များတို့ဘဝ မလွယ်လှ
diz_admin
January 21, 2021မီးထိန်ထိန်လင်းနေသည့် ထားဝယ်မြို့၊ လမ်းမကြီး အဝိုင်းတစ်နေရာတွင် အမျိုးသမီးဟု ထင်ရသည့် လူတစ်စု ထိုင်နေကြသည်။ သာမန်ကြည့်လိုက်လျှင် အမျိုးသမီးများဟု ထင်ကောင်းထင်နိုင်ပေသည်။ သို့သော် အနီးကပ်ကြည့်လိုက်ချိန်တွင်မူ အမျိုးသမီးကဲ့သို့ ဆင်ယင်ထားသည့် လိင်တူချစ်သူ ဂေးလ်များ ဖြစ်နေသည်။ သူတို့သည်ကား စကားစမြည် ပြောဆိုရင်း ထိုင်နေကြပြီး လမ်းသွားလမ်းလာ အမျိုးသားများကို စိတ်ဝင်တစား ငေးကြည့် နေတတ်သေးသည်။ ထိုနေရာသို့ အမျိုးသားအချို့လည်း စိတ်တူ ကိုယ်တူပျော်ပါးမည့် လိင်တူချစ်သူများကို လာရှာ လေ့ရှိသည်။ ထိုကြောင့် ယင်းနေရာလေးသည်ကား ချစ်သူအဝိုင်းဟု တင်စားခေါ်နိုင်လောက်ပေသည်။ လှည့်ကင်းရဲကား လာသည့်အချိန်တွင် ထပြေးရလေ့ရှိပြီး တစ်ခါတစ်ရံ အိမ်သို့စောစောပြန်ရန် ပြောဆိုလေ့ရှိဟု ဆိုသည်။ ယင်းနေရာတွင် လာထိုင်လေ့ရှိသူများအနက် လိင်တူချစ်သူဂေးလ်တစ်ဦးဖြစ်သည့် မခရေ (အမည်လွှဲ) လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ကိုဗစ်ကာလတွင် မိတ်ကပ်အလှပြုပြင်ရေး […]


