27.7 C
Dawei
Thursday, August 18, 2022
Home Tags Thailand

Tag: Thailand

ထိုင်းနယ်စပ်တွင် မြန်မာအလုပ်သမား ၉၇ ဦး အဖမ်းခံရ

မလေးရှာနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်မည်ဟုဆိုသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၉၇ ဦးကို ထိုင်း-မလေးနယ်စပ်တွင် ထိုင်းအထူးရဲတပ်ဖွဲ့မှ နှစ်ရက်ဆက်တိုက်ဖမ်းဆီးခဲ့ကြောင်း ထိုင်း နယ်ခြားစောင့် တပ်ရင်း ထံမှသိရသည်။ ထိုင်းနှင့် မလေးရှား နယ်စပ် စုံခလာခရိုင် စဒေါင်းမြို့နယ်တွင် မတ်လ ၁၀ ရက်နေ့တွင် မြန်မာ အလုပ်သမား ၄၂ ဦး...

ခဲခိုးသည်ဟု စွပ်စွဲခံရသူက ထိုင်းမန်နေဂျာကို တရားပြန်စွဲ

ထားဝယ်မြို့ အရှေ့ဖက် ဟိန္ဒားသတ္တုမိုင်းလုပ်ကွက်တွင် ခဲခိုးသည်ဟုဆိုကာ တရားစွဲခံထားရသူက ယင်းကုမ္ပဏီ၏ ထိုင်း မန်နေဂျာကို တရားပြန်စွဲသည်ဟု အကျိုးဆောင်ရှေ့နေထံမှ သိရသည်။ ခဲခိုးသည်ဟု စွပ်စွဲကာ ဖမ်းဆီးရိုက်နက်ခဲ့သည့် ထိုင်းနိုင်ငံသား မန်နေဂျာကို ယင်းသို့ တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။ “အစကတော့ တရားစွဲဖို့အထိ မစဉ်းစားဖြစ်ဘူး၊ ထိုင်းနိုင်ငံသားက မြန်မာပြည်သားကို ထိုးတာ မခံနိုင်လို့...

မဟာချိုင်တွင် မြန်မာနိုင်ငံသား လူကုန်ကူးသူ ၅ ဦး ဖမ်းမိ

ထိုင်းနိုင်ငံ မဟာချိုင်မြို့ ငါးဖမ်းလှေတွင် မြန်မာအလုပ်သမားများအား အဓမ္မအလုပ်ခိုင်းစေကာ ညှင်းပန်းနှိပ်စက်မှု များပြုလုပ်နေသည့် မြန်မာနိုင်ငံသား လူကုန်ကူးသူ ၅ ဦးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ဖမ်းဆီးခဲ့ကြောင်း မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီထံမှ သိရသည်။ မဟာချိုင်ရဲတပ်ဖွဲ့နှင့် အထက်ပါ ကော်မတီတို့က ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ...

ရနောင်းဆိပ်ကမ်းတွင် မြန်မာ ကုန်တင်သင်္ဘောမီးလောင်

ရနောင်းခရိုင်အတွင်းရှိ ဆိပ်ကမ်းတစ်ခုတွင် ကပ်ထားသော မြန်မာ ကုန်တင်သင်္ဘော တစ်စီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အကြီးစားမီးလောင်မှုကြောင့် ဘတ်ငွေ ၁၅ သန်းကျော် ဆုံးရှုံးသွားခဲ့ကြောင်း ထိုင်းမှ လာသော သတင်းတစ်ရပ်အရ သိရသည်။   ရနောင်းစည်ပင်သာယာနယ်နိမိတ်အတွင်း မနစ်ဆိပ်ကမ်းတွင် ရပ်နားထားသော မြန်မာ အလံတင် ကုန်တင်သင်္ဘောမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး...

ဗယ်လင်တိုင်းဒေးမှာ ထိုင်းဆယ်ကျော်သက်တွေ လိင်မှုဖွယ်ရာ ရှောင်ဖို့ နှိုးဆော်

ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျရောက်သည့် ဗယ်လင်တိုင်းဒေးတွင် ထိုင်း ဆက်ကျော်သက်များ လိင်မှုရေးရာများ ရှောင်ကျဉ်ကြရန် ထိုင်း စာရိတ္တမြှင့်တင်ရေး စင်တာက နှိုးဆော်လိုက်သည်။ ချစ်သူများနေ့ဟု မြန်မာနိုင်ငံတွင် ခေါ်ဝေါ်ကြသော ဗယ်လင်တိုင်းဒေးတွင် အန္တရာယ်များသည့် အပြုအမူများကို ရှောင်ရှားသည့် အနေနှင့် ထိုင်းဆက်ကျော်သက်များသည် ညနေစာ အတူစား ချိန်းတွေရုံဖြင့်...

