စစ်ခေါင်းဆောင် ခေါင်းပေါင်းစွပ်တာ ဘောင်းဘီချွတ်ဖို့လား
Dawei Watch
July 23, 2024ယာယီသမ္မတအဖြစ် စစ်ခေါင်းဆောင်က လက်လွှဲတာဝန်ယူလိုက်တာဟာ သူဆော့ခဲ့တဲ့ ကစကားကွက်တွေထဲမှာ အရှုပ်ထွေးဆုံး အရွေ့တစ်ခုအဖြစ် မြင်နေရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်နဲ့ သမ္မတာဝန်ကို နှစ်ခုတွဲပြီး ယူလို့ရသလားဆိုတဲ့ မေးခွန်းကတော့ စိတ်ဝင်စားဖွယ်အကောင်းဆုံးပါပဲ။ တစ်ဆက်တည်း တွဲပြီးစဉ်းစားစရာက ကာကွယ်ရေးဦးစီးချုပ်ရာထူး ကနေ နားတော့မလို့လားဆိုတာပါပဲ။ အခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့ အခုအခင်းအကျင်းကြောင်းကို မသွားခင်မှာ ယာယီသမ္မတ ဖြစ်ပေါ်လာပုံအကြောင်း ခြေဆင်းဝင်ပါဦးမယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ကြိုးဆွဲရာကို ကဖို့ ယာယီသမ္မတအဖြစ် အတင်းအဓမ္မထိုးတင်ခြင်းခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေဟာ ကျန်းမာအရေးအခြေအနေဆိုးရွားနေတာကြောင့် ဆေးခွင့်ယူထားတယ်လို့ ကြေညာအပြီး လေးရက်အကြာမှာပဲ စစ်ကောင်စီဥက္ကဋ္ဌကို တာဝန်တွေ လွှဲအပ်တယ်ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုလွှဲပြောင်းရတဲ့အကြောင်းက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ ဆောင်ရွက်ဖို့လို့လည်း ဆိုပါတယ်။ အခုဇူလိုင်လကုန်မှာ စစ်ကောင်စီရဲ့ သက်တမ်းကို ဆွဲဆွဲဆန့်နေတဲ့ ခြောက်လသက်တမ်းလည်း ကုန်ဆုံးပါတော့မယ်။ ဒီလိုကုန်ဆုံးတဲ့အခါ ကာ/လုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို […]