တကူကျေးရွာတွင် စစ်ကောင်စီတပ်နှင့် PDF တို့ ပစ်ခတ်မှုဖြစ်
diz_admin
December 25, 2021တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တနင်္သာရီ PDF တို့ ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဒီဇင်ဘာ ၂၅) နေ့လယ် ၁၂ နာရီခန့်က တကူကျေးရွာ၊ အနောက်ကမ်း မျှော့အင်းခေါ်ထိကပုံးကွမ်းတော အရပ်တွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်နှင့် အတူလိုက်ပါလာသူ အရပ်သားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ တကူကျေးရွာနေ ဦးဗေဒါဆိုသူမှာ စစ်ကောင်စီတပ်သားများအား ဆိုင်ကယ်သုံးစီးဖြင့် ခေါ်လာပြီး သူနှင့် မြေယာကိစ္စ စကားများဖူးသည့် ဦးလူပုအား လာရောက်ဖမ်းဆီးစဉ် တွေ့ရှိရခြင်းမရှိဘဲ အပြန်တွင် PDF များက လိုက်လံပစ်ခတ်ကြောင်း ရွာသားများက ပြောသည်။ “PDF တွေကို ဦးလူပုက သေနတ်လုပ်ပေးနေတယ်ဆိုပြီး သွားတိုင်တော့ ဟိုကလာဖမ်းတာ အဲဒီမှာ PDF တွေက လာပစ်ကြတာပေါ့” ဟု တကူကျေးရွာနေသူတစ်ဦးက […]