ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Fact Check

နယ်စွန်နယ်ဖျားက ပြည်သူတွေပါမကျန် မဲပေးကြတယ်ဆိုတဲ့ စစ်ကော်မရှင်လော်ဘီတွေရဲ့ ဖြန့်ချိမှုကို စိစစ်ချက်

Dawei Watch

December 28, 2025

စစ်ကော်မရှင်က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ကျင်းပပါတယ်။ အဲဒီ ရွေးကောက်ပွဲ အပိုင်း ၁ မှာ နယ်စွန်နယ်ဖျားပါမကျန် ပြည်သူတွေ မဲပေးနေကြတယ်လို့ စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ချိနေပါတယ်။ Subscriber ပြုလုပ်သူ တစ်သိန်းရှစ်သောင်းကျော်ရှိတဲ့ မှိုင်းဝေ ချန်နယ်က စတင်ဖြန့်ချိတာဖြစ်ပြီး မြင်တွေ့ ပြီးသူ ခုနစ်ထောင်ကျော် ရှိပါတယ်။ အဲဒီဖြန့်ချိချက်ကိုပဲ MDY image ချန်နယ်က ထပ်ဆင့်ဖြန့်ချိထားတာကိုလည်း တွေ့ရပါတယ်။ မှိုင်းဝေချန်နယ်က ဖြန့်ချိတဲ့လင့်ခ် – https://archive.ph/tlCizMDY image ချယ်နယ် ဖြန့်ချိတဲ့လင့်ခ် – https://archive.ph/7RRyB အဲဒီလို ဖြန့်ချိမှုတွေနဲ့ပတ်သက်လို့ Myanmar Factchecking Network […]

ပုလော CDM ဆရာမဇနီးမောင်နှံ အသတ်ခံရမှုမှာ KNU ဖမ်းထားသူတွေဟာ PDF တွေဆိုပြီး သတင်းအမှားဖြန့်

Dawei Watch

December 26, 2025

ပုလောမြို့နယ်၊ ဆားခဲရွာမှာ မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံဖြစ်တဲ့ CDM ကျောင်းဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းတို့ဟာ နေအိမ်မှာ ဒီဇင်ဘာလ ၁၆ရက် မနက် ၁ နာရီလောက်မှာ အသတ်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU (မြိတ်-ထားဝယ်ခရိုင်) ဘက်ကတော့ တရားခံလို့ဆိုသူ ၄ ဦးကို ဖမ်းဆီးထားပြီး အရေးယူမယ်လို့ ဒီဇင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီထုတ်ပြန်ထားတဲ့အပေါ် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ KNU ဘက်က ဖမ်းဆီးထားတဲ့သူ ၄ ဦးဟာ KNDOအချုပ်ခန်းကနေ ထွက်ပြေးသွားတဲ့ PDF တွေဖြစ်ပြီး လူသတ်မှုနဲ့ပတ်သက်လို့ အဲဒီ PDF တွေကို လွှဲချဖို့ KNDO က ကြိုးပမ်းနေတယ်လို့ ရေးသားဖြန့်ချိနေကြပါတယ်။ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ […]

ရေဖြူမှာ မွန်လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးသေဆုံးမှုကို ကားနဲ့တိုက်သတ်ခံရတာလို့ သတင်းအမှားဖြန့်

Dawei Watch

December 18, 2025

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ရဲ့ ရာမညမွန်တပ်တော်က ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိတစ်ဦး ဒီဇင်ဘာလ ၁၆ရက်က ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အပေါ် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ ဆက်ကြေးကောက်နေတဲ့ PDF ခေါင်းဆောင် တစ်ဦးကို ပြည်သူတစ်ဦးက မကျေနပ်လို့ ကားနဲ့ တိုက်သတ်တယ်ဆိုပြီး ပုံဖျက်ရေးသား ဖြန့်ချိခဲ့ကြပါတယ်။ Subscriber ပြုလုပ်သူ တစ်သိန်းရှစ်သောင်းကျော်ရှိတဲ့ မှိုင်းဝေ အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာလ ၁၇ ရက် ကစပြီး ဖြန့်ချိခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို မြင်တွေ့ပြီးသူ နှစ်သောင်းခွဲကျော်၊ Reaction ပြုလုပ်သူ တစ်ထောင်နီးပါးရှိပြီး ဆက်လက်ပျံ့နှံ့နေပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာကြည့်နိုင်ပါတယ်။ မှိုင်းဝေချန်နယ်က ဖြန့်ချိတဲ့လင့်ခ် – https://archive.ph/2JGh2 အဲဒီဖော်ပြချက်ကိုပဲ နောက်ထပ် စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်အချို့က ထပ်ဆင့်ကူးယူဖော်ပြထားတာကို အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။ […]

တွေ့သမျှ နှိပ်ချင်နေတုန်းလား.. မနှိပ်ခင် ဒါအရင်ဖတ်ပါ..

