ရေး ကိုးမိုင်တံတား တွင် မိုင်းကွဲ၍ ကားများပိတ်မိ
Dawei Watch
November 22, 2024မွန်ပြည်နယ် ၊ ရေးမြို့ နှင့် မလွှဲတောင်အကြားရှိ ကိုးမိုင်တံတားတွင် ယနေ့ (နိုဝင်ဘာ ၂၂) နံနက်အစောပိုင်းက မိုင်းပေါက်ကွဲ၍ တံတားလမ်းသားများ ပျက်စီးသွားပြီး ဖြတ်သန်းသွားလာ၍ မရတော့သဖြင့် ကားများပိတ်မိနေသည်ဟု ကားသမားများထံကသိရသည် ။ ” မနက် ၇ နာရီလောက် တံတားထိပ်ရောက်ကတည်းက ဖြတ်မရတော့ဘူး ။ မိုင်းကွဲပြီး လမ်းသားတွေပျက်နေတယ်။ ကားတွေအကုန်ပိတ်မိနေကြတယ် ။ တချို့လည်းပြန်လှည့်သွားကြတယ် ” ဟု ရေးမြို့ဘက်မှလာ၍ လမ်းပိတ်မိနေသည့် ကားသမားတစ်ဦးကပြောသည်။ ထားဝယ်ဘက်ခြမ်းမှ တက်လာသည့် ကားများကိုမူ မလွှဲတောင်ဂိတ်မှ ပေးမဖြတ်သေးကြောင်း မလွှဲတောင်ဂိတ်တွင် ပိတ်မိနေသည့် ကားသမားများထံက သိရသည်။ ” မလွှဲတောင်ဂိတ်က ဖွင့်ထားတယ် ။ အဆင်းဘက်ခြမ်းကို ညကတည်းက တောင်ထိပ်မှာ ညအိပ် နေတဲ့ကားတွေ ပေးဖြတ်နေတယ်။ အတက်ကားတွေကိုတော့ […]