ရွေးကောက်ပွဲ အကြိုနေ့ ညနေပိုင်း ထားဝယ်တွင် လူငယ်အများအပြားဖမ်းဆီးခံရ
Dawei Watch
January 10, 2026ထားဝယ်မြို့၊ ကျန်းမာရေးလမ်း (ခ) လမ်းမသစ်၌ ယနေ့ ဇန်နဝါရီလ ၁၀ ရက် ညနေပိုင်းတွင် အမျိုးသား အများအပြားကို စစ်အာဏာရှင်တပ်သားများက အချုပ်ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရသည့် မြို့ခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သားများက အချုပ်ကားအပါအဝင် ကားခြောက်စီးဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ “ထန်းပင်တန်း ထန်းရည်ခါးတဲ (ဆိုင်) မှာရှိတဲ့ လူတွေရော လမ်းမှာသွားနေတဲ့ ယောင်္ကျားလေးတချို့ရော အချုပ်ကားနဲ့ တစ်ခါတည်း ဆွဲတင်သွားတယ်။ ငါးဖမ်းနေတဲ့ ကလေးကသုံးယောက်ပါတယ်။ အားလုံး တစ်ဆယ်ကျော်တယ်” ဟု ၎င်းက ဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။ ဇန်နဝါရီလ ၈ ရက် ညကလည်း ထားဝယ်မြို့ရှိ ရပ်ကွက်အချို့တွင် လူငယ်ဆယ်နှင့်ချီ၍ ညဘက်နေအိမ်၌ ဖမ်းဆီး စစ်မှုထမ်းစုဆောင်းခံခဲ့ရကြောင်း ကာယကံရှင်မိသားစုများထံမှ […]


