24.2 C
Dawei
Monday, August 8, 2022
Home Tags မြန်မာ

Tag: မြန်မာ

မြန်မာတွင် အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နှင့် BA.5 တွေ့ရှိဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

ကိုဗစ်ရောဂါ မျိုးကွဲတစ်ခုဖြစ်သည့် အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နှင့် BA.5 ကူးစက်ခံထားရသူ ခြောက်ဦး တွေ့ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ကိုဗစ်ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ်...

မြန်မာ ၁၆ဦး ထိုင်းကျွန်းပေါ်တွင် သုံးရက်ကြာ စွန့်ပစ်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း လူမနေသောကျွန်းပေါ်တွင် သုံးရက်ကြာ စွန့်ပစ်ခံထားရသော မြန်မာ ၁၆ ဦးကို ယနေ့ (ဇွန် ၂၂) တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းရှိ လူသူမရှိသော ကော့ကမ်းနူကျွန်းတွင် မြန်မာများသည်...

မြန်မာသို့ လက်နက်ရောင်းချသူအပါအဝင် လက်နက်မှောင်ခိုအဖွဲ့များကို ဖမ်းမိကြောင်း ထိုင်းရဲပြော

မြန်မာနိုင်ငံသို့ လက်နက်ရောင်းချနေသူအပါအဝင် လက်နက်မှောင်ခိုအဖွဲ့များကို ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၁၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံ မှုခင်းနှိမ်နှင်းရေးအဖွဲ့ (Crime Suppression Division) က ထုတ်ပြန်သည်။ ထိုင်းနိုင်ငံရှိ ခရိုင် ၅ ခုတွင်...

ထိုင်းက လွှဲပေးသည့် မြန်မာ ၂၇ဝခန့်တွင် မူးယစ်ဆေးအမှုဖြင့်ပြစ်ဒဏ်ကျခံခဲ့ရသူအများစုပါဝင်

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရရာမှ လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၉ ဦးကို ဇွန်လ ၇ ရက်နေ့တွင် ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါမြန်မာအလုပ်သမားများအနက် အမျိုးသား ၉၆ ဦးနှင့်...

ရဲကတ်များကို အရေးယူမည်ဆို၍ ထိုင်းရောက်အထောက်အထားမဲ့မြန်မာများ နေရေးအခက်ကြုံ

သက်ဆိုင်ရာ ဒေသရဲများက ငွေကြေးယူကာ ထုတ်ပေးသည့် ရဲကတ်များကိစ္စ ကိုင်တွယ်အရေးယူတော့မည်ဟု ထိုင်းအာဏာပိုင်များက ပြောကြားပြီးနောက် အထောက်အထားမဲ့ နေထိုင်နေရသော မြန်မာများ အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ အလုပ်အကိုင် ရှားပါးမှုနှင့် ပြည်တွင်းရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံသား အများအပြား နယ်စပ်များကိုဖြတ်၍...