ကြိုက်ရောင်းကြိုက်ဝယ် ရွှေဈေး (ဩဂုတ် ၁၆)
Dawei Watch
August 16, 2023ယနေ့ရွှေဈေးမှာ တိကျသည့်ဈေးမဖွင့်နိုင်ဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ခုနှစ်သိန်းနှင့် သုံးဆယ်ရှစ်သိန်းကြားဖြင့် အရောင်းအဝယ်လုပ်နေကြသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း ထပ်တက်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။


