ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းပါး

မျက်ရည်ဖြင့် ဆင်နွှဲရသည့် သင်္ကြန်

diz_admin

April 13, 2023

လူအုပ်စုကြီးက မိမိအလှည့်ရောက်မည့်အချိန်ကို နွေနေပူပူတွင် စောင့်ဆိုင်းနေကြရသော်လည်း မျက်နှာများတွင် အပြုံးရိပ်များဖြင့် တက်ကြွမှုများတွေ့နေရသည်။ တစ်နှစ်တာလုံး ရေခြားမြေခြားတွင် အလုပ်လာရောက်လုပ်ကိုင်နေသူများအတွက် အိမ်ပြန်ရတော့မည်ဆိုသည့် အတွေးက နွေနေပူပူကိုပင် အံတုနေသယောင်။ သူတို့တွေက သင်္ကြန်တွင်း နေရပ်ပြန်ကြမည့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။ မြန်မာနိုင်ငံသားများတော့မဟုတ် ကမ္ဘောဒီယားနိုင်ငံသားများဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းများအတွက် မိမိမွေးရပ်နိုင်ငံမှ ထွက်ခွာ၍ ရွှေ့ပြောင်းအလုပ် လုပ်ကိုင်နေခဲ့ရသော မြန်မာအလုပ်သမား အရေအတွက်သည် ထိုင်းနိုင်ငံတွင် သန်းချီရှိသည်။ အလုပ်သမားများသည် တစ်နှစ်ပတ်လုံး အလုပ်လုပ်ပြီးနောက် သင်္ကြန်အားလပ်ရက်တွင် မြန်မာနိုင်ငံရှိ မိဘအိမ်သို့ တစ်လခန့်ကြာအောင် နေရပ်ပြန် ရေကစားလေ့ရှိကြသည်။ ထိုင်းနိုင်ငံက ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်နီးပါးပိတ်ထားခဲ့သော နယ်စပ်ဂိတ်များ၊ နိုင်ငံတကာလေဆိပ်များကို ယခင်နှစ်လယ်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ယခုနှစ်တွင် နိုင်ငံအလိုက် နှစ်သစ်ကူးပွဲတော် ဆင်နွှဲရန်အတွက် လာအို နှင့် ကမ္ဘောဒီးယား […]

အမေရိကန် အောက်လွှတ်တော်အမတ်နှင့် ထိုင်ဝမ်သမ္မတတို့ တွေ့ဆုံမှုအပေါ် ပြင်းထန်လာသော တရုတ်အစိုးရ၏ တုံ့ပြန်မှုများ

diz_admin

April 9, 2023

အမေရိကန် ၏ နိုင်ငံရေး ခေါင်းဆောင်မှု အဆင့်တွင် တတိယ အမြင့်ဆုံး အရာရှိ ဖြစ်သည့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ  ကယ်ဗင် မက်ကာသီ နှင့် အခြားသော ရီပတ်ဘလီကန် နှင့် ဒီမိုကရက်တစ် ပါတီများမှ လွှတ်တော် အမတ်များသည် ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆီမိုင် တောင်ကြားရှိ ရော်နယ်ရေဂင် သမ္မတ စာကြည့်တိုက်တွင် ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ် ကို လက်ခံတွေ့ဆုံခဲ့သည်။ ခရီးစဉ်မစတင်မီကတည်းက တရုတ်ထံမှ လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်မှုများ ဆက်တိုက် ရှိနေခဲ့သော်လည်း အမေရိကန် နှင့် ထိုင်ဝမ် သည် ယင်းတွေ့ဆုံမှုကို အကောင်အထည် ဖော်ခဲ့ကြသည်။ ဤသို့ ဧပြီ ၅ရက်နေ့ ၊  အမေရိကန်မြေပေါ်တွင် ရာထူးကြီး အမေရိကန် အရာရှိ တစ်ဦးအပါအဝင် […]

ထားဝယ်သင်္ကြန်တဲ့လား…………..

