တံဆိပ်ကိုကြိုက်သည် အရည်အသွေးကို ထိန်းသိမ်းပါ
diz_admin
January 22, 2020ကျွန်တော်တို့ နေ့စဉ်ဘ၀မှာ တံဆိပ်တွေဟာ အရေးပါလှပါတယ်။ အစားအသောက်ဖြစ်ဖြစ်၊ အဝတ် အထည်ဖြစ်ဖြစ် ဘယ်က ထုတ်တာလဲ၊ ဘယ်တံဆိပ်လဲ စသည်ဖြင့် မေးမြန်းလေ့ ရှိပါတယ်။ ယုတ်စွအဆုံး ရပ်ကွက်ထဲ မုန့်ဟင်းခါး စားတဲ့နေရာမှာတောင် ဘယ်သူ့ မုန့်တီလဲ ဆိုတာက အတော်တာသွားပါ တယ်။ ဘယ်သူ့မုန့်တီကမှ အကောင်း၊ ဘယ်ဆိုင်က လို့ပြောလိုက်တာနဲ့ အဲဆိုင် ဆိုရင်တော့ဖြင့် အချို့မှုန့်တွေတအားထည့် တာ၊ ငါးက မလတ်ဘူး။ ဟိုဆိုင်ကဆိုရင် တော့ဖြင့် ထားဝယ်မုန့်တီကို ငါးပုတ် ခြောက်ကလေးက အနံ့ကလေးကတော့ ဖြင့်ဘယ်လို၊ လန်ဂေါ်ရွက် (တညင်ရွက်) ကတော့ ဘယ်လိုလေးနူးတာ၊ ငှက်ပျောအူ ကလေးဆိုတာ ဝါးလိုက်ရင်တော့ဖြင့် နူးအိပြီးဘယ်လို စားကောင်းတာ စသည် ဖြင့် ပြောကြဆိုကြလေရဲ့။ ဒီလိုနည်းမျိုးစုံ နဲ့ တံဆိပ်တွေဟာ ကျွန်တော်တို့ရဲ့ […]