာ နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီ ဖြစ်စဥ်အပေါ် စစ်ကော်မရှင်ဝါဒဖြန့် လူမှုကွန်ရက်အကောင့်တစ်ခုမှာ PDF တွေက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဖြန့်ချိနေပါတယ်။ Follower တစ်သိန်းရှိတဲ့ ‘ငြိမ်းချမ်းပါစေ’ အမည်နဲ့ Facebook အကောင့်က အဲဒီဖော်ပြချက်ကို ဇန်နဝါရီလ ၂၉ ရက်မှာ ဖြန့်ချိခဲ့တာပါ။ အောက်ဖော်ပြပါလင့်ခ်မှာကြည့်နိုင်ပါတယ်။ လင့်ခ် – https://archive.ph/5oHqI အထက်ပါ ဖြန့်ချိမှုကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch သတင်းဌာနက အချက်အလက် စိစစ်ကြည့်ရာတော့မှားယွင်းပုံဖော်ထားတာအဖြစ် စိစစ်တွေ့ရှိရပါတယ်။ ပလမြို့ပေါ်မှာ နေအိမ်တွေကို စစ်အာဏာရှပ်တပ် မီးရှို့ […]

အတုအယောင် ရွေးကောက်ပွဲမို့ ပြည်သူတွေကို ခြိမ်းခြောက် နှုတ်ပိတ်ထားပါတယ်

Dawei Watch

January 25, 2026

ပြည်သူလူထု လွတ်လပ်စွာ ထုတ်ဖော်ပြောဆို မဝေဖန်ရဲအောင် ခြိမ်းခြောက်ဖမ်းဆီးအရေးယူပြီး စစ်အုပ်စုက ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပခဲ့ပါတယ်။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အပိုင်း (၃)ပိုင်းခွဲ ကျင်းပခဲ့ပြီး ဒီကနေ့ ဇန်နဝါရီလ ၂၅ ရက်မှာတော့ နောက်ဆုံးအပိုင်းကို ကျင်းပခဲ့ပြီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ပြည်သူလူထုက စိတ်ဝင်စားမှုအားနည်းသလို ဝေဖန်ပြောဆိုကြဖို့ တွန့်ဆုတ်ခဲ့ကြတာ တွေ့ရပါတယ်။ ပြည်သူတွေကို တင်မကပဲ ဝေဖန်ပြစ်တင်မှုတွေကြားက ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်းတွေ ကိုတောင် လွတ်လပ်စွာ မဲဆွယ်ခွင့်မပြုဘဲ စကားအထအနကောက်ပြီး အရေးယူခဲ့တာတွေ ရှိပါတယ်။ ဒါ့ကြောင့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသိပိုင်ခွင့်တွေ အလွန်တရာ ချိုးဖောက်ထားတဲ့ ရွေးကောက်ပွဲလို့ ကင်ပွန်းတပ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ် […]

နယ်စွန်နယ်ဖျားက ပြည်သူတွေပါမကျန် မဲပေးကြတယ်ဆိုတဲ့ စစ်ကော်မရှင်လော်ဘီတွေရဲ့ ဖြန့်ချိမှုကို စိစစ်ချက်

Dawei Watch

December 28, 2025

စစ်ကော်မရှင်က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ကျင်းပပါတယ်။ အဲဒီ ရွေးကောက်ပွဲ အပိုင်း ၁ မှာ နယ်စွန်နယ်ဖျားပါမကျန် ပြည်သူတွေ မဲပေးနေကြတယ်လို့ စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ချိနေပါတယ်။ Subscriber ပြုလုပ်သူ တစ်သိန်းရှစ်သောင်းကျော်ရှိတဲ့ မှိုင်းဝေ ချန်နယ်က စတင်ဖြန့်ချိတာဖြစ်ပြီး မြင်တွေ့ ပြီးသူ ခုနစ်ထောင်ကျော် ရှိပါတယ်။ အဲဒီဖြန့်ချိချက်ကိုပဲ MDY image ချန်နယ်က ထပ်ဆင့်ဖြန့်ချိထားတာကိုလည်း တွေ့ရပါတယ်။ မှိုင်းဝေချန်နယ်က ဖြန့်ချိတဲ့လင့်ခ် – https://archive.ph/tlCizMDY image ချယ်နယ် ဖြန့်ချိတဲ့လင့်ခ် – https://archive.ph/7RRyB အဲဒီလို ဖြန့်ချိမှုတွေနဲ့ပတ်သက်လို့ Myanmar Factchecking Network […]

ပုလော CDM ဆရာမဇနီးမောင်နှံ အသတ်ခံရမှုမှာ KNU ဖမ်းထားသူတွေဟာ PDF တွေဆိုပြီး သတင်းအမှားဖြန့်

Dawei Watch

December 26, 2025

ပုလောမြို့နယ်၊ ဆားခဲရွာမှာ မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံဖြစ်တဲ့ CDM ကျောင်းဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းတို့ဟာ နေအိမ်မှာ ဒီဇင်ဘာလ ၁၆ရက် မနက် ၁ နာရီလောက်မှာ အသတ်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU (မြိတ်-ထားဝယ်ခရိုင်) ဘက်ကတော့ တရားခံလို့ဆိုသူ ၄ ဦးကို ဖမ်းဆီးထားပြီး အရေးယူမယ်လို့ ဒီဇင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီထုတ်ပြန်ထားတဲ့အပေါ် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ KNU ဘက်က ဖမ်းဆီးထားတဲ့သူ ၄ ဦးဟာ KNDOအချုပ်ခန်းကနေ ထွက်ပြေးသွားတဲ့ PDF တွေဖြစ်ပြီး လူသတ်မှုနဲ့ပတ်သက်လို့ အဲဒီ PDF တွေကို လွှဲချဖို့ KNDO က ကြိုးပမ်းနေတယ်လို့ ရေးသားဖြန့်ချိနေကြပါတယ်။ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ […]

ရေဖြူမှာ မွန်လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးသေဆုံးမှုကို ကားနဲ့တိုက်သတ်ခံရတာလို့ သတင်းအမှားဖြန့်

Dawei Watch

December 18, 2025

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ရဲ့ ရာမညမွန်တပ်တော်က ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိတစ်ဦး ဒီဇင်ဘာလ ၁၆ရက်က ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အပေါ် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ ဆက်ကြေးကောက်နေတဲ့ PDF ခေါင်းဆောင် တစ်ဦးကို ပြည်သူတစ်ဦးက မကျေနပ်လို့ ကားနဲ့ တိုက်သတ်တယ်ဆိုပြီး ပုံဖျက်ရေးသား ဖြန့်ချိခဲ့ကြပါတယ်။ Subscriber ပြုလုပ်သူ တစ်သိန်းရှစ်သောင်းကျော်ရှိတဲ့ မှိုင်းဝေ အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာလ ၁၇ ရက် ကစပြီး ဖြန့်ချိခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို မြင်တွေ့ပြီးသူ နှစ်သောင်းခွဲကျော်၊ Reaction ပြုလုပ်သူ တစ်ထောင်နီးပါးရှိပြီး ဆက်လက်ပျံ့နှံ့နေပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာကြည့်နိုင်ပါတယ်။ မှိုင်းဝေချန်နယ်က ဖြန့်ချိတဲ့လင့်ခ် – https://archive.ph/2JGh2 အဲဒီဖော်ပြချက်ကိုပဲ နောက်ထပ် စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်အချို့က ထပ်ဆင့်ကူးယူဖော်ပြထားတာကို အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။ […]