Dawei Watch

November 29, 2025

လူမှုကွန်ရက် ပလက်ဖောင်းမျိုးစုံကို မဖြစ်မနေ အသုံးပြုနေရတဲ့ ဒီနေ့ခေတ်မှာ ရည်ရွယ်ချက်မျိုးစုံနဲ့ အန္တရာယ်ရှိနိုင်တဲ့ လင့်ခ်(Link) တွေဟာ မိမိဆီကို တစ်နေ့မဟုတ် တစ်နေ့ တစ်နည်းနည်းနဲ့ ရောက်ရှိလာနိုင်ပါတယ်။ အဲဒီလို လင့်ခ်တွေရောက်ရှိလာရာကနေ နောက်ဆက်တွဲအနေနဲ့ မိမိအတွက် ဂုဏ်သိက္ခာ ၊ ငွေရေးကြေးရေး ၊ လူမှုရေး စတဲ့ အပိုင်းတွေမှာ ထိခိုက်မှုတွေ ကြုံရနိုင်ပါတယ်။ လက်တွေ့မှာလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ပေးပို့ခံရတဲ့ လင့်ခ်တွေ ကြောင့် လူမှုကွန်ရက် အကောင့်တွေခိုးယူခံရသူတွေရှိနေပြီး နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြေရှင်းနေကြရပါတယ်။ ဒါကြောင့် Myanmar Factchecking Network အဖွဲ့ဝင် ဖြစ်တဲ့ Dawei Watch က ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေး အသိပညာပေးနေတဲ့ နွေဦးလုံခြုံရေးအဖွဲ့ကို ဆက်သွယ်ပြီး ကိုယ့်ဆီရောက်လာနိုင်တဲ့ အန္တရာယ်ရှိနိုင်တဲ့ လင့်ခ်တွေအကြောင်း နဲ့ အဲဒီလင့်ခ်တွေကို […]

သရက်ချောင်းမှာ စစ်အာဏာရှင်တပ် အိမ်တွေမီးရှို့တာကို တော်လှန်ရေးအဖွဲ့တွေလက်ချက်လို့ သတင်းအမှားဖြန့်

Dawei Watch

November 27, 2025

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာမှာ နိုဝင်ဘာလ ၂၃ ရက်က နေအိမ် ၆၁ လုံးကို စစ်အာဏာရှင်တပ်က မီးရှို့ခဲ့တယ်လို့ နေအိမ်မီးရှို့ခံခဲ့ရတဲ့ ကာယကံရှင်တွေနဲ့ ဒေသခံတွေကို ပြောပါတယ်။ အဲဒီဖြစ်စဥ်အပေါ် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုက မင်းဒပ်ရွာက နေအိမ်တစ်ရာလောက်ကို မီးရှို့တာဟာ KNU နဲ့ PDF ဖြစ်တယ်လို့ နိုဝင်ဘာလ ၂၅ ရက်မှာ ရေးသားဖြန့်ချိခဲ့ပါတယ်။ Subscribers ပြုလုပ်သူ သုံးသောင်းခြောက်ထောင်ကျော်ရှိတဲ့ နေပြည်တော် အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ချိထားတာပါ။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ လင့်ခ် – https://archive.ph/WtGM8 အဲဒီချန်နယ်ရဲ့ ဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ ပုံမှားရိုက်သတင်းဖြန့်ချိမှုအဖြစ် စိစစ်တွေ့ရှိရပါတယ်။ မင်းဒပ်ရွာဝန်းကျင်တွင် […]

လောင်းလုံးမှာ ကျေးရွာတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ဖို့ မှားယွင်းတံဆိပ်ကပ်ပြီး လှုံ့ဆော်

