BREAKING
December 2, 2025

စီးပွားရေး

ဝါး ရောင်းအား ထက်ဝက်ကျဆင်း

diz_admin

January 14, 2020

ထားဝယ်မြို့တွင် ဝါးရောင်းအား ထက်ဝက်နီးပါး ကျဆင်းလာကြောင်း ဝါးနှင့် ဝါးထွက်ပစ္စည်း ရောင်းချသူအချို့ ထံမှ သိရသည်။ ပြီးခဲ့သည့် ၂ နှစ်ခန့်က တစ်လလျှင် ဝါးအလုံးရေ ၃၀၀၀ ခန့် ရောင်းချရပြီး လက်ရှိတွင် အလုံးရေ ၁၅၀၀ ဝန်းကျင်သာ ရောင်းရတော့ကြောင်း ထားဝယ်မြို့ ကမ်းနားလမ်းတွင် ဝါးရောင်းချနေသည့် ဦးစောဟန်က ဆိုသည်။ ဝါးကို ခြံဝင်းခတ်ခြင်း၊ ဓနိဖက်ဖြင့် အိမ်အမိုး မိုးရာတွင် “ခြင်” အဖြစ် အသုံး ပြုခြင်း စသဖြင့် အိမ်များတွင် အသုံးပြု ကြသည်။ လက်ရှိအချိန်တွင်မူ တိုက်တာ အဆောက်အအုံများ ဆောက်လုပ်ရာ၌ ငြမ်းအဖြစ်သာ အသုံးပြုပြီး အိမ်ရာအဆောက် အအုံများတွင် သုံးစွဲမှုနည်းလာခြင်း ကြောင့် ဝါးရောင်းအား ကျနေသည်ဟု ထင်ကြောင်း ဦးစောဟန်က ဆိုသည်။ […]

မောင်းမကန် DDPC ဟိုတယ်ဇုန် အတွင်း ဈေးဆိုင်ဖွင့်မည်

diz_admin

January 6, 2020

ထားဝယ်ဒေသတွင် ခရီးသွား လည်ပတ်မှုအများဆုံး ကမ်းခြေတစ်ခု ဖြစ်သော မောင်းမကန်ကမ်းခြေရှိ DDPC ဟိုတယ်ဇုန်အတွင်း ဈေးဆိုင်ခန်း ရောင်းချလိုပါက အဆိုပြုလွှာဖြင့် လျှောက်ထား နိုင်ကြောင်း DDPC ကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။ ဟိုတယ်ဇုန်အတွင်းရှိ ကမ်းခြေ အနီးတွင် ဆိုင်ခန်းပေါင်း ၁၄၀ ဆောက် လုပ်မည်ဖြစ်ပြီး မောင်းမကန်ဒေသတွင် နေထိုင်သူများကို အခမဲ့ငှားရမ်းပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဆိုင်ခန်းငှားရန် အဆိုပြုလွှာများကို မောင်းမကန်ကျေးရွာရှိ ရွှေရည်လင်း ရတနာဆိုင်တွင် ရယူနိုင်ပြီး ဇန်နဝါရီလ ၁၅ ရက် နောက်ဆုံးထားကာ ယင်းဆိုင် တွင်ပင် အဆိုပြုလွှာကို ပြန်တင်ရမည် ဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီထံမှ သိရသည်။ ဆိုင်ခန်းငှားရာတွင် ရေအသုံးပြုခ၊ လျှပ်စစ်မီးအသုံးပြုခကိုသာ ကောက်ခံမည်ဖြစ်ပြီး ဆိုင်ခန်းငှားရမ်းခ […]

စီးပွားဖြစ် ကျွဲ၊ နွား သယ်ယူပါက မွေးမြူရေးနှင့် ကုသရေးဌာနတွင် လျှောက်ထားရမည်

diz_admin

January 6, 2020

ယခင်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံတွင် လျှောက်ထားရသည့် စီးပွားဖြစ် ကျွဲ၊ နွား သယ်ယူခွင့်ကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံတွင် လျှောက်ထားရမည် ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် က ညွှန်ကြားထားသည့် ကျွဲ၊ နွားများ စီးပွားသယ်ယူရာတွင် လိုက်နာရမည့် အချက်များတွင် ယင်းအချက်ကို ထည့် သွင်းညွှန်ကြားထားခြင်း ဖြစ်သည်။ နယ်စပ်မြို့များသို့ သယ်ယူခြင်းမှအပ တိုင်းအတွင်းရှိ ခရိုင်တစ်ခုမှ အခြား ခရိုင်တစ်ခုသို့ သယ်ယူခြင်းအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ လျှောက်ထားရမည်ဟု ညွှန်ကြားထား ကြောင်း တနင်္သာရီတိုင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးက ပြောသည်။ “ကျွဲ၊ နွားမွေးမြူတဲ့သူတွေက လျှောက်ရမှာ မဟုတ်ဘူး။ သယ်ယူမယ့် သူတွေပဲ လျှောက်ရမှာ”ဟု ၎င်းက ဆို […]

တနင်္သာရီတိုင်းတွင် အလတ်စားသတ္တုတူးဖော်ခွင့် ကုမ္ပဏီသုံးခု ခွင့်ပြုချက်ရ

diz_admin

January 6, 2020

သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက တနင်္သာရီ တိုင်းတွင် အလတ်စား ဓာတ်သတ္တုထုတ် လုပ် တူးဖော်ခွင့်အတွက် ခွင့်ပြုမိန့်ကို ကုမ္ပဏီသုံးခုအား ခွင့်ပြုလိုက်ပြီဖြစ် ကြောင်း တနင်္သာရီတိုင်း သတ္တုတွင်းဦးစီး ဌာနထံမှ သိရသည်။ ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာ အုပ်စု ကြက်ပေါင်ချောင်းရွာရှိ တောင်ပိုင်း ကမ္ဘာကုမ္ပဏီအတွက် လုပ်ကွက်တစ် ကွက်၊ ဘ၀ပင်ကျေးရွာရှိ အရှေ့တိုင်း ကုမ္ပဏီအတွက် လုပ်ကွက် နှစ်ကွက်နှင့် တနင်္သာရီမြို့နယ် ကြိမ်ချောင်းရွာရှိ အောင်ပြည့်စံ ကုမ္ပဏီအတွက် လုပ်ကွက် တစ်ကွက် ချထားပေးလိုက်ခြင်းဖြစ် ကြောင်း အထက်ပါဌာနမှ အရာရှိတစ်ဦးက ပြောသည်။ ၄၉ ဧကစီရှိသည့် လုပ်ကွက်များကို ၂၀၁၉ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ ၁၁ နှစ်အတွက် ပြည်ထောင်စုမှ ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းအရာရှိက ပြောသည်။ […]