ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတွင် စစ်အာဏာရှင်တပ် ဒရုန်းဖြင့် ဗုံးချသဖြင့် လူနေအိမ်တစ်ဆောင်ပျက်စီး

January 5, 2026

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ ပြင်ဝန်းရွာကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချသဖြင့် လူနေအိမ်တစ်ဆောင် ထိခိုက်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၅ရက် ညနေ ၄နာရီတွင် ဇဝဲကျေးရွာအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ပြင်ဝန်းရွာကို ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပျဥ်ထောင်အိမ်မှာ အိမ်နောက်တစ်ပိုင်း ပျက်စီးသွားတယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အာဏာရှင်တပ်က ဗုံးချတိုက်ခိုက်ခြင်းဖြစ်ပြီး ဗုံးထိမှန်သည့်နေအိမ်တွင် လူမရှိသဖြင့် လူထိခိုက်မှု မရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“အိမ်မှာနေတဲ့သူတွေက အပြင်သွားနေလို့ ထိခိုက်တာတွေ မရှိဘူး” ဟု ၎င်းက ပြောသည်။

မော်တုန်းကျေးရွာအုပ်စုနှင့် ဇဝဲကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှု ဆက်တိုက်ဆိုသလို ပြုလုပ်နေသောကြောင့် သတိဖြင့် နေထိုင်နေရကြောင်း ဒေသခံများက ဆိုသည်။