သရက်ချောင်းတိုက်ပွဲပြင်းထန်ချိန် အရပ်သားတွေသတ်ဖြတ်ခံရမှုကို အပြစ်လွှဲချဖို့ စစ်အုပ်စုဝါဒဖြန့်ချန်နယ်တွေကြိုးပမ်း
Dawei Watch
March 6, 2026ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ ဖေဖော်ဝါရီလထဲ တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သားတွေ သတ်ဖြတ်ခံရတာ၊ ထိခိုက်ဒဏ်ရာတာတွေ ရှိခဲ့ပါတယ်။ အရပ်သားထိခိုက်သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်တွေထဲ ဖြစ်စဥ်နှစ်ခုနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိပြီး အပြစ်လွှဲချဖို့ ကြိုးပမ်းတာတွေ ရှိနေပါတယ်။ ဖေဖော်ဝါရီလ ၂၂နဲ့ ၂၃ရက်တွေမှာ သရက်ချောင်းမြို့အထက်ပိုင်းနဲ့ မြို့ဝန်းကျင်ကျေးရွာတွေမှာ စစ်အာဏာရှင်တပ် စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ကားသမားတစ်ဦးသေဆုံးပြီး တခြား အရပ်သား လေးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဖြစ်စဥ်တွေကို တော်လှန်ရေးတပ်တွေက ပြုလုပ်တယ်ဆိုပြီး Subscriber ပြုလုပ်သူ တစ်ထောင်ကျော်ကနေ တစ်သိန်းကျော်အကြားရှိတဲ့ စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်တွေက ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရေးသားဖြန့်ချိခဲ့ကြပါတယ်။ အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။ Ko thet channel ဖော်ပြချက် လင့်ခ် – https://archive.ph/aKP5TSnow Queen […]


