မျှော်လင့်ခြင်း ထောင်ဝင်စာ
diz_admin
March 6, 2021ထောင်ထဲမှာ သူ့ အမျိုးသား ရှိ၊ မရှိ မသေချာပေမဲ့ ဒေါ်ဖြူဝင်းကတော့ ပုံမှန်ထောင်ဝင်စာပို့နေပါတယ်။ ထားဝယ် အကျဉ်းထောင်ထဲမှာ သူ့အမျိုးသားကို ဖမ်းဆီး ထိန်းသိမ်းထားတယ် ဆိုတာကို ဒေါ်ဖြူဝင်းသေချာမသိပါဘူး။ ဒါပေမယ့် သူ ထားဝယ်အကျဉ်းထောင်ရှေ့ကို နေ့ တိုင်းရောက်ပါတယ်။ သူ့အမျိုးသားကို ထောင်ဝင်စာလာတွေ့တာပါ။ ဒေါ်ဖြူဝင်းရဲ့ အမျိုးသား နာမည်က ဦးစိုးမြိုင်ပါ။ အသက် ၃၅ နှစ် အရွယ်လောက်ရှိပါပြီ။ ဖေဖော်ဝါရီလ ၁၈ ရက် ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်တဲ့ညက ရဲ တပ်ဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံခဲ့ရသူဖြစ်ပါတယ်။ ညပိုင်းမှာဖမ်းဆီးသွားပြီး မိသားစု နဲ့လုံးဝတွေ့ခွင့်၊ စကားပြောခွင့်မရဘဲ နောက်တစ်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) ညနေမှာ ထားဝယ်အကျဉ်းထောင်ကို ပို့လိုက်ပြီဆိုပြီး သတင်းကြားလို့ ဒေါ်ဖြူဝင်း နေ့တိုင်း […]


