BREAKING
December 3, 2025

Breaking News

ထားဝယ်တွင် ကွမ်းယာဆိုင်အတွင်း လက်ပစ်ဗုံးဖြင့်ပစ်သူ ၂ ဦးကိုဖမ်းဆီး

Dawei Watch

January 2, 2024

ထားဝယ်မြို့ပေါ်တွင် ယနေ့(ဇန်နဝါရီ ၂)နေ့လယ် ၂ နာရီဝန်းကျင်ခန့်က ကွမ်းရာဆိုင်အတွင်း လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်သူ နှစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ကနဦးသတင်းများ အရသိရသည်။ ဗျောတောဝ ရပ်ကွက်၊ရွာလယ်ဇရပ် အနီးရှိ ကွမ်းယာရောင်းသည့် ဆိုင်အတွင်းသို့ အမျိုးသား နှစ်ဦးဆိုင်ကယ်ဖြင့် ရောက်လာပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ရာတွင် ဗုံးမပေါက်သွားဘဲ ပစ်ခတ်သူများကို အနီးအနားရှိသူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ဗုံးက နှစ်လုံးလို့ သိရတယ်” ဟု၎င်းကပြောသည်။ ဗုံးပစ်ခတ်မှုဖြစ်ပြီးနောက် ယနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး အဆိုပါဗုံးကို ရှင်းလင်းကာ စစ်ဆေး‌မေးမြန်းမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လောင်းလုံး စစ်ပြဲနှင့် လေးသွန်းခံရွာ မီးရှို့ခံနေရ

Dawei Watch

December 28, 2023

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာနှင့် လေးသွန်းခံကျေးရွာရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံအချို့ကပြောသည်။ စစ်ကောင်စီတပ်က ယနေ့(ဒီဇင်ဘာ ၂၈) နံနက်ပိုင်းမှစပြီး စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ပြဲရွာနှင့် လေးသွန်းခံရွာတို့သို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ညနေ ၅ နာရီဝန်းကျင်တွင် ယင်းကျေးရွာများကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ မီးရှို့ခံရသည့်နေအိမ်များမှာ စစ်ပြဲကျေးရွာအုပ်စု စစ်ပြဲအနောက်ပိုင်းတံတားအနီးရှိ နေအိမ်နှစ်ဆောင်နှင့် တစ်ဆက်တည်းရှိနေသည့် လေးသွန်းခံကျေးရွာ ဆင်းအိုင်ရွာထဲမှ နေအိမ်အချို့ ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ စစ်ကြောင်း ဝင်ရောက်လာမှုကြောင့် ‌အနီးအနားရှိ ကျေးရွာ ၇ ရွာမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

သရက်ချောင်း ရငဲရွာတွင် အိမ်မီးလောင်နေ

Dawei Watch

December 21, 2023

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာတွင် ယခုည နေအိမ်တစ်ဆောင်မီးလောင်ကျွမ်းနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မီးလောင်နေတာတော့ မှန်တယ်။ တစ်ဆောင်ပဲ လောင်တာပါ။ တဲအိမ်လေးပါ” ဟု ရငဲရွာခံ လူငယ်တစ်ဦးက ယခု ဒီဇင်ဘာလ ၂၁ရက် ည ၁၀ နာရီအချိန်က ပြောဆိုသည်။ မီးလောင်ကျွမ်းရသည့်အကြောင်းအရင်းကို သေချာမသိရသေးကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် မီးလောင်မှုကို ဝိုင်းဝန်းကူညီ ငြှိမ်းသတ်နေကြရသဖြင့် အသေးစိတ် အခြေအနေအား မေးမြန်း၍ မရသေးပေ။

မိုင်းရှင်းနေသော စစ်ကောင်စီတပ်က နေအိမ်တစ်လုံးကိုမီးရှို့

Dawei Watch

December 20, 2023

လောင်းလုံးမြို့အဝင် သဗျာရွာ အုန်းသီးပုံအနီးတွင် မိုင်းရှင်းနေသော စစ်ကောင်စီတပ်က လူမနေသည့်နေအိမ်တစ်လုံးကို မီးရှို့သွားသည်ဟု ဒေသခံများထံမှသိရသည်။ “အိမ်ကတော့ပြာကျသွားပြီ အဲဒီအိမ်မှာလူမနေ‌တာတော့ကြာပြီ ပစ္စည်းတွေ ပဲထားတော့တယ် “ဟု ၎င်းကပြောသည်။ ယနေ့(ဒီဇင်ဘာ ၂၀ ရက်)မနက်ပိုင်း ၇ နာရီကျော်ခန့်က သဗျာရွာအုန်းသီးပုံ ဆိုင်းဘုတ်အနီးတွင် စစ်ကောင်စီတပ်က လမ်းများပိတ်ကာ မိုင်းများရှင်းလင်းနေခြင်းဖြစ်သည်။ ယင်းနောက် မနက် ၉ နာရီကျော်ခန့်တွင် သဗျာရွာအုန်းသီးပုံ ဆိုင်းဘုတ်အနီးတွင် ထောင်ထားသည့် မိုင်းသုံးလုံးကို ဖောက်ခွဲပစ်ပြီးနောက် နေအိမ်ကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။

ကံပေါက်အဝင်လမ်းများကို စစ်ကောင်စီတပ်ပိတ်ထား

Dawei Watch

December 15, 2023

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်အဝင်လမ်းများဖြစ်သည့် ပယလမ်း၊ပြင်ကြီးလမ်းနှင့် ကလိန်အောင်အဝင်လမ်းများကို ယနေ့ (ဒီဇင်ဘာ ၁၅) မနက် ၈ နာရီဝန်းကျင်မှစပြီး စစ်တပ်က ပိတ်ထားကြောင်း ယာဥ်မောင်းများထံမှသိရသည်။ “မနက် ၉ နာရီကဝင်လာတဲ့ ကလိန်အောင်ကားလမ်းမှာ ပိတ်မိနေတုန်းပဲ” ဟု ကလိန်အောင်မြို့ဘက်မှ အဝင်လမ်းတွင်ပိတ်မိနေသည့် ခရီးသည်အမျိုးသမီးတစ်ဦး ယနေ့ နေ့လယ်ပိုင်းတွင်ပြောသည်။ လမ်းမပိတ်မီ ဒီဇင်ဘာလ ၁၄ ရက်ညနေပိုင်းနှင့် ဒီဇင်ဘာလ ၁၅ ရက်မနက်ပိုင်းများတွင် ရေဖြူမြို့နယ်၊ ကံပေါက်ရွာအနီးရှိ အိန္ဒရာဇာကျေးရွာအုပ်စုတွင် သေနတ်သံများကြားရကြောင်း ဒေသခံများကဆိုသည်။ “ ခြံတောင်မသွားရဲဘူး။ သေနတ်ပစ်သံတွေကြားနေရတယ် “ ဟု အိန္ဒရာဇာရွာ တွင် ရော်ဘာခြံစိုက်ပျိုးထားသည့် ကံပေါက်ဒေသခံတစ်ဦးကပြောသည်။ လမ်းပိတ်ကြောင်းရသည့်အကြောင်းအရင်း တိတိကျကျ မသိရသေးသလို မည်သည့်အချိန်တွင် ပြန်ဖွင့်မည်ကိုလည်း စစ်တပ်က အသိပေးပြောကြားခြင်းမရှိသေးပေ။ ယခုနှစ်အတွင်း ကံပေါက်အဝင်လမ်းကို စစ်တပ်က […]

ခရိုင်မြို့ ကောလင်းကို တော်လှန်ရေးအဖွဲ့များ သိမ်းယူ

Dawei Watch

November 6, 2023

စစ်ကိုင်းတိုင်း ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့ကို တိုက်ခိုက်ပြီး လေးရက်မြောက်နေ့ဖြစ်သည့် ယနေ့ နိုဝင်ဘာလ ၆ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် သိမ်းယူနိုင်ပြီဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ ကောလင်းမြို့ကို ကချင်တပ် KIA၊ ရခိုင်တပ် AA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက နိုဝင်ဘာလ ၃ရက် နံနက် ၄နာရီဝန်းကျင်မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကောလင်းမြို့ကို ယနေ့ သိမ်းယူနိုင်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ နေ့လယ် ၁၂နာရီခန့်က ထုတ်ပြန် သည်။ စစ်ကောင်စီတပ်စွဲထားသည့် ကောလင်းရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားခဲ့ကာ မြို့ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် […]

