စစ်တပ်အသုံးချခံ ကျောင်းသားတစ်ပိုင်း ပြည်သူ့စစ်
Dawei Watch
March 5, 2026အက်ရှင်ကားတွေထဲမှာ တွေ့မြင်ရတဲ့ မြင်ကွင်းမျိုး ထားဝယ်က စာသင်ကျောင်းထဲမှာ တွေ့နိုင်ပါပြီ။ ထားဝယ်မြို့ အထက်တန်းကျောင်းတစ်ခုရဲ့ အိမ်သာအရှေ့မှာ အဖြူအစိမ်းဝတ် ကျောင်းသားတစ်ယောက်က အခြားကျောင်းသားတစ်ယောက်ကို သေနတ်နဲ့ချိန်ပြီး ဒူးထောက်တောင်းပန်ခိုင်းနေတာပါ။ ဒါက အာဏာသိမ်းပြီး ၄ နှစ်ကျော်လောက်ကစပြီး ထားဝယ်မြို့ပေါ်က စာသင်ကျောင်းတွေမှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွလို့ မောင်ဖြိုးက ဆိုလိုက်ပါတယ်။ ဒီမြင်ကွင်းမျိုးက သူ့အတွက်အထူးအဆန်းမဟုတ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာပါ လို့လည်း ဆိုပါတယ်။ နယ်ကျေးရွာတွေရဲ့ မတည်ငြိမ်မှုတွေကြောင့် ပညာသင်ဖို့အတွက် ၂၀၂၅ ခုနှစ်မှာ ထားဝယ်မြို့ပေါ်ကို အားကိုးတကြီး ပြောင်းရွှေ့လာခဲ့တဲ့ မောင်ဖြိုးအတွက် မြို့ပေါ်က ကျောင်းတော်ကြီးဟာ ထင်ထားသလို လုံခြုံတဲ့နေရာ ဟုတ်မနေခဲ့ပါဘူး။ “သူတို့က ကျွန်တော်တို့ဆီမှာ ပိုက်ဆံလိုက်ချေးတယ်။ ချေးပြီးရင်လည်း ပြန်မပေးတော့ဘူး။ မပေးလို့ တောင်းရင်း ရန်ဖြစ်တော့ ကျွန်တော်တို့ကို ကျောင်းအိမ်သာရှေ့ကိုခေါ်ပြီး သေနတ်နဲ့ချိန်တယ်။ ပြီးရင် […]


