BREAKING
October 19, 2025

ဆောင်းပါး

ထိုင်းဘုရင့်နိုင်ငံမှ လိမ္မော်ရောင်ခရီး

Dawei Watch

August 12, 2024

လိမ္မော်ရောင်အလံနောက်က ထိုင်းနိုင်ငံသားတွေရဲ့ ရင်ထဲက ဝေဒနာ ဘယ်လိုပဲ ဖြစ်ပစေ မြိုသိပ်ထားတယ်ဆိုပေမဲ့ နှမလက်လျှော့ နေလေတော့ မဖြစ်သေးပါဘူး။ တကယ်တော့ အပြောင်းအလဲခရီး သန္ဓေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ နီးနီးလောက်က စခဲ့တာပါ။ ဒါပေမဲ့ အခုထိ ပန်းမဝင်နိုင်သေးဘူးပဲ ဆိုရမှာပါ။ လမ်းခရီးရဲ့နောက်ဆုံး သွေးသားအရောင်က လိမ္မော်ရောင်ပါ။ တတိယပ္ပိတပ်ဦးအမည်က ပြည်သူ့ပါတီ။ ပါတီအမည်ကလည်း လွန်ခဲ့နှစ်ပေါင်း ၁၀၀ နီးနီးက စခဲ့တဲ့ အပြောင်းအလဲခရီး တပ်ဦးအမည်။ ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကို ပြန်သွားကြည့်ရမယ်။ သမိုင်းခြေရာ ၁၈၈၅ နှစ်အကုန်မှာ အထက်ဗမာပြည်ကို အင်္ဂလိပ်တပ်တွေ သိမ်းပိုက်ပြီး အိန္ဒိယရဲ့ ပြည်နယ်အဖြစ် နေမဝင်အင်ပါယာထဲ သွတ်သွင်းလိုက်တယ်။ တချိန်က အရှေ့တောင်အာရှမှာ အင်အားအကြီးဆုံးဖြစ်ခဲ့ဖူးတဲ့ ဗမာပဒေသရာဇ်တွေရဲ့ ကျဆုံးခန်းဟာ […]

ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ကို အသက်ကယ်ဆေးထိုးလိုက်သည့် စစ်ကောင်စီ

Dawei Watch

August 11, 2024

စစ်ကောင်စီအတွက် အသက်ရှူပေါက်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း နယ်မြေစိုးမိုးနိုင်မှု ကျဆင်းလာနေသဖြင့် စစ်ကောင်စီက ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ) ကို အာဏာကုန် ပေးအပ်ကာ အသက်ကယ်ဆေးထိုးရန် အစီအစဉ်ချလာသည်။ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း အရေးပေါ်စစ်ဆင်ရေးကိစ္စများတွင် အထက်ကိုတင်ပြရန်မလိုဘဲ တိုက်ရိုက်အမိန့်ပေးကွပ်ကဲရန်အတွက် နေပြည်တော်မှ ဗိုလ်မှူးချုပ်တစ်ဦးကို စစ်ကောင်စီက ထပ်တိုးတာဝန် ပေးအပ်လိုက်ခြင်းဖြစ်သည်။ နေပြည်တော်မှ ဗိုလ်မှူးချုပ်သက်ထွန်းဦးအား ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ကို ပူးတွဲကွပ်ကဲရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်ရိုက်အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ်သက်ထွန်းဦးကို တာဝန်ပေးလိုက်ကြောင်း ဩဂုတ်လ ၉ ရက်နေ့က ကမ်းရိုးတန်းစစ်ဌာနချုပ်ထံ စာပို့အကြောင်းကြားလိုက်ကြောင်း Dawei Watch ၏ စစ်ရေးသတင်း အရင်းအမြစ်က အတည်ပြုပြောဆိုသည်။ တနင်္သာရီတိုင်းအတွင်း အရေးပေါ်စစ်ဆင်ရေးကိစ္စများတွင် အထက်သို့တင်ပြကာ ခွင့်ပြုမိန့်စောင့်ရန်မလိုဘဲ ဗိုလ်မှူးချုပ်သက်ထွန်းဦးကသာ တိုက်ရိုက်အမိန့်ပေးမည် ဖြစ်သည်။ အဆိုပါ ဗိုလ်မှူးချုပ်မှာ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး […]