ယင်လပ် ပြည်ပခရီးသွားခွင့် မရ

ဆန်စပါးဝယ်ယူရေး အစီအစဉ်ကြောင့် တရားရင်ဆိုင်နေရသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ကို ထိုင်းအာဏာသိမ်း စစ်အစိုးရကောင်စီက ခရီးသွားလာခွင့် ငြင်းပယ်လိုက်သည်။ ယင်လပ်သည် ဖေဖော်ဝါရီလ ၈ ရက်နေ့က ဟောင်ကောင်သို့ ခရီးသွားခွင့် တင်ပြရာ တရားရင်ဆိုင်နေရသဖြင့် ခွင့်မပြုနိုင်ဟု ဆိုကာ ထိုင်းစစ်အစိုးရ၏ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အမျိုးသား ကောင်စီ (NCPO) က...

ထိုင်းတော်ဝင် မင်းသမီးဟောင်း၏မိဘများ တရားစွဲခံရ

မတရား စွပ်စွဲ ထောင်ချခံရသူဟုဆိုကာ ရစ်ချတ်ဘူရီမှ အမျိုးသမီး တစ်ဦးက ထိုင်းတော်ဝင်မင်းသမီး ဟောင်း သန်ပုရင် ဆရီရဆမီ၏ မိဘများကို တရားစွဲလိုက်သည်။ လွန်ခဲ့သော ၁၂ ကျော်က ၎င်းမကျူးလွန်ခဲ့သော အမှုကို စွပ်စွဲထောင်ချခဲ့သည်ဟုဆိုကာ မယ်ဖာလုံ ဖောင်ဒေးရှင်းတွင် အလုပ်လုပ်ကိုင်သူ ဆဝီဒဟူသော အမျိုးသမီးက ထိုသို့ တရားစွဲဆိုလိုက်ခြင်း...

ဆင်ရန်ကြောင့် ခေါက်ယိုင် အမျိုးသားဥယျဉ် ဖွင့်ချိန်လျော့

ဆင်များနှင့် ထိပ်တိုက်တိုးလာမှုကြောင့် ထိုင်းနိုင်ငံရှိ တတိယ အကြီးဆုံး ခေါက်ယိုင် အမျိုးသားဥယျာဉ် ဖွင့်လှစ်ချိန်ကို လျော့ချသွားမည်ဖြစ်ကြောင်း အမျိုးသားဥယျာဉ် တာဝန်ရှိသူများက ပြောကြားလိုက်သည်။ ဥယျာဉ်မူ ဖွင့်ချိန် နံနက် ၆ နာရီမှ ည ၉ နာရီ အစား နံနက် ၆ နာရီမှ ညနေ...

ကော့တောင်ကျွန်း လူသတ်မှု တရားခံ သက်သေများ လိုက်လံစုဆောင်း

ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်သည်ဟု စွပ်စွဲခံထားရသော မြန်မာနှစ်ဦး၏ အမှုအတွက် ထွက်ဆိုပေးရန်  သက်သေများကို လိုက်လံ ရှာဖွေစုံစမ်းလျှက်ရှိကြောင်း ယင်းအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် မြန်မာသံရုံးမှ အထူးစုံစမ်းရေးအဖွဲ့ထံမှ သိရသည်။ အမှုနှင့် ပတ်သက်၍ နှစ်ဖက် လျှောက်လဲချက်ပေးနိုင်ရန် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၈ ရက်မှ...

ဗုံးပေါက်ပြီး ဘန်ကောက်တွင် လုံခြုံရေးတိုးမြှင့်

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် တနင်္ဂနွေနေ့ညက အသေးစား ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတိုးမြှင့်ထားလိုက်သည်။   ဘန်ကောက်မြို့နယ် ဆိုင်းယမ်းပါရာဂွန် ဈေးဝယ်စင်တာအနီး ဖြစ်ပွားခဲ့သော ယင်းပေါက်ကွဲမှုကြောင့် လူနှစ်ဦး အသေးစားဒဏ်ရာရရှိခဲ့သည်။ ယင်းဖောက်ခွဲမှုမှာ လူ့အသက်ကို ရန်ရှာရန်ထက် စိုးရိမ်ထိတ်လန့်မှုများဖြစ်အောင် လုပ်ဆောင်သည်ဟု ယူဆနိုင်ကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲကဆိုသည်။ “(ဗုံးထောင်တဲ့) နေရာကော သုံးတဲ့ပစ္စည်းတွေကြည့်ရတာ လူတွေကို...