ကိုဗစ်အလွန် ပြန်ဦးမော့လာသည့် အာရှတွင်း မူးယစ်ဆေးဝါး စျေးကွက်
Dawei Watch
June 12, 2023ရာဇ၀တ်အဖွဲ့များက မူးယစ်ဆေးကုန်ကူးသည့် လမ်းကြောင်းသစ်များ ထူထောင်လာသောကြောင့် အာရှဒေသတွင်း မူးယစ်ဆေးဝါးကုန်သွယ်မှုသည် အလွန်အမင်းကြီးထွားလာနေကြောင်း ဇွန်လ ၉ ရက်နေ့ က ထုတ်ပြန်သည့် အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ၏ သုတေသနပြုချက်အရ အရှေ့အာရှ နှင့် အရှေ့တောင်အာရှဒေသများတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စံချိန်တင် မြင့်တက်ခဲ့သည်။ မူးယစ်ဂိုဏ်းများသည် အစုလိုက်အပြုံလိုက် တင်ပို့ရောင်းချမှုသို့ ပြောင်းလဲလုပ်ဆောင်လာကြသောကြောင့် မူးယစ်ကုန်ကူးမှု ပမာဏသည် ကိုဗစ်မတိုင်ခင်ကစံချိန်နီးပါး ပြန်လည်ကျယ်ပြန့်လာပြီ ဖြစ်ကြောင်း တွေ့ရှိရသည်။ ယင်းအပြင် ကပ်ရောဂါဖြစ်ပွားနေသော ကာလအတွင်း နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ပင်မှုနှင့် ခရီးသွားလာမှု ကန့်သတ်ချက်များကို ယခုနောက်ပိုင်း ဖြေလျှော့ပေးလာသည်နှင့်အမျှ နိုင်ငံတကာ ရာဇဝတ်မှု အဖွဲ့အစည်းများသည် ပြန်လည် ချိတ်ဆက်မိလာကြပြီ ဖြစ်သည်။ “၂၀၂၂ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၃ ခုနှစ် […]


