ထားဝယ်ဒေသထွက် ဆန်ဈေးမြင့်တက်
Dawei Watch
January 24, 2026ထားဝယ်တွင် ဒေသထွက်ဆန်အမျိုးအစားများ ဈေးမြင့်တက်လျက်ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ် ဇန်နဝါရီလ ၁၈ ရက်က ထားဝယ်ဒေသထွက် ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၀၈၀၀၀ကျပ်စျေးရှိရာမှ ဇန်နဝါရီလ ၂၅ ရက်တွင် ၁၀၉၅၀၀ ကျပ်သို့ ဈေးတက်သွားသည်။ ထို့အတူ ထားဝယ်ကမာကြည်ဆန်တစ်အိတ် ၇၀၅၀၀ ကျပ်မှ ၇၂၀၀၀ကျပ်၊ ထားဝယ်ဆန်ရှည် (ဧည့်မထ) တစ်အိတ် ၄၉၀၀၀ ကျပ်မှ ၅၁၅၀၀ကျပ်သို့ ဈေးတက်သွားကြသည်။ ထို့ကြောင့် တစ်ပတ်အတွင်း ထားဝယ်ပေါ်ဆန်းဆန်၊ ထားဝယ်ကမာကြည်ဆန်တို့ တစ်အိတ်လျှင် ၁၅၀၀ကျပ်နှင့် ထားဝယ်ဆန်ရှည် (ဧည့်မထ) ဆန်တစ်အိတ်လျှင် ၂၅၀၀ကျပ် အသီးသီးဈေးတက်သွားသည်။ တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အမျိုးအစားများမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်လျက်ရှိသည်။ သို့သော် ကြက်သွန်ဖြူ (ထူး ၅) အမျိုးအစားမှာ ယခုသီတင်းပတ်အတွင်း တစ်ပိဿာ ၅၀၀ ကျပ် […]