diz_admin

April 6, 2023

စစ်ကောင်စီက မကြာခင်ကျရောက်တော့မယ့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပနိုင်ဖို့ အားသွန်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ၊ မီးခိုးငွေ့တွေ၊ အထွေထွေအကျပ်အတည်းတွေနဲ့ စိတ်ပျက်စရာ အခြေအနေကို အာဏာသိမ်း စစ်ကောင်စီက ပြည်ဖုံးကားချလိုက်ချင်ပါပြီ။ သင်္ကြန်ပွဲတော်ကို စည်ကားအောင် လုပ်လိုက်ယုံနဲ့ အမှန်တကယ် ဖြစ်ပျက်နေတာတွေ ကွယ်ပျောက်သွားမှာလား ဆိုတာကတော့ မေးခွန်းထုတ်စရာတောင် မလိုဘူးထင်ပါတယ်။ ဒါပေမဲ့လည်း မကြာခင်ကျင်းပတော့မယ့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပနိုင်ရေး အားသွန်ခွန်စိုက် လုပ်ဆောင်နေတာကတော့ အသေအချာပါပဲ။ မြန်မာနိုင်ငံတောင်ပိုင်းက ထားဝယ်မြို့ထဲမှာဆိုရင်လည်း သင်္ကြန်မဏ္ဍပ်တွေ ပြီးလုနီးပါးဖြစ်နေကြပြီ။ ဒီနှစ်ထားဝယ်မြို့ထဲ သင်္ကြန်မဏ္ဍပ်သုံး‌ခုနဲ့ မြို့ပြင်မှာတစ်ခု စုစုပေါင်း လေးခုလောက်ရှိနိုင်ပါတယ်။ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်နားက ဗဟိုမဏ္ဍပ်၊ ဖိုးသီးချိုကလေးကစားကွင်းနားမှာက တစ်ခု၊ တိုင်းအစိုးရဖွဲ့ရုံးနံဘေး ဆောက်လုပ်ရေးဦးစီးဌာနရုံးဝင်းထဲမှာတစ်ခု၊ ထားဝယ်အဝေးပြေးဝင်းဘက်ကိုသွားတဲ့လမ်းက တပ်နယ်မဏ္ဍပ်တစ်ခု အားလုံးပေါင်းလေးခုပါ။ မနှစ်သင်္ကြန်တုန်းကလည်း စည်ကားအောင်လုပ်မယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ မှန်းချက်နဲ့နှမ်းထွက် မကိုက်ဘူးလို့ပဲဆိုရမှာပါ။ […]

မိုင်းအန္တရာယ် ကာကွယ်နိုင်မည့် App 

diz_admin

April 5, 2023

စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့်ဒေသများ၊ ယခင်နှစ်များက တိုက်ပွဲများဖြစ်ပွားခဲ့ဖူးသည့်ဒေသများတွင် နေထိုင်သူတို့ ဆောင်ထားသင့်သည့် မိုင်းအန္တရာယ်ပညာပေး App တစ်ခုအကြောင်းကို မိတ်ဆက်ဖော်ပြပေးပါမည်။ “MRE Myanmar” ဟု အမည်ရသည့် မိုဘိုင်းလ် App တွင် မိုင်းအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် စသည့် သိသင့်သိထိုက်သည်များကို ဖော်ပြထားသည်။ ၎င်း App ကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF Myanmar) က ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်သည်။ “မြေမြှုပ်မိုင်းတွေက အသက်သေဆုံးစေတဲ့အထိ အန္တရာယ်များပါတယ်။ ဒါပေမဲ့ ဒီမိုင်းအန္တရာယ်ပညာပေး app နဲ့ ဆိုရင်တော့ ဖုန်းကနေပဲ ကိုယ့်အသက်ကို ကာကွယ်ပေးနိုင်တဲ့ သတင်းအချက်တွေ ရရှိနေနိုင်ပါပြီ” ဟု ယူနီဆက်အဖွဲ့က ထုတ်ပြန်ထားသည်။ မိုင်းအန္တရာယ်အကြောင်းများကို သရုပ်ဖော် ရုပ်သံဗီဒီယိုဖိုင်ဖြင့် ရှင်းလင်းပြောပြထားသည်။ မည်သူမဆို အလွယ်တကူအသုံးပြုနိုင်ပြီး နားလည်လွယ်အောင် ဖန်တီးထားသည်ကိုတွေ့ရသည်။ […]

