23.9 C
Dawei
Wednesday, August 17, 2022
Home Tags Myeik

Tag: Myeik

ပါကေးငါး ဆင်းတူးရာ အောက်ဆီဂျင် ပြတ်သဖြင့် နှစ်ဦးသေဆုံး

မြိတ်မြို့၊ ကျောက်ဖျာကျေးရွာအုပ်စုအတွင်းရှိ ငါးသေတ္တာ(ငါးစည်)စက်ရုံရှိ ငါးအမှုန့်ကြိတ်စက်တံတားတွင် နိုဝင်ဘာလ ၁၁ ရက်နေ့က ပါကေးငါးဆင်းတူးသည့် ငါးဦးမှာ အောက်ဆီဂျင်ပြတ်လပ်ခဲ့ပြီး ယင်းတို့အနက် နှစ်ဦးသေဆုံးခဲ့ရကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။ စက်ရုံတံတားရှိ လှေဝမ်းအတွင်းတွင် လှေသားတစ်ဦးက ပါကေးငါးများ ဆင်းတူးရာမှ...

ဘိန်းစာပင်များအား သုတေသနပြုခြင်းနှင့် မူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်မည်မဟုတ်

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးရွာတို့ရှိ ဘိန်းစာပင်များအားသုတေသန ပြုခြင်းနှင့် မူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်ခြင်း လုပ်ဆောင်မည်မဟုတ်ကြောင်းတနင်္သာရီမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၏ ကြယ်ပွင့်မပြမေးခွန်းအား သက်ဆိုင်ရာဝန်ကြီးဌာနတို့က ဖြေကြားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပြုလုပ်သည့် ဒုတိယအကြိမ်မြောက်...

ကျွန်းစုတွင် ကြိုတင်မဲပုံး ဖွင့်ဖောက်သူအား အမှုဖွင့်

မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ကျွဲခရံ ကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာတွင် နိုဝင်ဘာလ ၂ ရက်နေ့က ကြိုတင်မဲပုံးအား ဖွင့်ဖောက်ခဲ့သည့် ရွေးကောက်ပွဲ ရပ်/ကျေး ကော်မရှင်ဝင် အမျိုးသမီးအား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၉(င)ဖြင့် အမှုဖွင့်ထားကြောင်း သဇင်နယ်မြေရဲစခန်းထံမှ သိရသည်။

ကဒဲကဒွတ်ကျေးရွာ၏ မွန်းလွဲပိုင်း ရွေးကောက်ပွဲအခြေအနေ

ကျွန်းစုမြို့နယ်၊ ကဒဲကဒွတ်ကျေးရွာ၊ မဲရုံအမှတ်၂ ၌ မွန်းလွဲပိုင်းတွင် မဲလာပေးသူ မရှိသလောက် နည်းပါးသွားခဲ့သည်ကို တွေ့ရသည်။ အရိပ်များ မိုးပေးထားသော်လည်း နေအပူရှိန်ပြင်းလွန်းသည့်အတွက် မဲလာမပေးကြခြင်းဖြစ်သလို ယင်းမဲရုံတွင် မဲဆန္ဒရှင် ၃၁၇ ဦး ရှိသည့်အနက်မှ မနက်ပိုင်းမှာပင်...

လော့ဒေါင်းချခံထားရသည့် မိသားစုများအား ထမင်းဟင်း လာရောက်လှူဒါန်းပြီးနောက် လူ ၁၀၀ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်

မြိတ်မြို့ရှိ လော့ဒေါင်းချထားသည့် မိသားစုများသို့ တပ်မတော်ချစ်သူများ ဆိုသည့်အဖွဲ့မှ ထမင်းဟင်းများလာလှူပြီးနောက် လူ ၁၀၀ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ရကြောင်း ရပ်ကွက်နေသူများနှင့် ရာအိမ်မှူးထံမှ သိရသည်။ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စုရှိ ချမ်းမြေ့သာယာရပ်ကွက်နှင့် အင်းလေးမြိုင်(၃)ရပ်ကွက်ရှိ လော့ဒေါင်းချထားခြင်း...

