မိုင်းအန္တရာယ် ကာကွယ်နိုင်မည့် App
diz_admin
April 5, 2023စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့်ဒေသများ၊ ယခင်နှစ်များက တိုက်ပွဲများဖြစ်ပွားခဲ့ဖူးသည့်ဒေသများတွင် နေထိုင်သူတို့ ဆောင်ထားသင့်သည့် မိုင်းအန္တရာယ်ပညာပေး App တစ်ခုအကြောင်းကို မိတ်ဆက်ဖော်ပြပေးပါမည်။ “MRE Myanmar” ဟု အမည်ရသည့် မိုဘိုင်းလ် App တွင် မိုင်းအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် စသည့် သိသင့်သိထိုက်သည်များကို ဖော်ပြထားသည်။ ၎င်း App ကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF Myanmar) က ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်သည်။ “မြေမြှုပ်မိုင်းတွေက အသက်သေဆုံးစေတဲ့အထိ အန္တရာယ်များပါတယ်။ ဒါပေမဲ့ ဒီမိုင်းအန္တရာယ်ပညာပေး app နဲ့ ဆိုရင်တော့ ဖုန်းကနေပဲ ကိုယ့်အသက်ကို ကာကွယ်ပေးနိုင်တဲ့ သတင်းအချက်တွေ ရရှိနေနိုင်ပါပြီ” ဟု ယူနီဆက်အဖွဲ့က ထုတ်ပြန်ထားသည်။ မိုင်းအန္တရာယ်အကြောင်းများကို သရုပ်ဖော် ရုပ်သံဗီဒီယိုဖိုင်ဖြင့် ရှင်းလင်းပြောပြထားသည်။ မည်သူမဆို အလွယ်တကူအသုံးပြုနိုင်ပြီး နားလည်လွယ်အောင် ဖန်တီးထားသည်ကိုတွေ့ရသည်။ […]