တံတားဖွင့်ပွဲ တစ်ခု၏ အဖိုးအခ – မီးခိုးများ၊ ပြာများ၊ သွေးညှီနံ့များ

diz_admin

April 3, 2023

ထားဝယ်မြို့တွင် အလှဓာတ်ပုံရိုက်စရာနောက်ထပ် နေရာတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်သည်။ သို့သော် အခြားတစ်ဖက်တွင် သွေးညှီနံ့များ၊ ပြိုကွဲသွားသော မိသားစု အဆောက်အဦများ၊ တောတောင်အတွင်း ထွက်ပြေးခဲ့ရသော လောင်းလုံးဒေသခံများ၏ ဒဏ်သင့်ခြေရာများ၊ ကျမျက်ရည်များ ရှိနေသည်။ စစ်အုပ်ချုပ်ရေး နယ်မြေမဟုတ်သော လောင်းလုံးသို့ ကုန်းလမ်းရေလမ်းမှ ညှပ်ပြီး စစ်ကြောင်းထိုးလာသည်။ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်နေဆဲ လောင်းလုံး၊ အခါမရပ် ရှင်းလင်းသတ်ဖြတ်မှုများ ရှိတတ်သော လောင်းလုံး၊ မတ်လဆန်းတွင် မထင်မှတ်သော ရောင်စုံဖြစ်စဉ်များကို ဆောင်ကြဉ်းလာသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ပုလောနှင့် တနင်္သာရီမြို့နယ် နှစ်ခုကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး လောင်းလုံးမြို့နယ် မပါဝင်ပါ။ သို့သော် လောင်းလုံးမြို့နယ်ကို မတ်လ ဆန်းမှ စတင်၍ ဆက်တိုက်စစ်ကြောင်းထိုးလာပြီး ရွာပေါင်း ၆ ရွာမှ နေအိမ်များမီးရှို့ခံရသည်။ ဒေသခံအချို့ သတ်ဖြတ်ခံလိုက်ရသည်။ လောင်းလုံးဒေသခံများ၏ […]

တနင်္သာရီတိုင်း အမဲရောင်နယ်မြေက အဖိနှိပ်ခံဘဝများ

diz_admin

March 30, 2023

ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းတစ်လျှောက်ရှိ ရွာလေးတချို့မှာ လူခြေတိတ်ဆိတ်နေသည်။ မီးလောင်ထားသဖြင့် အိမ်များမှာလည်း ကျိုးတိုးကျဲတဲ။ အချို့အိမ်များဆိုလျှင် မီးလောင်ငုတ်တိုများ၊ မီးလောင်ထားသဖြင့် မဲနက်နေသည့် သစ်သားပြတင်းဘောင်များ၊ မီးလောင်ထားသော အုတ်နံရံများဖြင့် တိုက်အိမ်ဟောင်းလောင်းများက မြို့ပျက်ကြီးသဖွယ်ဖြစ်နေသည်။ ရွာတွင်းလမ်းများသည်လည်း သွားလာသူ အနည်းငယ်သာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ “ကျွန်တော်အသက် ၅၀ ပြည့်မှ ဒီအိမ်လေးကို ဆောက်နိုင်တာပါ။ နောက်ထပ်ပြန်ဆောက်ဖို့ဆိုတာကတော့ ဒီတသက် မလွယ်တော့ဘူး။ တော်တော်လေးပြန်ပြီး ရုန်းကန်စုဆောင်းရဦးမယ်ပေါ့ဗျာ” ဟု မြိတ်ခရိုင်ပုလောမြို့နယ်၊ တိုရွာနေ အသက် ၆၀ အရွယ်ရှိ ဦးလေးမောင် (အမည်လွှဲ) က ဆိုလိုက်သည်။ တိုရွာသည် ယခင်ရွာကြီးတစ်ရွာဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ပလမြို့၏ အမှတ် ၁၊ အမှတ် ၂ ရပ်ကွက်အတွင်း ထည့်သွင်းထားသည်။ ဦးလေးမောင် နေထိုင်သည့် တိုရွာသို့ ၂၀၂၂ ဒီဇင်ဘာလ ၃၀ […]