မြိတ်အဝေးပြေးကားဝင်း အသစ်နှင့် လမ်း ခုနစ်လမ်း အသွားအလာကန့်သတ်

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ရပ်ကွက်ရှိ အဝေးပြေးကားဝင်းအသစ်နှင့် ရပ်ကွက်အတွင်းရှိ လမ်းခုနစ်လမ်းတို့အား အောက်တိုဘာလ ၂၇ ရက်နေ့က အသွားအလာကန့်သတ်လိုက်ကြောင်း မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။ အဝေးပြေးကားဝင်းအသစ်ရှိ ကားဂိတ် ဝန်ထမ်းတစ်ဦးတွင် ရောဂါပိုးတွေ့ ရှိခဲ့ရခြင်းကြောင့်...

COVID-19 တနင်္သာရီတိုင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၅၊ ညနေ ၆ နာရီ)

ကိုရိုနာစောင့်ကြည့်လူနာ ငါးဦးရှိ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ငါးဦးရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ မတ်လ ၂၅ ရက်နေ့အထိ ကော့သောင်းဆေးရုံတွင် ၂ ဦး၊ မြိတ်ဆေးရုံတွင်...
video

Dawei Watch TV/ မြိတ်မြို့တွင် သုံးဘီးယာဉ်များ သုံးဘီးယာဉ်များတွက်ခြေမကိုက်

မြိတ်မြို့ရှိ သုံးဘီးယာဉ်များပြားများလာခြင်းနှင့် ကိုရိုနာဗိုင်းရပ်ကြောင့် ခရီးသွားဧည့်သည်များ ဝင်ရောက်မှုနည်းပါးသည့်အတွက် သုံးဘီးအငှားယာဉ်များမှာ တစ်နေ့ကို ငါးထောင်ကျပ်မှတစ်သောင်းအထိသာ ရရှိနေကြသဖြင့် တွက်ခြေမကိုက်ဖြစ်နေကြကြောင်း သုံးဘီးအငှားယာဉ်မောင်းများက ပြောပြသည်။ သတင်းနှင့်ရိုက်ကူး - မြင့်မိုရ်(မြိတ်) Dawei Watch TV
video

Dawei Watch TV/ မြိတ်နည်းပညာတက္ကသိုလ်တွင် သနပ်ခါးကမ်ပိန်းပြုလုပ်

သနပ်ခါးကမ်ပိန်းမှာ မြန်မာ့ရိုးရာ အစစ်မှန်ဖြစ်တဲ့ သနပ်ခါးကြောင်းတွေကိုရှင်းလင်းပြောကြားတာတွေရယ် ကျောင်းသူ/သားတွေကသနပ်ခါးတွေလိမ်းချယ်ပြီး သနပ်ခါးအစ မြန်မာက၊ သနပ်ခါးဟာ ဘယ်သူ့မူပိုင်လဲ၊ လာပါသူငယ်ချင်း သနပ်ခါးလိမ်းရအောင် စတဲ့ ပိုစတာတွေကိုင်ဆောင်ပြီးတော့ ဓာတ်ပုံတွေရိုက်ကူးကာ လူမှုကွန်ရက်စာမျက်နာတွေပေါ်မှာ တင်ခြင်းတို့ပြုလုပ်ခဲ့ကြပါတယ်။ သတင်းနှင့်ရိုက်ကူး မြင့်မိုရ်(မြိတ်) Dawei Watch TV

တနင်္သာရီ ICE အမှု ဖခင်ကို မမိ၍ သမီးဖြစ်သူကို ဖမ်းခြင်းမဟုတ်ဟုဆို

တနင်္သာရီမြို့နယ်တွင် ဖမ်းမိသည့် ICE မူးယစ်ဆေးအမှုတွင် ဖခင်ကို မဖမ်းမိ၍ သမီးဖြစ်သူကို ဖမ်းဆီးခဲ့ခြင်း မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီး စိန်ဝင်းက ပြောသည်။ ဒီဇင်ဘာလ ၂၃ ရက်က တနင်္သာရီ မြို့နယ် သိန်းခွန်းကျေးရွာအုပ်စု၊ ချောင်းလမု ကျေးရွာရှိ နေအိမ်တစ်လုံးကို...