ပုန်းလျှိုးကွယ်လျှိုး ကျင်းပရမည့် လောင်းလုံး၊ သရက်ချောင်းနှင့် ပုလောက ရွေးကောက်ပွဲ
Dawei Watch
January 17, 2026စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်မည့် တနင်္သာရီတိုင်းထဲမှမြို့နယ် ၃ ခုကို စစ်အာဏာရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ရွေးကောက်ပွဲအပိုင်း ၃ တွင် လောင်းလုံး၊ သရက်ချောင်းနှင့် ပုလောမြို့နယ်တို့ ပါဝင်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။ စစ်အုပ်စုက ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကာကျင်းပနေပြီး ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း ၁ ကို ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်တို့တွင် ကျင်းပခဲသလို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် အပိုင်း ၂ ကို ရေဖြူ၊ […]


