ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ငရုတ်သီးအခြောက်နှင့် ကြက်သားဈေးကျသည့် ထားဝယ်ဈေးကွက်

June 6, 2026

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ရွှေအပ်ငရုတ်သီးအခြောက်နှင့် ကြက်သားဈေးနှုန်းများ ကျဆင်းနေသည်။

ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် မေလ ၃၁ ရက်က ထားဝယ်ဈေးကွက်တွင် ရွှေအပ်ငရုတ်သီးအခြောက် တစ်ပိဿာ ၂၀၀၀၀ ကျပ်မှ ယခုသီတင်းပတ်ဖြစ်သည့် ဇွန်လ ၆ ရက်နေ့တွင် တစ်ပိဿာ ၁၉၀၀၀ ကျပ်နှင့် ကြက်သားတစ်ပိဿာ ၂၄၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။

ထို့ကြောင့် တစ်ပတ်အတွင်း ရွှေအပ်ငရုတ်သီးအခြောက် တစ်ပိဿာ ၁၀၀၀ ကျပ်နှင့် ကြက်သားတစ်ပိဿာ ၂၀၀၀ ကျပ် အသီးသီး ဈေးကျသွားခြင်းဖြစ်သည်။

ရန်ကုန်ဆန်နှင့် ဒေသထွက် ဆန်အပြင် စားသုံးဆီ ဈေးနှုန်းများမှာလည်း ဇယားပါ ဈေးနှုန်းများအတိုင်း ဆက်လက် ဈေးငြိမ်နေသည်။

အာလူး၊ ကြက်သွန်ဖြူနှင့် အခြားစားဖိုဆောင်သုံးပစ္စည်းအချို့မှာလည်း ဈေးငြိမ်နေသည်ကို တွေ့ရသည်။