အုန်းသီးမှ တန်ဖိုးမြှင့်ကုန်ထုတ်နည်း သင်တန်းတက်နိုင်
diz_admin
January 20, 2020အုန်းသီးမှ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နည်းသင်တန်းကို တက်ရောက် ရန် သင်တန်းသားများခေါ်ယူနေသည်။ အဆိုပါသင်တန်းကို စက်မှုကြီး ကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တိုင်းဒေသကြီး အုန်းသီးစိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းတို့က ပူးပေါင်းဖွင့်လှစ် မည်ဖြစ်သည်။ ဇန်နဝါရီလ ၂၁ ရက်မှ ၂၃ ရက် အထိ သုံးရက်တာ ဖွင့်လှစ်မည့် အဆိုပါ သင်တန်းတွင် အဝတ်လျှော် ပန်းကန်ဆေး လက်ဆေးဆပ်ပြာရည်လုပ်နည်း၊ မျက်နှာသစ်ဆပ်ပြာရည်လုပ်နည်း၊ ဆံပင်သန်ဆေးလုပ်နည်း စသည့် အကြောင်းအရာ ၆ ခုကို သင်ကြားပေး မည်ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။ သင်တန်းကြေးအဖြစ် ငွေကြေး ကောက်ခံမည်မဟုတ်သော်လည်း သင်တန်း အထောက်အကူပြုပစ္စည်းများ အတွက် ငွေကျပ်တစ်သောင်း ပေးသွင်းရ မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ သင်တန်းတွင် […]


