ကပ်ဘေးကြားမှ ကျောတစ်ခင်းစာ
diz_admin
August 22, 2021အသက် ၃၄ နှစ်အရွယ်ရှိ မဖြူ တစ်ယောက် လကုန်မည့်ရက်ကို တွေးရင်း သောကတွေ ရတက်ပွေနေသည်။ လကုန်သည့်အချိန် ပုံမှန်အိမ်လခမပေးနိုင်၊ နောက်ကျမှသာ ပေးချေနိုင်သည်မှာ ယခုဆိုလျင် ခြောက်လခန့်ရှိနေပြီဖြစ်သည်။ ဖြစ်နိုင်လျှင် လကုန်သည်နှင့် “ရော့—-အင်း”ဟုဆိုကာ အိမ်လခလေးကို ပေးလိုက်ချင်သည်။ သို့သော် မဖြူ (အမည်လွှဲ) မတတ်နိုင်။ “အိမ်ကယောင်္ကျားက လကုန်ုပြီး တစ်ပတ် ဆယ်ရက်လောက်ကြာမှ အိမ်လခကိုလာပေးတတ်တယ်။ လာမပေးခင်စပ်ကြား အိမ်ရှင်အဖွားကြီးက နေ့တိုင်းတောင်းတယ်။ အဆင်မပြေသေးဘူး ခဏလေးစောင့်ပေးပါဦး ဆိုပြီး တောင်းပန်တာလည်းမရဘူး”ဟု မဖြူ ကပြောသည်။ အသက် ၅၀ ကျော်ရှိနေပြီဖြစ်သည့် မဖြူ ယောက်ျား ဦးကျော်(အမည်လွှဲ) သည် ငါးဖမ်းလှေ လုပ်ကိုင်သူဖြစ်ပြီး ယခင်ကအဆင်ပြေခဲ့သော်လည်း ကိုဗစ်စဖြစ်ပြီးနောက် အလုပ်အကိုင်အဆင်ပြေခြင်းမရှိတော့ပေ။ သည်တော့ အိမ်ငှားခလစာ လာပေးသည့်အချိန်လည်း မမှန်တော့။ “အိမ်လခက […]


