Tag: မလေးရှား
မလေးရှားရောက်ပြီဟုဆိုကာ ရိုဟင်ဂျာ ၅၉ ဦးကို ထိုင်းကျွန်းတစ်ခုတွင် စွန့်ပစ်ထား
မလေးရှားရောက်ပြီဟုဆိုပြီး ထိုင်းနိုင်ငံရှိ ကျွန်းတစ်ကျွန်းတွင် ရိုဟင်ဂျာ ၅၉ ဦးကို လာရောက်စွန့်ပစ်ထားသည်ကို ထိုင်းအာဏာပိုင်များက ဇွန်လ ၄ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း Bangkok Post ကသတင်းဖော်ပြသည်။
ရိုဟင်ဂျာ ၅၉ ဦးတွင် အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၂၃ ဦး နှင့် ကလေး ၅ ဦးတို့ပါဝင်ပြီး ထိုင်း-မလေးရှား နယ်စပ်ရှိ ထိုင်းနိုင်ငံပိုင် ကော့ဒွန်းကျွန်းပေါ်တွင် စွန့်ပစ်ထားခဲ့ခြင်းဖြစ်ပြီး သတင်းပေးချက်အရ စနေနေ့တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် ၎င်းတို့ကို အစားအစာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပါဝင်သော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးမည်ဖြစ်ပြီး ၎င်းတို့သည် လူကုန်ကူးခံရခြင်းလည်းဖြစ်နိုင်သည်ဟု ထိုင်းအာဏာပိုင်များက ယူဆနေကြသည်။
ရိုဟင်ဂျာများသည် ယခုလက်ရှိအခြေအနေကို သူတို့ကိုယ်တိုင်နားမလည်ဖြစ်နေပြီး သူတို့ ယင်းကျွန်းတွင် ဘာကြောင့် ဆင်းနေခဲ့သည်ကိုလည်း နားမလည်ဖြစ်နေကြောင်းဆိုသည်ဟု ထိုင်းအာဏာပိုင်များကပြောသည်။
ရိုဟင်ဂျာများကို မေးမြန်းသောအခါ သူတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေဖြင့် လာခြင်းဖြစ်ပြီး မလေးရှားသို့ ဦးတည်သွားရန်ရည်ရွယ်ထားသည်ဟု ဆိုသည်။
မလေးရှားသို့ တရားမဝင်သွားမည့် မြန်မာ ၁၇ဦး ထိုင်းတွင် အဖမ်းခံရ
မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်ရန် စက်လှေဖြင့် ထိုင်းနိုင်ငံ ရနောင်းခရိုင်သို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ဦးကို ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုသည်။
မြန်မာအလုပ်သမား ၁၇ ဦးနှင့် ထိုင်းလူမျိုး လမ်းပြသုံးဦးတို့သည် ရနောင်းခရိုင် ပါ့က်နမ်ဒေသ...