ဆန်နှင့် ပြည်တွင်းထုတ်စားသုံးဆီဈေးတက်သည့် ထားဝယ်ဈေးကွက်
Dawei Watch
May 17, 2025ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်နှင့် ပြည်တွင်းထုတ်စားသုံးဆီများ ဈေးနှုန်းမြင့်တက်နေသည်။ အကယ်ဒမီ ရက် ၉၀ ဆန် အမျိုးအစားမှာ ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် မေလ ၁၀ရက်က တစ်အိတ်လျှင် ၁၁၃၅၀၀ ကျပ်မှ မေလ ၁၇ ရက်တွင်မူ ၁၂၂၀၀၀ ကျပ် ဖြစ်လာသည်။ ယင်းအပြင် အကယ်ဒမီနွေ ဖြူသန့် ဆန်အမျိုးအစားမှာလည်း တစ်အိတ်လျှင် ၇၇၀၀၀ကျပ်မှ ၈၀၀၀၀ကျပ်၊ ဆင်းသုခ အမျိုးအစားဆန်မှာ တစ်အိတ်လျှင် ၁၀၀၅၀၀ ကျပ်မှ ၁၀၆၅၀၀ ကျပ်သို့ ဈေးတက်သွားသည်။ တစ်ပတ်အတွင်း အကယ်ဒမီ ရက် ၉၀ ဆန်တစ်အိတ်လျှင် ၈၅၀၀ကျပ်၊ နွေဖြူသန့်တစ်အိတ်လျှင် ၃၀၀၀ကျပ်နှင့် ဆင်းသုခတစ်အိတ်လျှင် ၆၀၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။ ထို့အပြင် ပြည်တွင်းထုတ် စားသုံးဆီများမှာလည်း ယခု သီတင်းပတ်အတွင်း ဈေးနှုန်းမြင့်တက်လျက်ရှိသည်။ […]


