ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်
Dawei Watch
April 27, 2024ယခုအပတ် ရွှေဈေးသည် တောက်လျှောက်တက်နေပြီး စံချိန်တင်အမြင့်ဆုံးဈေးသို့ ရောက်နေသည်။ ထိုင်းဘတ်ဈေးလည်း ပုံမှန် လိုက်တက်လာပြီး ဈေးတန်းအမြင့်တွင် ရှိနေသည်။ စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေရာမှ တက်ရိပ်ပြခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်အခေါက်ရွှေဈေးမှာ အတက်အကျကြမ်းကြမ်းဖြင့် စံချိန်တင် အမြင့်ဆုံးဈေးသို့ ရောက်နေခဲ့သည်။ နေ့စဉ်အလှုပ်အခတ်ကြမ်းခဲ့ပြီး တစ်ကျပ်သားလျှင် ငွေကျပ်ကိုးသောင်းအထိ အပြောင်းအလဲ ရှိခဲ့သည်။ ထိုင်းဘတ်ဈေးလည်း နေ့စဉ်ပုံမှန် တက်နေပြီး အမြင့်ဆုံးဈေးတန်းသို့ ရောက်နေသည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၉၄၀ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာ အတက်အကျမရှိ တောက်လျောက်ငြိမ်နေခဲ့ရာမှ သောကြာနေ့တွင် တက်ရိပ်ပြလာသည်။ ထားဝယ်ဈေးကွက်တွင် ၉၂ ဓာတ်ဆီတစ်လီတာလျှင် […]


