အားကိုးရာမဲ့ ကြောက်ခေတ်လူသားများ
diz_admin
August 28, 2022စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ခွဲခန့်အကြာမှာတော့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဖော်ရွေတတ်တဲ့ ဓလေ့တွေ လျော့ပါးပျောက်ပျက်ကုန်ပါပြီ။ အရပ်တစ်ပါးက လာသူတွေဆို ဖော်ဖော်ရွေရွေနဲ့ ကူညီတတ်တဲ့ မြန်မာနိုင်ငံတောင်ပိုင်းက တနင်္သာရီတိုင်းသားတွေလည်း အခုဆိုရင် လူစိမ်းမြင်တာနဲ့ ကြောက်တတ်နေပါပြီ။ “လူစိမ်းဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အိမ်ထဲအဝင်မခံနဲ့လို့ ကလေးတွေကိုမှာထားရတယ်။ ရေတွေဘာတွေတောင်းသောက်လည်း အိမ်ထဲမဝင်ခိုင်းဘဲ ရေခပ်ပြီးပဲ တိုက်လိုက်တယ်” လို့ ထားဝယ်မြို့ခံ ဒေါ်ထွေး (အမည်လွှဲ) က ဆိုပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းယူမှု ဖြစ်စဉ်အပြီးမှာ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ခဲ့ကြပြီး နောက်ဆုံးမှာတော့ လက်နက်ကိုင်တော်လှန်မှု အထိဖြစ်ပေါ်လာခဲ့ပါတယ်။ အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်မှုဟာ မြန်မာနိုင်ငံအဝှမ်းဖြစ်ပေါ်လာပါတော့တယ်။ ISP Myanmar ရဲ့ စစ်တမ်းအရ စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ […]