ထိုင်း‘မူကထ’ဆိုင်များတွင် ပြာဖြစ်သွားသည့် မြန်မာ့ဒီရေတောများ
Dawei Watch
June 28, 2025ထိုင်းနိုင်ငံတွင် ‘မူကထ’ ဆိုင်များမှာ လူကြိုက်များသည့် စားသောက်ဆိုင်များဖြစ်ပြီး ထိုင်းနိုင်ငံအနှံ့တွင် တွေ့နိုင်သလို စားသုံးသူများဖြင့် စည်ကားနေလေ့ရှိသည်။ ယင်းစားသုံးသူများမှာ မြန်မာနိုင်ငံရှိ ဒီရေတောများ ပျက်စီးစေရေးအတွက် တစ်နည်းတစ်ဖုံ ပါဝင်ကူညီနေသူများ ဖြစ်နေသည်ကိုတော့ သတိပြုမိဟန်မတူကြပေ။ ထိုင်းနိုင်ငံတွင် ‘မူကထ’ ဆိုင်များ ရောင်းအားကောင်းနေသည်နှင့်အမျှ မြန်မာနိုင်ငံရှိ ဒီရေတောများ ပိုမိုပျောက်ကွယ်လာသည်။ မူကထ ဆိုသည်မှာ အဝစား အကင်ဆိုင်များဖြစ်ပြီး ဒယ်အိုးခုံးပေါ်တွင် အသားနှင့် ပင်လယ်စာများတင်၍ ကင်ပြီးစားကြခြင်းဖြစ်သည်။ ဒယ်အိုးအခုံး ပတ်ပတ်လည်တွင် အရည်ထည့်ရသည့် မြောင်းပါသဖြင့် အကင်များမှ ကျလာသည့် အရည်များမှာ ယင်းမြောင်းထဲရှိ အရည်များအတွင်း စီးဝင်ပြီး အရသာရှိသည့် ဟော့ပေါ့ကိုလည်း တွဲဖက်စားသုံးနိုင်သဖြင့် လူကြိုက်များခြင်းဖြစ်သည်။ ယင်းမူကထဆိုင် ထောင်ပေါင်းများစွာအတွက် မရှိမဖြစ်ပစ္စည်းက မီးခိုးအထွက်နည်းပြီး မီးတောက်အားကောင်းသည့် အရည်အသွေးကောင်း မီးသွေးပင်ဖြစ်သည်။ ယင်းမီးသွေးမှာ မီးအားကောင်းကာ […]