ဆန်၊ ကြက်သွန်ဖြူနှင့် ငရုတ်ဈေးတက်သည့် ထားဝယ်ဈေးကွက်
Dawei Watch
July 26, 2025ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်၊ ကြက်သွန်ဖြူနှင့် ငရုတ် ဈေးတက်နေသည်ကို တွေ့ရှိရသည်။ ပြီးခဲ့သည့် သီတင်းပတ် ဇူလိုင်လ ၁၉ ရက်က မိုးပျံ မြောင်းမြပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၄၆၅၀၀ ကျပ်စျေးရှိရာမှ ယခုသီတင်းပတ် ဇူလိုင်လ ၂၆ ရက်တွင် ၁၄၈၅၀၀ကျပ် ဖြစ်သွားသည်။ တစ်ပတ်အတွင်း ဆန်တစ်အိတ်လျှင် ၂၀၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။ ထို့အတူ ကြက်သွန်ဖြူ ထူး ၄ အမျိုးအစားမှာ ဇူလိုင်လ ၁၉ ရက်တွင် တစ်ပိဿာ ၈၀၀၀ကျပ်မှ ဇူလိုင်လ ၂၆ ရက်တွင် တစ်ပိဿာ ၈၅၀၀ကျပ်၊ မိုးထောင် ရွှေအပ်ငရုတ်ခြောက်မှာမူ တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၂၅၀၀ကျပ်သို့ ဈေးတက်သွားသည်ကို တွေ့ရှိရသည်။ ထို့ကြောင့်တစ်ပတ်အတွင်း ကြက်သွန်ဖြူထူး ၄ တစ်ပိဿာလျှင် ၅၀၀ကျပ်၊ ရွှေအပ်ငရုတ် […]