NLD ၊ ဆန္ဒပြအင်ဂျင်နီယာစစ်ကြောင်းနှင့် စစ်ကောင်စီ သုံးပွင့်ဆိုင် ထားဝယ်မြစ်ကူးတံတား

diz_admin

March 26, 2023

ကမြောကင်းတံတားနှင့်ဘေးချင်းကပ်နေသည့် ထားဝယ်မြစ်ကူးတံတားအသစ်ကို စစ်ကောင်စီက ယနေ့ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ အဆိုပါတံတားမှာ NLD အစိုးရက စဆောက်ပြီး ဆန္ဒပြအင်ဂျင်နီယာများက ပန္နက်ရိုက်ကာ စစ်ကောင်စီက ဖဲကြိုးဖြတ်လိုက်သည့် တံတားတစ်စင်းဖြစ်သည်။ ယင်းအပြင် ပြည်သူများအတွက်ဆိုသော ယင်းတံတားသစ် ဖွင့်ပွဲမတိုင်မီတွင် ပြည်သူ့နေအိမ် ၁၀၀ ကျော်မီးရှို့ခံခဲ့ရပြီး အရပ်သားဖမ်းဆီး၊ သတ်ဖြတ်ခံရမှုများလည်းရှိနေခဲ့သည်။ သုံးပွင်ဆိုင် တံတား အဆိုပါမြစ်ကူးတံတားအသစ်ဖြစ်လာသည့် စိတ်ကူးစိတ်သန်းမှာ NLD အစိုးရလက်ထက် အမျိုးသားလွှတ်တော်မှ စတင်ခဲ့သည်ဟု ဆိုနိုင်သည်။ ထားဝယ်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအောင်ဝင်း၏ တောင်းဆိုချက်အရ လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တံတားအသစ်စီမံကိန်း မြေသားစမ်းသပ်ရန်အတွက် ငွေကျပ်သန်းငါးရာ အသုံးပြုခဲ့သည်ဟု တည်ဆောက်ရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုထားခဲ့သည်။ နောက်နှစ်တွင်မူ တံတားအတွက် ပြည်ထောင်စုအဆင့်က အနည်းဆုံးငွေကျပ် ၁ ဘီလီယံကို အသုံးပြုခဲ့သလို တိုင်းအစိုးရကလည်း […]

ရွေးကောက်ပွဲအပြီးတွင် ပြည်တော်ပြန်ကာ ထောင်ဒဏ်ကျခံမည်ဆိုသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်

diz_admin

March 25, 2023

ဒါလီ (Kyodo News ၏ဆောင်းပါးကို ဘာသာပြန်ဆိုသည်) ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက လာမည့်အထွေထွေရွေးကောက်ပွဲရလဒ် မည်သို့ပင် ဖြစ်စေကာမူ ၎င်း၏ ကျန်ရှိနေသည့် ဘဝတစ်လျှောက်လုံး မိသားစုနှင့် အတူနေထိုင်ခွင့်ပေးမည်ဆိုပါက ထိုင်းနိုင်ငံတွင် အကျဉ်းကျခံရန် အဆင်သင့်ရှိကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။ တိုကျိုခရီးစဉ်အတွင်း Kyodo News သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြည်နှင်ဒဏ်ခံကာ ပြည်ပတွင် နှစ်ပေါင်းများစွာ နေခဲ့ရပြီးနောက် သက်ဆင်သည်  ယခုလို အချိန်မျိုးကို စောင့်စားနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ထောင်ဒဏ်ကို ရှောင်ရှားရန်အလို့ငှာ သက်ဆင်သည် ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ထွက်ခွာခဲ့ရသည်။ “အခုတော့ ကျွန်တော့်မိသားစုနဲ့ ခွဲခံခဲ့ရတာမို့လို့ ထောင်ကြီးထဲမှာ ၁၆ နှစ် ကျခံပြီးပြီ” ဟု သက်ဆင်က ဇာတီမြေ၏ အလွန် သူ့ဘဝအကြောင်းကို […]