ပုလော လက္ကူးရွာကို စစ်ကောင်စီတပ် မီးရှို့

Dawei Watch

September 15, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲပိုင်းတွင် မီးရှို့နေကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ စက်တင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းမှစတင်ပြီး လက္ကူးကျေးရွာအား မီးရှို့နေကြောင်း ဒေသခံများကပြောသည်။ “လက္ကူးကိုတော့ မီးရှို့နေတာ ၁ နာရီလောက်ရှိပြီ။ အိမ်တွေဘယ်လောက်လောင်တယ်ဆိုတာမသိရသေးဘူး။ တစ်ရွာလုံးထွက်ပြေးနေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပြောဆိုသည်။ စက်တင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီတပ် မှော်ကြောင်းကျေးရွာသို့ ဝင်ရောက်လာပြီး ယနေ့နံနက်တွင် လက္ကူးကျေးရွာဖက်က နှစ်ဖက်ပစ်ခတ်သံများ ကြားရရပြီးနောက် မီးခိုးလုံးများ ထွက်လာကြောင်း ဒေသခံများကပြောသည်။ “လက္ကူးရွာလယ်က စရှို့နေတယ်။ တိုက်ပွဲလည်းဖြစ်နေတယ်။ ပင်လယ်ထဲက လက်နက်ကြီးနဲ့လည်း ပစ်နေတယ်” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။ ကျေးရွာ […]

ဟွန်ဆန်သား ဟွန်မနက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ဘုရင်ကအတည်ပြု

Dawei Watch

August 7, 2023

နှစ် ၄၀ နီးပါအာဏာချုပ်ကိုင်လာခဲ့သော ဟွန်ဆန်က သူ၏သားဖြစ်သူ ဟွန်မနက်ကို အာဏာလွှဲပေးရန် ဝန်ကြီးချုပ်အဖြစ် တင်သွင်းထားသည့်အပေါ် ကမ္ဘောဒီယားဘုရင်က အတည်ပြုလက်ခံပေးလိုက်ကြောင်း ယနေ့ (ဩဂုတ် ၇) တွင် ထုတ်ပြန်ကြေညာခဲ့သည်။ သားဖြစ်သူ ဟွန်မနက်ကို အာဏာလွှဲပေးလိုက်မှုသည် ကမ္ဘောဒီးယားနိုင်ငံကို ဟွန်ဆန်က ၃၈ နှစ်ကြာ ပဒေသရာဇ်ဆန်ဆန် အုပ်ချုပ်ခဲ့မှု အဆုံးသတ်ပြီဖြစ်သည်။ သို့သော် ဆွေစဉ်မျိုးဆက် အာဏာဆက်ကိုင်ထားရန် ရည်ရွယ်လုပ်ဆောင်ခဲ့မှုများအပေါ် အတိုက်အခံများက ထောက်ပြနေကြသည်။ ဝန်ကြီးချုပ်ဖြစ်လာမည့် အသက် ၄၅ နှစ်အရွယ် ဟွန်မနက်သည် ဟွန်ဆန်၏ သားအကြီးဆုံးဖြစ်ပြီး အနောက်နိုင်ငံများဖြစ်သော အမေရိကန်နှင့် ဗြိတိန်နိုင်ငံများတွင် စစ်ပညာ၊ စီးပွားရေးပညာများနှင့်ဆိုင်သော အဆင့်မြင့်ပညာများ သင်ကြားခဲ့သူတစ်ဦးဖြစ်သည်။ သူသည် အမေရိကန် West Point စစ်တက္ကသိုလ်မှ ဘွဲ့ရရှိထားသူဖြစ်ပြီး ကမ္ဘောဒီယားနိုင်ငံ၏ ဒုတိယစစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ဟွန်မနက်၏ နိုင်ငံရေးအမြင်နှင့် ပတ်သက်၍ […]