အမေ ငွေမျှော်နေရော့မယ်
diz_admin
June 21, 2021ကိုကျော်စိုးတစ်ယောက် မလေးရှားကနေ မြန်မာပြည်တွင်းက မိခင်ဖြစ်သူထံ ငွေပို့ပေးဖို့ အခက်အခဲဖြစ်နေပါတယ်။ ဝါဆိုသင်္ကန်းကပ်ချင်တဲ့ သူ့အမေဆီ ငွေငါးသိန်းကျပ် ပို့ချင်နေတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ကိုဗစ်ကြောင့် လမ်းထွက်လို့မရဖြစ်နေတာကြောင့် ငွေပို့သွားဖို့ ခက်ပါတယ်။ အဲဒီကြားမှာပဲ မြွေပူရာကင်းမှောက်ဖြစ်ပါတယ်။ မြန်မာနိုင်က ပုဂ္ဂလိကဘဏ်တွေကို ငွေပို့ရခက်ခဲတာ၊ ပို့ချင်သလောက်ပို့လို့မရတာတွေက ထပ်ဆင့်ဖြစ်ပွားနေပြန်ပါတယ်။အဲဒီလိုအခက်အခဲတွေကြောင့် ဝါဆိုသင်္ကန်းကပ်ချင်တဲ့ အမေ့ဆန္ဒမဖြည့်ဆည်းနိုင်မှာကို ကိုကျော်စိုးတစ်ယောက် စိုးရိမ်နေရပါတယ်။ “ကိုယ့်မိဘကို ထောက်ပံ့ချင်လို့ ငွေပို့ပေးဖို့ကို ဟိုမေး၊ ဒီမေး လိုက်စုံစမ်းနေရတယ်” လို့ ကိုကျော်စိုးက ပြောပါတယ်။ကိုကျော်စိုးဟာ မလေးရှားနိုင်ငံ ဆလန်းဂေါပြည်နယ် ကလန်းမြို့မှာ စားသောက်ဆိုင်ရောင်းနေတာဖြစ်ပါတယ်။ သူ့ဇာတိက စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်သားဖြစ်ပါတယ်။ သူဟာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်သူတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့တာပါ။ သူနဲ့ ဇနီးဖြစ်သူက မလေးရှားမှာ အလုပ်လုပ်နေတာ နှစ်ဆယ်ချီရှိနေပါပြီ။ သားသမီးနှစ်ဦးကတော့ လောင်းလုံးမြို့နယ်က ရွာတစ်ရွာမှာ သူ့ယောက္ခမတွေနဲ့အတူတူ […]


