ငရုတ်သီးခြောက်တစ်ပိဿာ နှစ်သောင်းကျပ်အထိဖြစ်လာ
diz_admin
August 10, 2022ထားဝယ်တွင် ငရုတ်သီးခြောက်တစ်ပိဿာ ကျပ်နှစ်သောင်းအထိဖြစ်လာပြီး ငရုတ်ပုခြောက်မှာ ဈေးကွက်အတွင်း ပြတ်လပ်သည်အထိဖြစ်နေကြောင်း ထားဝယ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးတွင် ကုန်စုံဆိုင်ရောင်းချနေသူများထံမှ သိရသည်။ ငရုတ်သီးခြောက် (ရွှေအပ်ခြောက်) ဈေးနှုန်းမှာပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့က တစ်ပိဿာ ၁၀၀၀၀ ကျပ်ရှိရာမှ ယနေ့ ဩဂုတ် ၁၀ ရက်နေ့တွင် ၂၀၀၀၀ ကျပ်အထိဖြစ်လာပြီး ဈေးနှစ်ဆမြင့်တက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ထို့အပြင် ငရုတ်ပုခြောက်မှာလည်း ဇူလိုင် ၁၅ ရက်နေ့တွင် တစ်ပိဿာ ၁၄၀၀၀ ကျပ်ရှိရာမှ ယနေ့ ဩဂုတ် ၁၀ ရက် ဈေးနှုန်းမှာ တစ်ပိဿာ ၂၀၀၀၀ ကျပ်ခန့်ဖြစ်လာပြီး ခြောက်ထောင်ကျပ်ခန့်ဈေးတက်သွားခြင်ဖြစ်သည်ဟု ထားဝယ်မြို့ စည်ပင်သာယာဈေးရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ “ငရုပုခြောက်ဆိုရင် ဝယ်လို့တောင်မရတဲ့အထိ ပစ္စည်းပြတ်နေတယ်။ ဆက်တက်ဖို့ရှိတယ်” ဟု ၎င်းက […]