Dawei Watch

October 26, 2025

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က ကျေးရွာတချို့ကို PDF ရွာလို့ တံဆိပ်ကပ် စွပ်စွဲပြီး လေကြောင်းကနေ တိုက်ခိုက်ဖို့ လှုံ့ဆော်တာတွေ ရှိနေပါတယ်။ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်တစ်ခုဖြစ်တဲ့ ‘အမဲလိုက်မုဆိုးကြီး သတင်းအမှန်’ ဆိုတဲ့ နာမည်နဲ့ ချန်နယ်က အောက်တိုဘာလ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ သုံးကြိမ်တိတိ လှုံ့ဆော်ရေးသားဖြန့်ချိထားတာကို တွေ့ရပါတယ်။ လောင်းလုံးမြို့နယ်ထဲ သပြေရှောင်၊ စစ်ပြဲနဲ့ ကျောက်ဆင်ရွာတွေကို လေကြောင်း တိုက်ခိုက်ဖို့ အောက်တိုဘာလ ၂၂ ရက်မှာ လှုံ့ဆော်ထား ပါတယ်။ အောက်တိုဘာလ ၂၃ရက်မှာတော့ ကရင်ကြီး၊ ကမ်းပနီနဲ့ ပညစ်ရွာတွေကို လေကြောင်း တိုက်ခိုက်ဖို့ ထပ်မံလှုံ့ဆော်ထားတာကို တွေ့ရပါတယ်။ လေကြောင်းတိုက်ခိုက်ဖို့ လှုံ့ဆော်ထားတဲ့နေရာတွေမှာ စာသင်ကျောင်းလို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေ ပါဝင်နေပြီး ကျေးရွာတချို့ကိုဆိုရင် တစ်ရွာလုံး PDF […]

ထားဝယ်မှာ တော်လှန်ရေးတပ်တစ်ခုရဲ့ခေါင်းဆောင်ကို PDF တပ်ရင်းကဖမ်းဆီးမှုအပေါ် ပုံမှားရိုက်သတင်းအမှားဖြန့်

Dawei Watch

October 19, 2025

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကိုကြက်ဥကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်တပ်ရင်း (၁) က အောက်တိုဘာလ ၇ရက်မှာ ဖမ်းဆီးထိန်းသိမ်း ခဲ့ပါတယ်။ အဲဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက PDF အချင်းချင်း အဝေမတည့်မှုနဲ့ မိန်းမကိစ္စတွေကြောင့် ဖမ်းဆီးရခြင်းဖြစ်တယ်ဆိုပြီး ဖြန့်ချိနေတာ တွေ့ရပါတယ်။ အဲဒီလို ဖြန့်ချိမှုနဲ့ ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ လိုရာဆွဲပုံဖော်ထားတဲ့ သတင်းအမှားဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။ Subscribers ပြုလုပ်သူ တစ်သိန်းရှစ်သောင်းကျော်ရှိတဲ့ မှိုင်းဝေ အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ကိုကြက်ဥ ဖမ်းဆီးခံရ တာနဲ့ ပတ်သက်လို့ PDF အချင်းချင်းရဲ့ မိန်းမကိစ္စကြောင့် […]

ထားဝယ်နဲ့ တနင်္သာရီမှာ ရွာတွေကို လေယာဉ်နဲ့ဗုံးကြဲပြီး KNU ဂိတ်၊ စခန်းတွေကို တိုက်ခိုက်တာလို့ ဝါဒဖြန့်

Dawei Watch

October 16, 2025

ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ထီးခီးဒေသနဲ့ တနင်္သာရီမြို့နယ်၊ တကူဒေသတွေကို စစ်အာဏာရှင်တပ်က အောက်တိုဘာလ ပထမအပတ်နဲ့ ဒုတိယအပတ်အတွင်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ၁၄ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဂိတ်နဲ့ စခန်းအဆောက်အအုံတွေထိမှန်ပြီး ထိခိုက်သေဆုံးမှု များနေတယ်လို့ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြနေကြပါတယ်။ အဲဒီလိုဖြန့်ချိမှုနဲ့ ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ မြေပြင်အချက်အလက်တွေနဲ့ လွဲမှားစွာဖော်ပြနေတဲ့ ဖော်ပြချက်ဖြစ်တာလို့ စိစစ်တွေ့ရှိရပါတယ်။ ထီးခီးဒေသက KNU စခန်းကို ဗုံးကြဲခဲ့တာကြောင့် နှစ်ဆယ်ကျော်သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ နေပြည်တော် အမည်နဲ့ တယ်လီဂရမ်ချန်က အောက်တိုဘာ ၁၄ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။ Suscriber ပြုလုပ်သူ […]