မုန်တိုင်းအလွန်က မိုးလေဝသနှင့် မေးခွန်းသုံးခု

Dawei Watch

August 7, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရုပ်မြင်သံကြားတွေဟာ ဒါကာမြို့ကောင်းကင်ထဲကို ဟယ်လီကော်ပတာတစ်စီးပျံတက်သွားတဲ့ ပုံတွေကို ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ထုတ်လွှင့်လိုက်တယ်။ ပျော်ရွှင်မှုဟာ လူထုတစ်ရပ်လုံးရဲ့ မျက်နှာပေါ်မှာ ပေါက်ကွဲသွားတယ်။ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ တိုင်းပြည်ကနေ ထွက်ပြေးသွားပြီဆိုတဲ့ သတင်းဟာ လမ်းပေါ်က သန်းနဲ့ချီသော ဆန္ဒပြသူတွေရဲ့ ရင်ဘတ်ကို နက်နက်ရှိုင်းရှိုင်း လှုပ်ခါပစ်လိုက်တယ်။ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံးအမျိုးသမီးဝန်ကြီးချုပ်တွေထဲမှာ ပါတဲ့ သံမဏိလေဒီ ရှိတ်ဟာဆီနာကို နာကျည်းမှုနဲ့ သွေးအပွက်ပွက်ဆူနေတဲ့ နိုင်ငံသားတွေက ပလ္လင်ပေါ်ကနေ တိုက်ချပစ်နိုင်ခဲ့ပြီ။ ၁၉၇၅ ခုနှစ်က စစ်အာဏာသိမ်းမှုမှာ ဖခင်ဖြစ်သူ လွတ်လပ်ရေးခေါင်းဆောင်အပါအဝင် မိသားစုဝင်အားလုံး လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီးနောက် သူမ တိမ်းရှောင်နေထိုင်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံကို အသက် ၇၆ နှစ်အရွယ်မှာ တစ်ကျော့ပြန်ထွက်ပြေးသွားခဲ့ရပြီ။ သံလက်သီးနဲ့ ဖိနှိပ်လာတဲ့ သံမဏိလေဒီကို အသေခံတော်လှန်လာကြတဲ့ ပြည်သူတွေရဲ့ အောင်ပွဲရလက်သီးဆုပ်တွေဟာ ဂုဏ်ယူမှုနဲ့ […]

တစ်ဘေးပေါ် တစ်ဘေးဆင့် ဘေးအမြင့် ပတ်ခြံရံ

Dawei Watch

July 31, 2024

ရေဘေးအကြား စစ်ကြောင်းက ထပ်ထိုးသေးသည်။ မကပါ။ လေကြောင်းကလည်း တိုက်သေးသည်။ တနင်္သာရီဒေသ၏ ရှေးဟောင်းမြို့ငယ် ကလေးမှာ တစ်ဘေးပေါ် တစ်ဘေးဆင့်ခံနေရသည်။ တနင်္သာရီမြစ် မြစ်ဖျားခံရာ ထားဝယ်အရှေ့တောဒေသသည်လည်း ထိုနည်းလည်းကောင်းပင်။ စစ်အာဏာသိမ်းထားသည့် ရက်ပေါင်း ၁၂၇၇ ရက်မြောက်နေ့ဖြစ်သော ယနေ့ ဇူလိုင် ၃၁ တွင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် အဖွဲ့က ကာလုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ) အစည်းအဝေးခေါ်ပြီး အာဏာသိမ်းကာကို ခြောက်လ ထပ်မံသက်တမ်းတိုးလိုက်သည်။ စစ်ခေါင်းဆောင်နှင့် အဖွဲ့က အာဏာတည်မြဲရေး ကြိုးစားနေချိန်တွင် ပြည်သူများကတော့ ရေကြီးရေလျှံမှုများနှင့် ကပ်ဘေးအမျိုးမျိုးကို ခါးစည်းခံနေကြရသည်။ စစ်ကောင်စီက ရေကြီးရေလျှံမှုများကြောင့် ဒုက္ခရောက်နေသည့် တနင်္သာရီမြို့နယ်ကို စစ်ကြောင်းထိုးမပြတ်သလို မနေ့ (ဇူလိုင်လ ၃၀ ရက်နေ့) ကလည်း လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဇူလိုင်လ […]

မီးဖိုချောင်ထဲက လူသတ်သမား

Dawei Watch

July 28, 2024

လက်ရှိကမ္ဘာမှာ ဆင်းရဲတဲ့ နိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာကြီးတစ်ခုဟာ ဆိုးရွားစွာနဲ့ လျစ်လျူရှုခံနေရပါတယ်။ တစ်နှစ်မှာ လူပေါင်း ၄ သန်းလောက်ကို အချိန်မတိုင်ခင် စောစောစီးစီး အသက်နုတ်ယူနေတဲ့ အသံတိတ်လူသတ်သမားဟာ ကျွန်တော်တို့ရဲ့ မီးဖိုချောင်ထဲမှာ အခန့်သား စောင့်ဆိုင်းနေပါတယ်။ လေထုညစ်ညမ်းမှုလို့ စကားစလိုက်ရင် ကားတွေ ပြည့်ကျပ်နေတဲ့ မြို့ပြလမ်းမတွေနဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေကိုပဲ လူအများစုက ပြေးမြင်ကြမှာပါ။ မှန်ပါတယ်။ ညစ်ညမ်းတဲ့ လေထုထဲက မနှစ်မြို့စရာ အမှုန်အမွှားလေးတွေကြောင့် ကမ္ဘာပေါ်က လူပေါင်း ၇ သန်းဟာ အချိန်မတိုင်ခင် သေဆုံးနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကလည်း ဆိုပါတယ်။ ဒါဟာ အရင်က ခန့်မှန်းချက်တွေထက် ပိုများတဲ့ ပမာဏဖြစ်ပါတယ်။ ဘေဂျင်း (တရုတ်)၊ ဒေလီ (အိန္ဒိယ) နဲ့ မက္ကဆီကိုတို့လို မြို့ကြီးတွေဆီက မနားစတမ်း […]

သက်တံရောင်အလံအောက်က တော်လှန်ရေးသမား

Dawei Watch

July 27, 2024

မိုးရိပ်၊ မိုးသားတွေအပြည့် အုံ့မှိုင်းနေတဲ့ ကောင်းကင်ပေါ်ကို မီးခိုးလုံးကြီးတွေ တစ်လိမ့်လိမ့်တက်လာနေတာကို ပြင်းချောင်းရွာသားတွေ အဝေးကအတိုင်းသား တွေ့နေရပါတယ်။ ဘယ်သူမှ အနားမကပ်ဝံ့ကြ။ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ကတည်းက လောင်းလုံးမြို့ အောက်ဖက်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ သူတို့လုပ်နေကျအတိုင်း လမ်းတစ်လျှောက်မှာတွေ့တဲ့ ပြည်သူ့နေအိမ်တွေကို မထင်ရင် မထင်သလို မီးရှို့ဖျက်ဆီးသွားပါတယ်။ အခုလည်း ညင်းမော်ရွာက နေအိမ်သုံးဆောင်ကို မီးရှို့ပြီးဖြစ်တဲ့ စစ်‌ကောင်စီတပ်ဟာ အဲဒီကနေ ပြင်းချောင်းရွာကိုရောက်လာပြီး အကြမ်းမဖက် လူထုသပိတ်တိုက်ပွဲ ဆင်နွှဲနေသူတစ်ဦးဖြစ်တဲ့ ဆူနာမီရဲ့ ပြင်း‌ချောင်းရွာက နေအိမ်ကို မီးရှို့ဖျက်ဆီးနေကြတာပါ။ အိမ်မီးလောင်နေတာကို စိမ်ပြေနပြေ ဝိုင်းအုံကြည့်နေကြတဲ့ စစ်ကောင်စီတပ်ဟာ အပေါ်ထပ်တစ်ပိုင်းလုံး မီးလောင်သွားပြီဆိုတာသေချာမှ ထွက်ခွာသွားကြပါတော့တယ်။ တော်လှန်ရေးမှာ ပါဝင်ကတည်းက တစ်နေ့ဒီလိုအဖြစ်အပျက်တွေ ရှိလာမယ်ဆိုတာကို ဆူနာမီ မျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ လက်တွေ့ရင်ဆိုင်လိုက်ရချိန်မှာတော့ ပုထုဇဉ်လူသားတစ်ဦးပီပီ […]

အဓမ္မစစ်မှုထမ်းခိုင်းရန် ခရီးသွားများကို ပစ်မှတ်ထားလာသည့် စစ်ကောင်စီ

Dawei Watch

July 25, 2024

စစ်မှုမထမ်းမနေရဟုဆိုကာ အဓမ္မဥပဒေပြဋ္ဌာန်းပြီး စစ်သားစုဆောင်းရေး လုပ်ဆောင်နေသည့် စစ်ကောင်စီအတွက် သင်တန်းသားရရှိရေ အခက်အခဲများရှိလာနေသဖြင့် သတ်မှတ်အရေအတွက် ပြည့်မီရန် နည်းလမ်းပေါင်းစုံ အသုံးပြုလာနေသည်။ လတ်တလော Dawei Watch က စုံစမ်းသိရှိရသည့် အချက်အလက်များအရ တနင်္သာရီတိုင်းသို့ ဝင်ရောက်လာသော အခြားဒေသမှ ခရီးသွားများကို ဖမ်းဆီးကာ စစ်မှုထမ်းရန် အဓမ္မလုပ်ဆောင်လာခြင်းပင်ဖြစ်သည်။ အဓမ္မ စစ်မှုထမ်းရန် စေခိုင်းမှု၊ ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုနှင့် စားဝတ်နေရေး ကျပ်တည်းမှုများကြောင့် လူငယ်အများအပြားမှာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်နေကြပြီး တနင်္သာရီတိုင်းကိုဖြတ်၍လည်း ထိုင်းနိုင်ငံအတွင်း ဝင်ရောက်မှုအများအပြား ရှိနေသည်။ ယင်းအခြေအနေကို အသုံးချကာ စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းရန် လုပ်ဆောင်လာခြင်းဟု မျက်မြင်ကြုံရသည့် ကားသမားများက ဆိုသည်။ ယခုရက်ပိုင်းတွင် တနင်္သာရီတိုင်းကိုလာသည့် လူငယ်ခရီးသည်အချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ ရှိနေပြီး အဓမ္မစစ်မှုထမ်းခိုင်းရန် […]

လွတ်လပ်ရေး မော်ကွန်းဝင်ခွဲတမ်းနှင့် သံမဏိလေဒီကို အာခံခြင်း

ဈာန်ဟိန်း

July 24, 2024

ရာဘင်ဒြာနတ်တဂိုးရဲ့ လင်္ကာတစ်ပုဒ်ကို နိုင်ငံတော်သီချင်းလုပ်ထားတဲ့ နိုင်ငံဟာ မုန်တိုင်းတစ်ခုနဲ့ မွေးဖွားလာတယ်။ ပါကစ္စတန်အောက်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ရတယ်။ လွတ်လပ်ရေး မော်ကွန်းဝင်နဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ အလုပ်အကိုင် ခွဲတမ်းတစ်ခု ချထားတယ်။ အဲဒီ ခွဲတမ်းစနစ်က အလုပ်လက်မဲ့ လူငယ်တွေကို ဒေါသဖြစ်စေတယ်။ ကမ္ဘာ့စီးပွားရေး မတည်မငြိမ်မှုက ဘင်္ဂလားဒေ့ရှ် စီးပွားရေးကို လှုပ်ယမ်း၊ အလုပ်လက်မဲ့ ပြဿနာ ပိုတက်လာပြီးတဲ့နောက် အခုလိုမျိုး ဇူလိုင် အရေးအခင်း ပေါ်လာရတာပါပဲ။ အခု ဇူလိုင်အရေးအခင်းကို မသွားမီ လွတ်လပ်ရေးအကြောင်း ပြန်ပြောင်းဆွေးနွေးကြရအောင်ပါ။ ၁၉၄၇ အိန္ဒိယသန်းခေါင်ယံ လွတ်လပ်ရေးနဲ့အတူ အိန္ဒိယတိုက်ငယ်ကနေ အိန္ဒိယနဲ့ ပါကစ္စတန် ဆိုပြီး နိုင်ငံနှစ်ခု မွေးဖွားလာတယ်။ ၁၉၇၀ နိုဝင်ဘာမှာ အရှေ့ပါကစ္စတန်လို့ ခေါ်တဲ့ ဒေသကို ဝှေ့ယမ်းပစ်လိုက်တဲ့ […]